ချစ်သူအပေါ်လွှမ်းမိုးခြယ်လှယ်တတ်တဲ့ယောက်ျားဆိုတာဘယ်လိုမျိုးလဲ

ချစ်သူအပေါ်လွှမ်းမိုးခြယ်လှယ်တတ်တဲ့ယောက်ျားဆိုတာဘယ်လိုမျိုးလဲ google.com

တွဲနေတဲ့ကိုယ့်ရဲ့ချစ်သူကကိုယ့်အပေါ်မှာအရမ်းကိုလွှမ်းမိုးခြယ်လှယ်လွန်းနေတယ်လို့ တဖြည်းဖြည်းခံစားနေရပြီလား။

တစ်ချို့လူတွေက အကြောင်းအရင်းရယ်လို့ သူ့မှာပြစရာအထူးအထွေမရှိပဲ လူတစ်ဖက်သားအပေါ်စိုးမိုးချုပ်ကိုင် ခြယ်လှယ်ချင်တဲ့ဗီဇရှိနေပါတယ်။ သူတို့ကသာအမြဲနံပါတ်တစ်ဖြစ်ချင်၊ ဆုံးဖြတ်ချက်ချတဲ့သူတွေက သူတို့သာဖြစ်နေချင်တဲ့စိတ်မျိုးပါ။ ဒီလိုစိတ်ပိုင်ရှင်တွေဟာနောက်ဆုံး သူတို့ရဲ့ Relationship မှာပါ အဲ့လိုစိတ်မျိုးနဲ့ ချုပ်ကိုင်ခြယ်လှယ် လာတတ်ပါတယ်။ ဒါပေမယ့် ဒီလိုအပြုအမူကို သူနဲ့ပတ်သက်နေတဲ့တစ်ဖက်လူက တစ်သက်လုံးရေရှည်နားလည်သည်းခံပေးဖို့ဆိုတာကတော့ အရမ်းကိုခက်ခဲပါတယ်။ ဒီလူကိုယ့်အပေါ် ချုပ်ကိုင်လွှမ်းမိုးခြယ်လှယ်နေတာဟုတ်၊ မဟုတ် သေချာသိချင်ရင်တော့ အောက်ကအချက်တွေနဲ့တိုက်ကြည့်နိုင်ပါတယ်။

 

တစ်ချိန်လုံး စိတ်အလိုမကျ၊ မကျေမနပ်ဖြစ်နေတာ

တစ်စုံတစ်ယောက်ရဲ့မကျေနပ်မှုတွေ၊ စိတ်အလိုမကျမှုတွေကို တစ်ချိန်လုံးသူ့စိတ်တိုင်းကျလိုက်ဖြည့်ဆည်းပေးနေဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ သင့်ရဲ့ချစ်သူဟာ သင်နဲ့ပတ်သက်ပြီးအသေးအဖွဲလေးကအစ တစ်ချိန်လုံးတောက်လျောက် စိတ်အလို မကျဖြစ်နေပြီလား။ ဟိုဟာဝတ်ရင်ဝတ်ပြန်ပြီ။ ဒီဟာစားရင်စားပြန်ပြီ။ တစ်ချိန်လုံး တောက်လျောက်လိုက်ပြောနေတာ၊ သင့်သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး သူ့စိတ်အလိုမကျတာ၊ သင့်ရဲ့ဖက်ရှင်၊ မိတ်ကပ်၊ အပြောအဆိုတွေက အစ တစ်ချိန်လုံးလိုက်ပြီးပြောနေမယ်ဆိုရင်တော့ ဒါဟာသင့်အပေါ် လွှမ်းမိုးခြယ်လှယ်ဖို့ကြိုးစားနေတာလို့ပြောလို့ရပါတယ်။ အစပိုင်းမှာတော့ ဒါဟာသူငါ့ကိုဂရုအရမ်းစိုက်လို့ အခုလိုအသေးစိတ်က အစလိုက်ပြောနေတယ်လို့ ထင်ကောင်း ထင်မိနေပေမယ့် တကယ်က ဒါဟာသူ့ရဲ့တစ်ကိုယ်ကောင်းဆန်စိတ်၊ သူများအပေါ်လွှမ်းမိုးလိုစိတ်ကြောင့် အခုလိုတွေလိုက်ပြောနေတာပါ။

