သွေးအမျိုးစား နဲ့ ဘဝရေး ၊ အချစ်ရေး

သွေးအမျိုးစား နဲ့ ဘဝရေး  ၊ အချစ်ရေး google.com

သွေးအမျိုးစားသိတာနဲ့ ကျွန်မတို့ရဲ့ဘ၀ရေး အချစ်ရေးတွေကိုသိနိုင်ပါတယ်။

 

အိုသွေးပိုင်ရှင်များသည်

 

လွန်စွာပြင်းထန်စွာ တိကျသော ပျတ်သားသောသူများဖြစ်ကြပြီး ရည်မှန်းချက်ကြီးကာမဖြစ်မနေလုပ်ဆောင်တတ်ကြပြီး အားသွန်ခွန်စိုက် လုပ်ဆောင်တတ်သည်။အချစ်ရေးနှင့် ပတ်သတ်ပြီး မိမိကိုယ်ကို အချစ်ကြီးသည် အစွဲလမ်းကြီးသည်ဟုထင်တတ်ကြသော်လည်း အမှန်တကယ်အားဖြင့်မူ ထိုလောက်မဟုတ်ဘဲ ချစ်သူနှင့်ခွဲခွါရလျှင် မကြာခင်ပြေပျောက်သူများ ဖြစ်ပါတယ် ။

 

 

အေသွေးပိုင်ရှင်များ

 

စိတ်လှုပ်ရှားလွယ် စိတ်ထိခိုက်လွယ်သူများ ဖြစ်ကြပြီး ဝေဖန်ခံနိုင်ရည်လည်းအားနည်းပါတယ်။အချစ်ရေးနှင့်ပတ်သတ်ပြီး အချစ်ကြီးတတ်သူများလည်း ဖြစ်ပါတယ်။ တစ်ဦးကိုတစ်ဦးစွဲစွဲလမ်းလမ်းဖြစ်တတ်ကြပြီး ချစ်သူနှင့် ခွဲခွါခဲ့ရလျှင် အခြားသူများထက် ပို၍ခံစားရတတ်ပါတယ်။

 

 

ဘီသွေးပိုင်ရှင်များ

 

မိမိနေတတ်သလို စိတ်ချမ်းသာသလို နေထိုင်ပြုမူတတ်ပါတယ်။ အချုပ်အခြယ်မခံလိုပဲလွတ်လပ်စွာနေလိုစိတ် ပြင်းပြသူများဖြစ်ကြသလို ဖန်တီးနိုင်စွမ်း တီထွင်နိုင်စွမ်းလည်း ရှိကြပါတယ်။အချစ်ရေးနှင့် ပတ်သတ်ပြီး ရံဖန်ရံခါ အချစ်ကို ပေါ့ပေါ့စစ သဘောထားတတ်ကြသလိုမိမိကိုယ်ကိုသာ ပိုမိုခင်တွယ်ဦးစားပေးတတ်၍ ချစ်သူတို့ ငြီးငွေ့ခြင်းကို ခံရတတ်ပါတယ်။

 

 

အေဘီသွေးပိုင်ရှင်များ

 

အရာရာကို မျှမျှတတဝေဖန်ပိုင်းခြား ဆင်ခြင်တတ်ကြပြီး မိမိသဘောဆန္ဒသက်သက်ကိုမကြည်ပဲ အများရဲ့ဆန္ဒကို ဆောင်ရွက်တတ်ကြပါတယ်။အချစ်ရေးနှင့်ပတ်သတ်ပြီး စိတ်ကူးယဉ်အိပ်မက်မက်လွန်းသူများလည်း ဖြစ်ကြပါတယ်။အခြေအနေအမှန်နှင့် ကင်းကွာတတ်ကြပါတယ် ။ ဘ၀ပေး အခြေအနေ အချိန်အခါ ပတ်ဝန်းကျင်အရကွာခြားတတ်သည်သာ ခြားနားပါတယ် ။

 

 

Credit;maymaydim

Read times Last modified on Wednesday, 19 September 2018 09:53
Rate this item
(1 Vote)