News & Tips

Saturday, 08 April 2023 19:38

ဘာလို့ နောက်တစ်ယောက် မယူသေးတာလဲ

ဘာလို့ နောက်တစ်ယောက် မယူသေးတာလဲ
Sunday, 26 March 2023 17:43

စင်ကာပူမင်းသမီး Meixin က ကမ္ဘောဒီးယား တစ္ဆေက သူမကို လက်ထပ်ချင်ကြောင်း ယုံကြည်

စင်ကာပူမင်းသမီး Meixin က  ကမ္ဘောဒီးယား တစ္ဆေက သူမကို လက်ထပ်ချင်ကြောင်း ယုံကြည်
Friday, 03 February 2023 10:03

Valentine Day မှာ ခါတိုင်းနှစ်တွေလို ချောကလက်ပဲ ပေးဖို့ တွေးနေတုန်းလား?

မကြာခင် ရောက်ရှိလာတော့မယ့် Valentine Day မှာ ချစ်ရတဲ့သူအတွက် ဘာပေးဖို့စီစဉ်ထားလဲ? ချစ်သူများနေ့မှာ ကိုယ့်ချစ်သူလေးကို ချောကလက်တွေ အရုပ်တွေ ပန်းစည်းတွေပဲ ပေးနေမယ့်အစား ရိုးရိုးရှင်းရှင်းလေးနဲ့ အပြောင်းအလဲလေး ဖြစ်အောင် ဘယ်လိုအရာလေးတွေ ပေးလို့ရမလဲဆိုတာ ဖော်ပြပေးသွားပါမယ်။    ဒီလိုပြောလို့လည်း ချောကလက်ကို လုံးဝ မပေးခိုင်တာမျိုး မဟုတ်ပါဘူး။ ချောကလက်ကတော့ Valentine Day ရဲ့ Sign ဆိုတော့ ပေးဖြစ်အောင် ပေးရမှာပါ။ ချစ်သူမရှိသေးတဲ့ သူတွေကလည်း ကိုယ်ချစ်ရတဲ့ အဖေ၊ အမေ၊ ညီကို မောင်နှမတွေကိုလည်း ပေးလို့ ရပါတယ်။ ခုပြောပြပေးသွားမှာက Romantic လည်း ဆန်ရမယ်၊ ရီုးရိုးရှင်းရှင်းလည်း ဖြစ်ရမယ်၊ အသုံးလည်း ဝင်ရမယ်။ ပြီးတော့ တကူးတက ရှာစရာ မလိုအောင် ရနိုင်တဲ့ Online Shop တွေကိုလည်း ထည့်ပေးထားမှာမလို့ စာလေးကို အဆုံးထိဖတ်ပြီး အခုပဲ သွားရှာဝယ်လိုက်တော့နော်။   Handmade Gifts & Love letter   Handmade Gifts လို့ ကြားလိုက်ရထဲက ဘယ်လောက် Romance ဆန်လိုက်သလဲ။ ကိုယ့်ချစ်သူအတွက် အချစ်တွေ တပွေ့တပိုက်နဲ့ တယုတယ လုပ်ပေးနေရတယ် ဆိုတဲ့ ခံစားချက်လေးရယ် ကိုယ့်ရဲ့ နှလုံးသားထဲက စကားသံတွေကို ဖွင့်ဟပြနိုင်ဖို့ Love Letter လေး တစ်စောင်ရယ် ဆိုရင်ပဲ ပေးရတဲ့သူလည်း ရင်ခုန်ရသလို ဒီလို ထူးခြားတဲ့ လက်ဆောင်လေးကို လက်ခံရတဲ့သူလည်း ကြည်နူးနေမိမှာ အမှန်ပါပဲ။    Handmade Gifts & Loveletter လေးတွေကို ကိုယ်တိုင်လည်း လုပ်ပေးလို့ရသလို ကိုယ်တိုင်လုပ်ရမှာလည်း သိပ်မကျွမ်းဘူး၊ ဆန်းဆန်းပြားပြားလေး ဖြစ်အောင်လည်း ပေးချင်တယ် ဆိုတဲ့သူတွေအတွက် ရနိုင်မယ့် Online Shop လေးတွေရယ် ဘယ်လိုလေးတွေ Trend ဖြစ်ပြီး ပေးလို့ ရနိုင်မလဲဆိုတာကို အောက်မှာ ပုံနှင့်တကွ တခါထဲ ပြောပြပေးထားတဲ့အပြင်  Linkတွေလည်း ချထားပေးပါတယ်။                                                                                                                                                               KOE Trendyy   ဒီ OS လေးကတော့ တကယ့်ကို Romantic ဆန်ဆန် ပေးချင်တဲ့သူတွေအတွက် လုံးဝအသင့်တော်ဆုံးပါ။ Hand Painting လို ဆန်းဆန်းလေး တွေလည်း ရှိတယ်၊ Polaroid Photo case တွေ၊ Photo Album Keychain လိုတွေပါ ရှိတာမလို့ တော်တော်လေး စုံပါတယ်။ ကြိုက်တယ်ဆိုရင် Valentine Day အမှီသွားမှာဖို့ မမေ့နဲ့နော်။                                                                                                                 Your OAK    ဒီ Os လေးကလည်း Loveletter ပေးချင်တဲ့ သူတွေအတွက်ဆို အရမ်း Romance ဖြစ်ပါတယ်။ စာအိတ်အရောင်လေးကအစ ဆွေးဆွေးမြေ့မြေ့နဲ့ Retro ပုံစံဘက် သွားထားတာမလို့ တကယ့်ကို နှလုံးသားထဲက