ဘာလို့ နောက်တစ်ယောက် မယူသေးတာလဲ

ဘာလို့ နောက်တစ်ယောက် မယူသေးတာလဲ

ဘာလို့ နောက်တစ်ယောက် မယူသေးတာလဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ဗီယက်နမ်နိုင်ငံ Cau Giay ခရိုင်ရှိ အသက် ၃၀ နှစ်အရွယ် Hoa သည် လွန်ခဲ့သော ၄ နှစ်က သူမ လက်ထပ်ခဲ့စဉ်က ဝင်ငွေ မတည်မငြိမ်ဖြစ်နေခဲ့သည်။ သူမနှင့် သူမခင်ပွန်းနှစ်ဦးစလုံး အလုပ်အကိုင် အပြောင်းအလဲများ ရှိနေခဲ့သည်။

သူတို့ လင်မယားက ကလေးယူဖို့ အသင့် မဖြစ်သေးသဖြင့်  ကိုယ်ဝန်ဆောင်ဖို့ နှစ်အနည်းငယ်စောင့်ရန် ဆုံးဖြတ်ထားခဲ့ကြသည်။ 

သူတို့သည် အသက်ငယ်ရွယ်သေးပြီး မိသားစုတစ်ခုကို ပြုစုပျိုးထောင်ရန် ခိုင်မာသော အခြေခံအုတ်မြစ်ကို မထူထောင်ကြရသေးပါ။

သို့သော် နှစ်ဖက်မိသားစုက သူတို့၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြသည်။

 

များမကြာမီတွင် လူငယ်စုံတွဲသည် နှစ်ဖက်မိသားစုက ကလေးယူဖို့ ဖိအားပေးခြင်း ခံရသည်။ 

Hoa သည် ယခုအခါ လှပသော ၃ နှစ်အရွယ် သမီးလေး၏ မိခင် ဖြစ်နေပါပြီ။

အိမ်ထောင်သက် ပထမနှစ်ကို ပြန်အမှတ်ရသည့် အခါတိုင်း မကျေမနပ်ဖြစ်မိပြီး စိတ်မကောင်း ဖြစ်နေရဆဲ ဖြစ်သည်။

ထိုစဉ်တုန်းက Hoa ကို သူ့ခင်ပွန်း၏ ဖခင်က  နေ့တိုင်းလိုလို ဖုန်းဆက်သည်။ ခင်ပွန်း၏ မိခင်ကလည်း ဖုန်းပြောနေစဉ် ဝင်ပြောသည်။ ကလေးယူဖို့ နားချကြသည်။

"ငါတို့ ကလေးထိန်းပေးနိုင်တုန်း နင်တို့ ကျလးယူကြမှ ဖြစ်မယ်" ဟု ပြောလေ့ရှိသည်။

ခင်ပွန်းသည်ကိုလည်း တိုက်တွန်းသည်။

*နင်က တဦးတည်းသောသား၊ ငါတို့ မြေးချီချင်ပြီ"

Hoa ၏ မိဘနှစ်ပါးကလည်း တိုက်တွန်းသည်။ ယခု ကလေးမရလျှင် အမြုံမ ဖြစ်မည်ဟု အထင်ခံရလိမ့်မည်ဟု ဝိုင်းပြောကြသည်။

မိဘများသာမက ဆွေမျိုးများကလည်း ကလေးယူဖို့ ပြောကြသည်။ အိမ်နီးနားချင်းများကလည်း မေးခွန်း ထုတ်ကြသည်။ "ဘာလို့ ကိုယ်ဝန်မရသေးတာလဲ"

ထိုအခါ Hoa က သူမ အဆင်သင့်မဖြစ်သေးကြောင်းနှင့် သူမ၏မိသားစု၏အနာဂတ်အတွက် ပိုက်ဆံပိုစုချင်ကြောင်း ရှင်းပြရန်ကြိုးစားခဲ့သည်။ ထိုအခါ  မထင်မှတ်ထားသော တုံ့ပြန်မှုများကို ရရှိသည်။

"ဪ သည်းတို့ လင်မယားက မိဘ မဖြစ်ခင် သူဌေး အရင်ဖြစ်ချင်နေကြတာလား"

 

နောက်ဆုံးတွင် Hoa တို့ လင်မယား လက်မြောက် အရှုံးပေးလိုက်ကြပြီး ကလေးယူလိုက်ကြသည်

 

