နှစ်ပေါင်းများစွာ တွဲလာတဲ့ အတွဲတွေ ဘာကြောင့် ပြတ်သွားကြရတာလဲ?

နှစ်ပေါင်းများစွာ တွဲလာတဲ့ အတွဲတွေ ဘာကြောင့် ပြတ်သွားကြရတာလဲ? Google

အချစ်ခရီးတစ်ခုမှာ နှစ်ကြာလာလေလေ အချစ်တွေလျော့ပြီး သံယောဇဉ်တွေသာ တိုးလာတတ်ပါတယ်။

 

အဲဒါကဘာကြောင့်လဲလို့ မေးရင် ရင်ခုန်မှုတွေ လျော့သွားတတ်လို့ပါပဲ။ အချစ်ဆိုတဲ့ အရာဟာ ရင်ခုန်မှုကနေပဲ ပေါက်ဖွားလာတဲ့ အမျိုးပါ။ အတင်းအကြပ်ကြီး လုပ်ယူလို့လဲရတဲ့ အရာမဟုတ်ပါဘူး။ ဒါဆိုဘာလို့ နှစ်အကြာကြီးတွဲလာတဲ့လူတွေဟာ ဘာကြောင့် ပြတ်သွားတတ်လဲဆိုတဲ့ မင်မင်သိသလောက် မျှဝေပေးချင်ပါတယ်။

 

၁။ အရင်ခေတ် စုံတွဲတွေက ချစ်တဲ့ အကြောင်းဖွင့်ပြောပြီးရင် ချစ်သူရည်းစားဖြစ်ဖို့ ၃နှစ် ၃မိုး စောင့်ရတယ်လို့ပြောကြတယ်။ ဒီခေတ်မှာတော့ ချစ်တဲ့အကြောင်း ဖွင့်ပြောပြီးတာနဲ့ ၃နှစ်စောင့်စရာမလိုတော့ပါဘူး။ အချိန်တိုတို

အတွင်းမှာပဲ  ချစ်သူ၊ ရည်းစားတွေ ဖြစ်သွားတတ်ကြပါတယ်။ သေချာစဉ်းစားပြီးမှ လက်ခံတဲ့ အတွဲရှိသလို မစဉ်းစားပဲနဲ့ ဒီတိုင်းတွဲလိုက်ကြတဲ့ သူတွေလဲ ရှိပါတယ်။ အပျော်တွဲတဲ့ လူတွေ၊ ရေတိုတွဲတဲ့ လူတွေကတော့ ပြသနာမရှိပါဘူး။ ဒါပေမယ့် တွဲရင်းနဲ့ တစ်ကယ်ချစ်သွားတတ်ကြတဲ့ လူတွေမှာတော့ ပြသနာအကြီးကြီး ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအကြောင်းပေါင်းမှသိဆိုတဲ့ စကားလို ဘာမှမလေ့လာပဲ ဒီအတိုင်းချစ်ပြီးတွဲလိုက်တာဖြစ်တဲ့အတွက်ကြောင့် နောက်ပိုင်းကျမှ ကိုယ်မကြိုက်တဲ့အချက်တွေအကုန်လုံးဟာ ကိုယ့်ချစ်သူဆီမှာ ရှိနေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် relationship တစ်ခု စတော့မယ့်ဆိုရင် အနည်းဆုံး ၃ လမှ ၅ လအတွင်း တစ်ဖက်က ကိုယ်လက်တွဲမယ့်သူကို လေ့လာကြည့်တာ အကောင်းဆုံးပါပဲ။

 

၂။ အကြာကြီးတွဲတဲ့ စုံတွဲတွေမှာ နောက်ထပ်ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုက ပြောစရာစကားမရှိတာပါပဲ။ စတွဲတဲ့အချိန်မှာတော့ မနက်မိုးလင်းတာနဲ့ Morning သဲလေး၊ ညအိပ်တော့မယ်ဆို Good Night သဲလေး အစရှိသဖြင့်  စာတွ ပို့တတ်ကြသလို ပြောစရာစကားတွေကလည်း ၅ လကျော် ၆ လအထိ ပြောလို့ကို မကုန်ပါဘူး။ ဒါပေမယ့် ၁ နှစ်ကျာ်ပြီး ၂ နှစ်လောက်တွဲလာရင်ကိုပဲ ဘာမှပြောစရာမရှိတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဖုန်းဆက်ရင်တောင် ဘာပြောလို့ ပြောရမှန်းမသိတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ အကောင်းဆုံးကတော့ တက်နိုင်သမျှစတွဲကတည်းက စကားနည်းတာ အကောင်းဆုံးပါပဲ။ ပြီးတော့ ကြမ်းကျွံရင်နှုတ်လို့ရတယ် စကားကျွံရင်နှုတ်လို့မရဘူးဆိုတဲ့ စကားပုံကိုတော့ လူတိုင်းကြားဖူးကြမှာပါပဲ။