စကားသံတွေကို ဖွင့်ဟ ထုတ်ပြနိုင်ဖို့အတွက် အသင့်တော်ဆုံးပါပဲ။                                                                                            Htoo Handmade & Accessories Shop    ဒါလေးကတော့ ခုနောက်ပိုင်း ခေတ်စားလာပြီး အပေးလည်းများတဲ့ Photo Stand လေးတွေပဲ ဖြစ်ပါတယ်။ အမှတ်တရလည်း ဖြစ်သလို ဆန်းလည်းဆန်းပါတယ်။       Couple Cup    ဆင်တူခွက်လှလှလေးတွေကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ Romantic ဆန်ပါတယ်။ ခွက်လှလှလေးတွေ ပေးရခြင်း အဓိပ္ပာယ်ကတော့ ဘာရယ်ကြောင့်မှမဟုတ်ပဲ အရမ်းရိုးရှင်းပါတယ်။ ခွက်ပေါ်မှာ ကိုယ့်ချစ်သူနာမည်နဲ့ ကိုယ့်နာမည်လေးကို ထွင်းထားရင် ပိုလို့တောင် ပြည့်စုံသွားပါသေးတယ်။    မနက်ခင်း နိုးထလာတဲ့ အချိန်တိုင်းမှာ ကိုယ့်ချစ်သူ အမှတ်တရ ပေးထားတယ်ဆိုတဲ့ စိတ်လေးကြောင့် အပြုံးတွေနဲ့ ကော်ဖီသောက်နိုင်ဖို့ ပုံစံတူ ကော်ဖီခွက်လှလှလေး ပေးလိုက်ပြီး ကြည်နူးစရာအချိန်တွေ ဖန်တီးလိုက်ပါတော့နော်။ ကော်ဖီခွက်လှလှလေး တွေကတော့ ဝယ်ရလွယ်ပြီးဈေးလည်းမများပါဘူး။                                                                                    Pillows   ‌ခေါင်းအုံးလို့ ပြောလိုက်လို့ စိတ်ထဲအူကြောင်ကြောင်နိုင်တယ်လို့ မတွေးလိုက်ပါနဲ့ ။  Pillows ဆိုတာ ချစ်စရာ ခေါင်းအုံးအသေးလေးတွေကို ပြောတာပါ။ အဓိကက နေ့စဉ်လူနေမှုဘဝနဲ့လည်း လိုက်လျောညီထွေ ဖြစ်ပြီး အသုံးဝင်ရမယ်။ နေ့ရော ညရော ချစ်ရသူရဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရသလို နွေးထွေးမှုမျိုးကို ပေးနိုင်မယ့်အပြင် ခေါင်းအုံးလေး ကိုဖက်လိုက်တိုင်း ချစ်သူကို ဖက်ထားရသလို ခံစားမှုမျိုးကို ရမှာပါ။ Love Quote လေး တစ်ကြောင်းလောက် ခေါင်းအုံးပေါ်မှာ ရေးထိုးထားပြီး ပေးမယ်ဆိုရင်လည်း Romance ဆန်ဆန် ဖြစ်သွားစေမှာပါ။ ဒါကြောင့် စိတ်ကူးမမှားပါနဲ့နော်။                                                                                         Scented Candles     အနံ့အမျိုးမျိုးပါတဲ Candles လေးတွေ ပေးချင်းအားဖြင့်လည်း စိတ်က အမြဲလန်းဆန်းနေတဲ့အပြင် အေးချမ်းစေပါတယ်။ ဒါကတော့ ခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတဲ့အပြင် လူသုံးလည်း များပါတယ်။ Romance လည်း ဆန်သလို ချစ်သူရဲ့ ကိုယ်ငွေ့လေးကို ရနေသလို ခံစားမှုမျိုးကို အပြည့်အဝရမှာပါ။ Scented Candle တွေကတော့ ဈေးအစားစားရှိပြီး ဟိုး Luxury Brand တွေအထိ ရှိပါတယ်။ ဒီဟာလေးကိုလည်း ပေးကြည့်ဖို့ Recommend လုပ်ပါတယ်။                                                ကဲ…အခုပြောပြပေးသွားတာတွေကတော့ မကြာမီမှာ ရောက်ရှိလာတော့မယ့် Valentine Day မှာ ခါတိုင်းလိုမျိုး ချောကလက်တွေ ပန်းစည်းတွေပဲ ပေးနေတာထက် အပြောင်းအလဲလေး ဖြစ်သွားအောင် ရိုးရိုးရှင်းရှင်းလေးနဲ့ Romantic ဆန်စေမယ့် လက်ဆောင်တွေပဲ ဖြစ်ပါတယ်။ အဓိကကတော့ လက်ဆောင်က ဈေးကြီးမှရယ် မဟုတ်ပါဘူး၊ ဈေးနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ပေးလိုက်တဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေက စစ်မှန်နေဖို့ပါပဲ။     ++++++++++++++++++++++++++++++++++++++++++++++++++++
Thursday, 02 June 2022 15:38