 

မသိမသာလေးနဲ့ ဆန့်ကျင်နေတာ

ဒါကတော့ သိသိသာသာနည်းလမ်းမျိုးနဲ့ကိုယ့်အပေါ်ချုပ်ကိုင်ဖို့ ကြိုးစားနေတာမဟုတ်ပဲ အပျော့ဆွဲနည်းလမ်းနဲ့ ချုပ်ကိုင်ဖို့ကြိုးစားနေတာမျိုးပါ။ " ဒါမလုပ်ရဘူး၊ ဒီမသွားရဘူး " လို့ တိုက်ရိုက်အမိန့်ပေးတာမျိုး မဟုတ်ပဲ ကိုယ့်ရဲ့စိတ်ကို အပျော့ဆွဲနဲ့ သူလိုရာပုံသွင်းပြီးကြိုးကိုင်နေတာမျိုးပါ။ ဥပမာ-ကိုယ်ကသူငယ်ချင်းတွေနဲ့ အတူအပြင်သွားဖို့ (သူ့ကို လည်း ပြောပြထားပြီးသား) လုပ်နေတဲ့ အချိန်မှာမှမျက်နှာငယ်လေးနဲ့လာပြီး ဒီနေ့ ကိုယ်နဲ့အပြင်သွားဖို့ သူကဘယ် လိုတွေပြင်ဆင်ထားတယ်ဆိုတာမျိုးကို ဖုန်းဆက်ပြီးပြောလာတာမျိုးပါ။ ဒီလိုမျိုးကိုယ်စီစဉ်ထားတဲ့အရာတွေတိုင်းလိုလိုမှာ သူ့ဘက်က အမြဲတမ်းအကြောင်းအရာတစ်ခုခုပေးပြီးဖျက်တာမျိုးတွေသိပ်များလာပြီဆိုရင်လည်း ဒါဟာ သင့်အပေါ် လွှမ်းမိုးခြယ်လှယ်ဖို့ ကြိုးစားလာတဲ့လက္ခဏာတစ်ခုပါ။ သူကြိုးဆွဲရာကမယ့်ရုပ်သေးရုပ်ဖြစ်အောင် အပျော့နည်းနဲ့သိမ်းသွင်းနေတာပါ။

 

အနိုင်ကျင့်တာ

ဒါကတော့လူတစ်ဖက်သားအပေါ် ချုပ်ကိုင်လွှမ်းမိုးခြယ်လှယ်ချင်တဲ့စိတ်တွေ အရမ်းကိုပြင်းထန်တဲ့သူမျိုးတွေသုံးတဲ့နည်းလမ်းပါ။ အနိုင်ကျင့်တယ်(Abuse)ဆိုတဲ့ နေရာမှာ နည်းလမ်းတွေအများကြီးရှိပါတယ်။ တစ်ချို့က ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ (လက်ပါတာ၊ ရိုက်နှက်တာမျိုးပါ)၊ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာ၊ စကားနဲ့အနိုင်ကျင့်တာ၊ စီးပွားရေး (သို့ ) ငွေရေးကြေးရေးကိုအသုံးချပြီး အနိုင်ကျင့်တာ၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်တာမျိုးပါ။ အဲ့ဒီအချက်တွေထဲက တစ်ချက်ချက်ကိုသုံးလာပြီဆိုရင်တော့ ဒါဟာသင့်အပေါ်မှာ အနိုင်ကျင့်လွှမ်းမိုးချင်နေတာပါ။ ဒီလိုအနေအထားနဲ့ကြုံလာရင်တော့ ပြန်ပြီးတွန်းလှန်ဖို့မကြောက်ပါနဲ့၊ မရှက်ပါနဲ့။ ကြောက်နေ၊ ရှက်နေမယ် ဆိုရင်တော့ ဒီလို Relationship မျိုးမှာ တစ်သက်လုံးပိတ်မိပြီး ရုန်းမထွက်နိုင်တဲ့ဘဝမျိုးကို ရောက်သွားပါလိမ့်မယ်။

