မင်္ဂလာစရိတ်ကို ဘယ်လိုနည်းလမ်းတွေနဲ့စုကြမလဲ

မင်္ဂလာစရိတ်ကို ဘယ်လိုနည်းလမ်းတွေနဲ့စုကြမလဲ google.com

ကြည်နူးစရာကောင်းလှတဲ့မင်္ဂလာပွဲလေးဆင်နွှဲရဖို့အတွက်ဆို မင်္ဂလာစရိတ်ကအရေးအကြီးဆုံးပဲ မဟုတ်လား။

ကြည်နူးစရာ နှစ်ကိုယ်တူဘဝလေး ဖန်တီးဖို့ မင်္ဂလာစရိတ်စုဆောင်းနေတဲ့ စုံတွဲလေးတို့ရဲ့မင်္ဂလာစရိတ်တွေ အမြန်ဆုံးပြည့်သွားအောင်လို့ ဘယ်လိုနည်းလမ်းတွေနဲ့ပိုက်ဆံစုရမလဲဆိုတာပြောပြပေးချင်ပါတယ်။

 

သတ်မှတ်ထားတာထက်မလျော့ပါစေနဲ့

မင်္ဂလာဆောင်ဖို့ ပိုက်ဆံစုကြတဲ့အခါ စုနိုင်သလောက်စုမယ်ဆိုတာမျိုးမလုပ်ဘဲ တစ်လကိုဘယ်လောက်စုမယ်ဆိုတာမျိုး တိတိကျကျသတ်မှတ်ပြီး လစဉ်လတိုင်း အဲ့ဒီပမာဏထက် မလျော့နည်းစေဘဲစုပါ။ ကိုယ်သတ်မှတ်ထားတဲ့ ပမာဏထက်လုံးဝမလျော့နည်းအောင် သတိပြုဖို့အရေးကြီးပါတယ်နော်။

 

မင်္ဂလာရက်သတ်မှတ်ပါ

မင်္ဂလာစရိတ်ပြည့်တဲ့အချိန်ကျမှ မင်္ဂလာဆောင်မယ်ဆိုရင် ပိုက်ဆံစုတဲ့အခါ နှောင့်နှေးမှုတွေရှိနိုင်တဲ့အတွက် ဘယ်အချိန်မှာမင်္ဂလာဆောင်မယ်ဆိုပြီး ရက်ကိုသတ်မှတ်လိုက်ပါ။ အဲ့အချိန်ကာလအတွင်း သတ်မှတ်ထားတဲ့ မင်္ဂလာစရိတ်ပြည့်မီဖို့ တစ်လကို ငွေပမာဏဘယ်လောက်စုရမယ်ဆိုတာ ခန့်မှန်းခြေထွက်လာပါလိမ့်မယ်။ အဲ့ပမာဏအတိုင်း ကြိုးစားပြီးစုပါ။

 

ဘဏ်ထဲမှာစုပါ

အိမ်မှာပဲစုမယ်၊ ပိုက်ဆံအိတ်ထဲမှာစုမယ်ဆိုရင် ငွေက ကိုယ်လိုတဲ့အခါတွေမှာ အလွယ်တကူရနိုင်တဲ့အတွက် စုတာမမြဲနိုင်ပါဘူး။ ဒါကြောင့် ဘဏ်မှာငွေစုတာအကောင်းဆုံးပါပဲ။ စုတဲ့အခါ ATM ကဒ်နဲ့မချိတ်ဆက်ပါနဲ့။ စာရင်းသေ စုငွေစုပါ။

 

မလိုတာတွေအတွက်အပိုမခံပါနဲ့

ငွေစုရမှာ အရေးကြီးတဲ့နောက်တစ်ချက်က လက်ထဲမှာငွေရှိနေဖို့ပါ။ အဲ့ဒီအတွက်မလိုအပ်တာတွေကို ငွေကုန်ခံပြီးမဝယ်မိဖို့လိုပါတယ်။ မင်္ဂလာစရိတ်အတွက်စုဆောင်းနေတဲ့အချိန်မျိုးမှာ မသုံးမဖြစ်တဲ့ကိစ္စတွေအတွက်ကလွဲလို့ ငွေကုန်မခံဖို့ အရေးကြီးပါတယ်နော်။

 

Source : Marry

Myanmar Wedding Guide

 

Read times Last modified on Monday, 18 March 2019 09:50
Rate this item
(1 Vote)