လင်၊ မယားအဖြစ်မှပြတ်စဲခြင်း အပိုင်း(၁)

လင်၊ မယားအဖြစ်မှပြတ်စဲခြင်း အပိုင်း(၁) Google

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယား ပြတ်စဲရန် အကြောင်းသုံးမျိုးရှိသည်။


(က) နှစ်ဦးသဘောတူကွာရှင်းခြင်း။

(ခ) လင်ဖြစ်သူ ရဟန်းပြုခြင်းနှင့်

(ဂ)အိမ်ထောင်ရေးပြစ်မူကြောင့် ကွာရှင်းခြင်းတို့ ဖြစ်သည်။

 

ဒီနေ့တော့ မင်မင်က နှစ်ဦးသဘောတူကွာရှင်းခြင်း အကြောင်းကို ဖော်ပြပေးမှာပါ။

(က) နှစ်ဦးသဘောတူကွာရှင်းခြင်း

မြန်မာဗုဒ္ဓ ဘာသာဝင်များသည် 

▪️လင်မယားအဖြစ် ပေါင်းသင်းရာ၌လည်းကောင်း၊

▪️လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲရာ၌လည်း‌ကောင်း၊

အခြားဘာသာဝင်များကဲ့သို့ ဘာသာရေးအတားအဆီး၊ ဥပဒေအတားအဆီးမရှိဘဲ နှစ်ဦးသဘောတူညီလျှင် လွယ်ကူစွာ ကွာရှင်းပြတ်စဲနိုင်သည်။

 

လင်ခန်း၊ မယားခန်းဖြစ်ခြင်းနှင့် ပျက်ခြင်းတို့သည် ထိုကာယကံရှင်နှစ်ဦးတို့၏ လွတ်လပ်သော ကတိပဋိညာဉ်အပေါ်တွင်သာ မှီတည်နေသည်။ နှစ်ဦးသဘောတူညီလျှင် အချိန်မရွေး လွယ်ကူစွာ ပေါင်းသင်းနိုင်သည်၊ ကွာရှင်းနိုင်သည်။ စာချုပ်စာတမ်းမလို။

ဘာသာရေးအခမ်အနားလည်း မလိုချေ။

 

အခြားဘာသာဝင်များနှင့် နိူင်းယှဉ်ကြည့်လျှင်

▪️(က)ဟိန္ဒူဘာသာဝင်များသည် ပေါင်းသင်းပြီးနောက် ကွာရှင်းခွင့်မရှိ။ လင်သေလျှင် လင်သင်္ဂြိုဟ်သည့်မီးပုံထဲသို့ မယားပါ ခုန်ချသေခဲ့ရဖူးသည်။

▪️(ခ)ခရစ်ယာန်များသည် နှစ်ဦး သဘောတူညီသော်လည်း ကွာခွင့်မရ။ တရားရုံး၌ တရားစွဲဆိုရသည်။ သို့မှသာ ခွဲနေခွင့်၊ ကွာခွင့်ရနိုင်သည်။

▪️(ဂ)မဟာမေဒင်တို့၌ လင်ကမယားကို အကြောင်းမဲ့တစ်ဖက်သတ် ကွာနိုင်သည်။ ထိုကွာထားသည့် မယားကို လင်ကတိုက်ရိုက် ပြန်ယူ၍မရချေ။ ထိုမိန်းမက ယောက်ျားတစ်ဦးနှင့် ကြားခံယူပြီးမှ ပြန်ယူခွင့်ရှိသည်။

▪️(ဃ) မြန်မာဗုဒ္ဓဘာသာဝင်တို့သည် အကြောင်းမဲ့၊ တစ်ဖက်သတ် ကွာရှင်းခွင့်မရှိချေ။ ကွာရှင်းလိုသူသည် မိမိ၏ဝေစုအားလုံး အဆုံးရူံးခံပါမည်။ ထိုမိန်းမကို လျော်ကြေးလည်း ပေးပါမည်။ သားသမီးများကိုလည်း စရိတ်ထောက်ပံ့ပါမည် ဆိုသော်လည်း ထိုမိန်းမ သဘောမတူလျှင် မည်သို့မျှ ကွာရှင်းခွင့်မရနိုင်။

 

အခုဖော်ပြပေးခဲ့တာကတော့ နှစ်ဦးသဘောတူကွာရှင်းခြင်း ပဲ ဖြစ်ပါတယ်။ နောက်နေ့တွေမှာလဲ အပိုင်း(၂)နဲ့ အပိုင်း(၃)ကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်လို့ Myanmar Wedding Guide FaceBook Page ကို Like & Follow လုပ်ပေးထားပါအုံးနော်။

 

Myanmar Wedding Guide


Crd: Zaw Win

Read times
Rate this item
(0 votes)