 

၃။ နောက်တစ်ခုကတော့ ကတိတစ်ခုကို လွယ်လွယ်မပေးမိပါစေနဲ့။ ကိုယ့်စိတ်ထဲမှာတော့ လက်တလော သူစိတ်ချမ်းသာအောင် ကတိကို လွယ်လွယ်ပေးလိုက်တတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူက ကိုယ့်ပေးတဲ့ကတိကို လွယ်လွယ်မမေ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကကိုယ့်ကို တစ်ကယ်ချစ်လို့ပါပဲ။ ဒီလိုကိုယ်က ကတိကိုအလွယ်တကူပေးလိုက်ပြီးနောက်ပိုင်းချိုးဖောက်မိလိုက်ရင် တစ်သက်လုံ မပြီးစီးနိုင်တော့သလို ကိုယ့်ကိုလည်း အယုံအကြည် မရှိတော့ပါဘူး။ နောက်ပိုင်း ကိုယ်တစ်ကယ်ကတိပေးဖို့ ဆုံးဖြတ်ပြီး ကတိပေးခဲ့ရင်လည်း အရင်ကလည်း ဒီလိုပေးပြီး ဖျက်ခဲ့တာပဲ မဟုတ်လားဆိုတဲ့ စကားအစပြုပြီး နှစ်ယောက်လုံး ပြတ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်တော့မှ ကတိတစ်ခုကို လွယ်လွယ်မပေးပါနဲ့။

 

၄။ စုံတွဲတစ်တွဲမှာ အရာရာတိုင်းကို Negative ဘက်က တွေးနေတဲ့ လူရှိရင် အဲဒီအတွဲက ပြတ်ဖို့ များပါတယ်။ ကိုယ်က ဘယ်လို အခြေအနေမှာမဆို အကောင်းဘက်က စဉ်းစားပြီးပြောသလောက် တစ်ဖက်မှာတော့ အရာရာတိုင်းကို Negative တွေးပြီး လိုက်ပြောနေရင် အင်မတန် စိတ်မောရပါတယ်။ ဒီလို Negative အတွေးတွေ ပြည့်နေတဲ့ လူတစ်ယောက်ဆိုရင်တော့ ကျိန်းသေတာ လုံးဝပြင်လို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုတွေးတောတတ်ပုံက သူ့ရဲ့ ပင်ကိုယ်ဗီဇ ဖြစ်နေလို့ပါပဲ။ ဒါ့ကြောင့် သည်းခံနိုင်တယ်ဆိုရင်တော့ ဆက်တွဲပါ။ သည်းမခံနိုင်ရင်တော့ ဘယ်လောက်ကြာကြာတွဲခဲ့ တွဲခဲ့ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။

 

၅။ နောက်ဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီးတွဲလာပြီး ဘာမှ ညှိနှိုင်းလို့မရတော့တဲ့ ကိစ္စတွေ ဖြစ်လာရင်လည်း ပြတ်တတ်ပါတယ်။ ဥပမာ- လက်မထပ်ပဲ ဒီအတိုင်းပဲ တစ်သက်လုံး တွဲချင်တယ်တို့၊ လက်ထပ်ပြီး ကလေးမယူချင်ဘူးတို့ဆိုတဲ့ ကိစ္စတွေပါ။ တစ်ချို့ကိစ္စတွေမှာ ကိုယ့်ဘက်ကလည်း လိုက်လျောနိုင်တယ်၊ လက်ခံနိုင်တယ်ဆိုရင်တော့ သေသေချာချာ အကျိုးအကြောင်း ရှင်းပြပြီး ပြန်တွဲဖို့ ကြိုးစားကြည့်ပါ။ ကိုယ်ကလည်း သူ့ကို တကယ်ချစ်တယ်ဆိုရင်ပေါ့။

 

ချစ်တဲ့သူတိုင်း အိုမင်းတဲ့အထိ လက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

 

 

Ref: Shwe Mon

Read times Last modified on Wednesday, 14 October 2020 14:25
Rate this item
(4 votes)