ချစ်ခင်မြတ်နိုးစရာမောင်နှံစုံတွဲများအတွက် အဓိပ္ပာယ် ပြည့်ဝလှသည့် Partners for Life အစီအစဉ်အား Samsung မှ စတင်မိတ်ဆက်

  ချစ်ခင်မြတ်နိုးစရာမောင်နှံစုံတွဲများအတွက် အဓိပ္ပာယ် ပြည့်ဝလှသည့် Partners for Life အစီအစဉ်အား Samsung မှ စတင်မိတ်ဆက်
Tuesday, 28 December 2021 15:25

2022 အတွက် ကံကောင်းသောအရောင်များ

2022 အတွက် ကံကောင်းသောအရောင်များ(Chinese Zodiac for 2022 - Water Tiger) 2022 သည် ရေ-ကျားနှစ်ဖြစ်သည်။ တရုတ်နှစ်သစ်ကူးသည် 2022 ခုနှစ် ဖေဖော်ဝါရီလ 1 ရက်နေ့တွင် စတင်မည်ဖြစ်ပြီး 2023 ခုနှစ် ဖေဖော်ဝါရီလ 20 ရက်နေ့အထိဖြစ်သည်။ 2023 ခုနှစ် ဇန်နဝါရီလ 21 ရက်နေ့သည် ယုန်နက်နှစ်သည် စတင်မည့်အချိန်ဖြစ်သည်။   အကယ်၍ သင်သည် Feng Shui နှင့် Chinese New Year နှင့်သက်ဆိုင်သော New Years Lucky Colour 2022 ကိုရှာဖွေနေပါက အကောင်းဆုံးအရောင်များအဖြစ် အကြံပြုထားသည်မှာ အစိမ်း၊ အဝါ၊ အနီနှင့် အပြာတို့ဖြစ်ပါသည်။   အစိမ်းတရုတ်နိုင်ငံတွင် အစိမ်းရောင်သည် မွေးဖွားမှု၊ မျှတမှု၊ ညစ်ညမ်းမှုမှ သန့်စင်မှုအဖြစ် ပြောင်းလဲမှု၊ ကြီးထွားမှုနှင့် သဟဇာတဖြစ်မှု၊ သန့်ရှင်းစင်ကြယ်မှုကို ကိုယ်စားပြုသည်။ အစိမ်းရောင်က စိုးရိမ်ပူပန်မှုတွေကို ပြေလျော့စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။   အဝါရောင်တရုတ်နိုင်ငံတွင် အဝါရောင်သည် ကမ္ဘာမြေကို ကိုယ်စားပြုပြီး ဘုရင်မင်းမြတ်နှင့် အာဏာတို့နှင့် ဆက်စပ်နေလေ့ရှိသည်။ တရုတ်နိုင်ငံ၏ ပထမဆုံးဧကရာဇ်ကို အဝါရောင်ဧကရာဇ်ဟု လူသိများသည်။ ယနေ့ အဝါရောင်သည် ကြားနေမှုနှင့် ကံကောင်းခြင်းကို ကိုယ်စားပြုသည်။ အနီရောင်နဲ့ ပြီး တွေ့ရလေ့ရှိသည်။   အနီရောင်အနီရောင်သည် မီးကိုကိုယ်စားပြုပြီး တရုတ်နိုင်ငံတွင် လူကြိုက်အများဆုံးအရောင်ဖြစ်သည်။ ပျော်ရွှင်မှု၊ အလှတရား၊ တက်ကြွမှု၊ ကံကောင်းမှု၊ အောင်မြင်မှုနှင့် ကံကြမ္မာတို့ကို ကိုယ်စားပြုသည့် အမျိုးသားအရောင်လည်းဖြစ်သည်။ အနီရောင်ကို တရုတ်နိုင်ငံတွင် ပွဲတော်များနှင့် မင်္ဂလာပွဲများအပါအဝင် အရေးကြီးသောပွဲများတွင် အသုံးပြုသည်။ တရုတ်နှစ်သစ်ကူးမှာ ကံကောင်းခြင်းအတွက် ပိုက်ဆံပါတဲ့ စာအိတ်အနီများနှင့် ပေးလေ့ရှိသည်။   အပြာအပြာရောင်သည် အနာရောဂါပျောက်ကင်းခြင်း၊ ယုံကြည်ခြင်း၊ ငြိမ်သက်ခြင်းနှင့် အသက်တာရှည်ခြင်းတို့ကို ဆိုလိုသည်။ အပြာရောင်ကို နေအိမ်များ သက်တမ်းရှည်ကြာစွာနှင့် သဟဇာတဖြစ်စေရန်အတွက် အလှဆင်ရန် အပြာရောင်ကို အသုံးပြုကြသည်။   အဖြူရောင်နှင့် ရွှေရောင်များသည် Metal Yang ဒြပ်စင်ကို ကိုယ်စားပြုသည်။ ၎င်းတို့သည် 2022 ခုနှစ်တွင် ဒြပ်စင် 5 ခု၏ စွမ်းအင်စီးဆင်းမှု၏ ဟန်ချက်ညီသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ရေချို့တဲ့သူ တစ်ဦးချင်းစီသည် ကံဆိုးခြင်းမှ ကာကွယ်ရန် အဖြူရောင်နှင့် ရွှေကို အသုံးပြုသင့်သည်။
Friday, 13 August 2021 10:05