 

ကိုယ့်လူတွေကို သူ့လူဖြစ်အောင်လုပ်ပစ်လိုက်တာ

ကိုယ့်သူငယ်ချင်းတွေနဲ့လုပ်ဖော်ကိုင်ဖက်တွေကို သူ့လူတွေဖြစ်အောင်လုပ်ပစ်လိုက်တာမျိုးပါ။ ဒီနေရာမှာတော့ အချက်()ချက် ရှိပါတယ်။ တကယ်ပဲကိုယ့်အပေါ်မှာ ချစ်လို့၊ ဂရုစိုက်လို့ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေတွေ၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို တရင်းတနှီးလိုက်ပေါင်းနေတာမျိုးလည်း ဖြစ်နိုင်သလို၊ ကိုယ့်အပေါ်မှာ သူ့ရဲ့သြဇာတွေညောင်းချင်လို့ ဒီလူတွေကို သူ့လူဖြစ်အောင်သိမ်းသွင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့ အရာမှန်သမျှကို သူမသိတာမရှိအောင်လုပ်ပြီး လွှမ်းမိုးဖို့ ကြိုးစားချင်တဲ့အခါ သုံးတဲ့နည်းလမ်းမျိုးပါ။

 

တစ်ယောက်တည်း ဖြစ်ကျန်ခဲ့အောင်လုပ်တာ

ဒါကတော့ ကိုယ့်ပတ်ဝန်းကျင်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်ဖြတ်ခိုင်းပြီး သင်တစ်ယောက်တည်းဖြစ်ကျန်ခဲ့အောင်လုပ်တာမျိုးပါ။ သူငယ်ချင်းတွေနဲ့သွားလာတာမျိုးကိုပိတ်ပင်ပြီး ကြာလာတော့ သင်ဟာပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းနဲ့ အဆက်ပြတ်၊ တစ်ကိုယ်တည်းကျန်ခဲ့ပြီး သူကလွဲပြီးတခြားမှီခိုစရာ၊ ပေါင်းသင်းစရာလူမရှိတော့တဲ့အခြေအနေမျိုးဖြစ်အောင်လုပ်လိုက်တာမျိုးပါ။

 

သဝန်တိုတာ

" ချစ်သူက တစ်ချိန်လုံးသဝန်တိုနေတယ်၊ ဟိုလူနဲ့လည်း စိတ်မချ၊ ဒီလူနဲ့လည်း စိတ်မချ " ဆိုတဲ့ စကားမျိုး ကိုမကြာခဏကြားနေရပါတယ်။ တစ်ခါတလေကျတော့လည်း အရမ်းချစ်လို့သဝန်တိုနေတယ်ဆိုတာမျိုး မဟုတ်ပဲ ဒါဟာသင့် အပေါ်ချုပ်ကိုင်လွှမ်းမိုးဖို့ ကြိုးစားနေတာမျိုးလည်းဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကိုတော့မမေ့စေချင်ပါဘူး။ " ငါ မပါပဲ ဘယ် မှမသွားပါနဲ့၊ စိတ်မချလို့၊ ဒီလူနဲ့နင်နဲ့စကားပြောတာမြင်ရရင် ငါတော့ရူးမှာပါ " အစရှိတဲ့ စကားတွေအသုံးချ၊ သဝန် တိုတယ်ဆိုတဲ့ခေါင်းစဉ်အောက်နေ သင့်အပေါ်လွှမ်းမိုးချုပ်ကိုင်ပြီး ရုပ်သေးရုပ်ဖြစ်အောင်သိမ်းသွင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

 

Source : Lovepanky

Myanmar Wedding Guide

Read times Last modified on Monday, 04 March 2019 16:24
Rate this item
(1 Vote)