Hoa ကဲ့သို့သော ဖြစ်ရပ်များသည် ဗီယက်နမ်တွင် မရှားပါ။ အသက်ငယ်ရွယ်သူ အိမ်ထောင်ရှင် အမျိုးသမီးများ ကြုံကြရသည်။

 

အလယ်ပိုင်းပြည်နယ် Thanh Hoa မှ အသက် ၂၅ နှစ်အရွယ် Minh Hanh သည် လက်ထပ်ပြီး ၄ လအကြာတွင် ကိုယ်ဝန်ရသည်။ သူမ မိသားစုက လိုလားနေသည်ကို ဖြည့်ဆည်းပေးရသဖြင့် ကျေနပ်သည်။ 

သူတို့လင်မယား လက်မထပ်ရသေးခင် စေ့စပ်ကြောင်းလမ်းစဉ်ကတည်း ယောက္ခမ လင်မယားက မြေးချီချင်ပြီ။ လက်ထပ်ပြီးလျှင် အမြန်ဆုံး ကဘေးယူပါဟု အခိုင်အမာ ပြောကြားခဲ့သည်။"ငါတို့က သင်္ချိုင်းကုန်းမှာ ခြေတစ်ဖက် ချထားပြီးပြီ။ မသေခင် မြေးထိန်းချင်တယ်" ဟု ပြောကြားကြသည်။ ‌ခင်ပွန်း၏ မိခင်က ကဘေးရဖို့ တရုတ်တိုင်းရင်းဆေး တိုက်သည်။ 

သို့ဖြစ်ရာ မိသားစု အလိုကျ သူတို့လင်မယား ကလေးယူဖို့ ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ပထမ ၃ လ က‌ေလးမရ။ "ဘာလို့ ကိုယ်ဝန်မရသေးတာလဲ" ဟု အမေးခံရသည်။ ဘာပြန်ဖြေရမှန်းမသိ ဖြစ်နေခဲ့သည်။ ၄ လမြောက်ကျမှ ကိုယ်ဝန်ရသဖြင့် စိတ်အေးရသည်။

 

ဗီယက်နမ်တွင် သားသမီးရှိသူကို ကံကောင်းသည်ဟု မှတ်ယူပါသည်။ ကလေးမရှိသူများကို ကံဆိုးသဖြင့် ကလေးမရဟု ယူဆကြသည်။

Thu Huong (အသက် ၃၀ နှစ် ၊ Lang Son တွင် လက်ရှိနေထိုင်သူ) သည် သမီးဦးကိုရဖို့   လေးနှစ်ကြာ ကြိုးစားခဲ့ပြီးမှ ကိုယ်ဝန်ရခဲ့သည်။ 

 “ကျွန်မမှာ ကိုယ်ဝန်ရှိပြီလားလို့ တစ်ယောက်ယောက်က မေးတိုင်း ကျွန်မယောက္ခမက ကျွန်မနဲ့ ကျွန်မခင်ပွန်းက ကလေးယူဖို့ မစဉ်းစားဘူးဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားပါတယ်"

သူ့အိမ်နီးနားချင်းများ၊ ဆွေမျိုးများက "အိမ်ထောင်သက်က ကြာနေပြီ၊ ဘာလို့ ကိုယ်ဝန်မရသေးတာလဲ" လို့ အမြဲမေးကြသည်။

အချို့က ချိုးချိုးဖဲ့ဖဲ့ မေူကြသည်။ "နင့်မှာ ရောဂါအခံ ရှိနေတာလား" ထိုအခါ သူမ စိတ်ဓာတ်ကျသည်။

ကိုယ်ဝန်ရပြီးသောအခါကျမှ နားအေးသည်။ ယခုအခါ သူတိ့လင်မယား ငယ်ရွယ်သူများ မဟုတ်ကြတော့ချေ။ သမီးလေးမှာလည်း ကျောင်းစတက်သည့်အရွယ် ရောက်ခါနီးပြီး။

နှစ်ဘက်မိသားစုထံ အလည်အပတ်သွားသည့်အခါ ယခင်လို "ကလေး မရသေးဘူးလား" "ဘာလို့ ကလေးမရတာလဲ" မေးမြန်းခြင်း မခံရတော့ချေ။ သို့သော် မေးခွန်းအသစ်တစ်ခုက အသင့်စောင့်ကြိုနေသည်။ 

"နင်တို့က ဘာလို့ နောက်ကလေး ထပ်မယူကြသေးတာလဲ"

 

Source  VnExpress

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 08 April 2023 19:39
Rate this item
(0 votes)