Jennifer Lopez စေ့စပ်လက်စွပ် ၅ ကွင်းရဲ့ အချစ်ဇာတ်လမ်းများ

JLo လို့ အတိုကောက်ဖြင့်လည်း သိကြတဲ့ Jennifer Lopez ဟာ ဟောလိဝုဒ်မှာ ကျင်လည်တဲ့ အဆိုတော် သရုပ်ဆောင်မင်းသမီး ဖြစ်ပြီး
Tuesday, 15 June 2021 14:35

စေ့စပ်ပွဲ မလုပ်ခင် သိထားရမယ့် အရာများ

စေ့စပ်ပွဲဆိုတာ မင်္ဂလာပွဲ မတိုင်ခင် အကြိုကျင်းပတဲ့ ပွဲတစ်ခု ဖြစ်တဲ့အပြင် မင်္ဂလာပွဲကို ပိုပြီး သေချာသွားစေဖို့ အသိအမှတ်ပြုတဲ့ သဘောမျိုး ဖြစ်တဲ့အတွက် စေ့စပ်ပွဲ မတိုင်ခင်မှာလည်း ကာယကံရှင်တွေ အနေနဲ့ ရှင်းရှင်းလင်းလင်း သိထားရမယ့် ကိစ္စတွေ ရှိပါတယ်။
Friday, 29 January 2021 13:48

Viu ၏ ပထမဦးဆုံးသော Original ဒရာမာဇာတ်လမ်းတွဲဖြစ်သည့် River Where the Moon Rises ထွက်ရှိ

Viu ၏ ပထမဦးဆုံးသော Original ဒရာမာဇာတ်လမ်းတွဲဖြစ်သည့် River Where the Moon Rises ထွက်ရှိ ဇာတ်ကားထဲတွင်K-drama အချစ်ဇာတ်လမ်း ကြယ်ပွင့်များဖြစ်သည့်
Tuesday, 26 January 2021 10:45

ဇနီးသည်၏မျက်နှာ အမြဲတမ်းပြုံးနေသည်ကိုသာ အလိုရှိသည့်အတွက်အလုပ်ကပြန်လာတိုင်း ကခုန်ပြီး အိမ်ပြန်လာတတ်သည့် အမျိုးသား

အိမ်ထောင်စုတစ်ခုတွင် ဇနီးသည်နှင့် ခင်ပွန်းဖြစ်သူတို့၏ အပြန်အလည်နားလည်မှုသည် အလွန်ပင်အရေးကြီးလှပေသည်။