သဝန်တိုခြင်းအတတ်ပညာ

သဝန်တိုခြင်းအတတ်ပညာ google

ဘယ်သူမဆိုကိုယ်ချစ်တဲ့ချစ်သူကိုတခြားသူစိမ်းတွေနဲ့လိုက်ပီးသဝန်တိုလေ့ရှိတာဟာသဘာဝမို့လို့အပြစ်လို့ဆိုလို့မရပါဘူးနော်။

 

ဒါပေမယ့်သဝန်တိုးနည်းမမှန်ရင်တကယ်ချစ်တဲ့သူတွေလည်းကွေကွင်းရတတ်တာမို့ တကယ်ချစ်ရင်

 

ဘယ်လိုမျိုးနည်းမှန်လမ်းမှန်နဲ့သဝန်တိုကြမလဲဆိုတာကို Myanmar Wedding Guide ကဝေပေးလိုက်ပါတယ်နော်။

 

အကြောင်းအရင်းမခိုင်လုံဘဲမြင်မြင်သမျှနဲ့သဝန်တိုတာဟာကိုယ့်ရဲ့ချစ်သူကိုမယုံကြည်ရာကျသလိုသူ့ရဲ့ကိုယ်ကျင့်သိက္ခာကိုမလေးစားရာကျပါတယ်နော်။

 

သဝန်တိုပြီဆိုလည်းအတတ်နိုင်ဆုံးအတ္တကိုလျှော့ချထားပါနော်။သူပြောတာကိုအရင်ဆုံးအောင်နားထောင်ပါ။

 

သူ့ပြောပြတာအကျိုးအကြောင်းခိုင်လုံရင်၊နည်းလမ်းကျရင်သူ့ကိုအခွင့်အရေးပေးပါ။

 

ပြီးရင်ကိုယ်ကဘယ်လိုအခြေအနေမျိုးတွေမှာသဝန်တိုတတ်တယ်၊ဘယ်လိုလူမျိုးတွေနဲ့ဆိုရင်တော့သဝန်တိုတတ်တယ်စသဖြင့်အသေးစိတ်အချက်အလက်လေးတွေကိုပြောပြထားပါ။

 

တကယ်လို့သဝန်တွေတိုရတဲ့ပြသနာကိုရင်ဆိုင်ရပြီဆိုလည်းဘေးလူတွေအမြင်ကိုခဏဘေးဖယ်ထားပြီးနှစ်ယောက်တည်းပွင့်ပွင့်လင်းလင်းဖြေရှင်းပါ။

 

အပြန်အလှန်ဆွေးနွေးပါ။တော်ရုံကိစ္စလောက်နဲ့ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေကိုမဖြတ်တောက်မိပါစေနဲ့။

 

ကဲ အားလုံးပဲ မှန်မှန်ကန်ကန်သဝန်တိုတတ်ကြပါစေနော်။

 

 

Zawgyi ဖြင့်ဖတ်ရန်...

 


 


 


 

j rs

 


 


 


 

j rs3

 


 


 

j rs2

 


 


 


 

Myanmar Wedding Guide


3

Read times Last modified on Monday, 24 February 2020 16:38
Rate this item
(1 Vote)
Tagged under