ခင်ပွန်းကောင်းတွင် ရှိသင့်တဲ့အချက်များ

ခင်ပွန်းကောင်းတွင် ရှိသင့်တဲ့အချက်များ

ပြီးပြည့်စုံတဲ့ဘဝလက်တွဲဖော်ကို ရှာဖွေဖို့ဆိုတာ မလွယ်ကူပါဘူး။ အမျိုးသမီးတစ်ယောက်က ညီမ၊ အစ်မရှိတဲ့အမျိုးသားတစ်ယောက်ကို မရခင်မှာ နှစ်ကြိမ်စဉ်းစားပါလိမ့်မယ်။

 

တချို့က ယောက်မဒဏ်ကို ခံရမှာဆိုးလို့ ညီမ၊ အစ်မများတဲ့အမျိုးသားတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့အတွက် စဉ်းစားကြပါတယ်။ ယင်းကဲ့သို့ယောကျာ်းမျိုးက ခင်ပွန်းကောင်းဖြစ်နိုင်တယ်ပါတယ်။

 

ပျော်ပျော်နေတတ်ခြင်း


University of Ulster and De Monfort Universityမှ သုတေသနပညာရှင်တို့ရဲ့ လေ့လာစမ်းသပ်ချက်အရ ညီမတစ်ယောက်ရှိခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ညီမရှိတဲ့အမျိုးသားတစ်ယောက်က တစ်ခြားသူတွေထက် ပိုပြီးပျော်တတ်ပါတယ်။

 

စကားပြောကောင်းခြင်း
မိသားစုဝင်တွေထဲမှာ ညီမတွေက ပိုပြီး ပွင့်ပွင့်လင်းလင်းဆက်ဆံတတ်ကြပါတယ်။ ညီမတွေရှိတဲ့ အမျိုးသားက ပိုပြီး စကားပြောကောင်းတာကို တွေ့ရှိရပြီး စိတ်ခံစားမှုကို ဖုံးကွယ်မထားကြပါဘူး။ ကျွမ်းကျင်ပညာရှင်များအရ ဆက်ဆံပြောဆိုခြင်းက ကောင်းမွန်တဲ့Relationshipတစ်ခုကို တည်ဆောက်တဲ့အခါ အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။

 

နားလည်ပေးတတ်ခြင်း

ညီမတွေနဲ့ကြီးပြင်းခဲ့ရတဲ့ အမျိုးသားက အမျိုးသမီးတွေအပေါ် ပိုပြီး နားလည်ပေးတတ်ကြပါတယ်။ အမျိုးသမီးတစ်ယောက် ဘာလိုအပ်လဲဆိုတာကို မပြောပြဘဲနဲ့တောင် အချိန်တိုင်း နားလည်ကြပါတယ်။

 

နှစ်သိမ့်ကြင်နာပေးတတ်ခြင်း
ညီမတွေရှိတဲ့အမျိုးသားက အမျိုးသမီးတစ်ယောက်လိုအပ်တဲ့အခါတိုင်း တိုင်ပင်ဖော်တိုင်ပင်ဖက်၊ လမ်းပြအနေနဲ့ နေပေးကြပါတယ်။ လိုအပ်တဲ့အခါ ကာကွယ်ဂရုစိုက်သူတစ်ယောက်အဖြစ် ပြုမူပေးပါတယ်။ အမျိုးသမီးတစ်ယောက်ကို ဘယ်လို ပျော်ရွှင်အောင် လုပ်ရမလဲဆိုတာကို သိပါတယ်။

 

လေးစားတတ်ခြင်း
ညီမတွေရှိတဲ့အမျိုးသားတစ်ယောက်က အမျိုးသားတစ်ယောက်ဘာ လိုအပ်လဲဆိုတာ မသိဘဲနဲ့ ကြီးပြင်းလာတာမဟုတ်ပါဘူး။ ပိုပြီးအရေးကြီးဆုံးကတော့ လေးစားမှုရှိရှိနဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်လိုဆက်ဆံရမလဲဆိုတာပါပဲ။ သူမကို ဘယ်လိုနေရာပေးရလဲ၊ သူမ့ရှေ့ကနေ ဘယ်လိုမားမားမတ်မတ်ရပ်တည်ရမလဲဆိုတာကိုလဲ သိပါတယ်။

 

Read times
Rate this item
(0 votes)