ကိုယ့်ချစ်သူကို နေ့တိုင်းပြောသင့်တဲ့အချက်များ

ကိုယ့်ချစ်သူကို နေ့တိုင်းပြောသင့်တဲ့အချက်များ Google

ကျောင်းနေစဉ်အရွယ်ကာလတုန်းကတော့ ချစ်သူနှစ်ဦး တွေ့ရမဲ့အချိန် ပိုများပါတယ်။

 

ကျောင်းပြီးအရွယ်ရောက်လို့ ကိုယ်စီလုပ်ငန်းခွင်ဝင်နေကြတဲ့ ချစ်သူနှစ်ဦးအတွက်တော့ အေးဆေးစကားပြောချိန်ဆိုတာ ညနေ ၆ နာရီနောက်ပိုင်းပဲဖြစ်ပါတယ်။ တစ်ခါတစ်ခါ မဆုံဖြစ်တဲ့အခါကျတော့လည်း ညအိပ်ခါနီး ဖုန်းပြောပါလိမ့်မယ်။ အဲဒီဖုန်းဆက်တဲ့

အချိန် အများဆုံးပြောဖြစ်ကြတာကတော့ ချစ်သူရေ မင်းအဆင်ပြေရဲ့လား ဆိုတဲ့ စကားကိုတော့ မပါမဖြစ်ပြောကြပါလိမ့်မယ်။ သူ့ကို ဘဝတစ်လျှောက်လုံး ရေရှည်လက်တွဲသွားဖို့ ရည်မှန်းထားတယ်ဆိုရင်တော့ အောက်ပါ စာသားတွေကို ပြောသင့်ပါတယ်။

 

ရည်မှန်းချက်များချမှတ်ခြင်း

ချစ်သူနှစ်ဦးစလုံး အလုပ်လုပ်နေကြပြီဆိုရင်တော့ တစ်ယောက်ဆီမှာ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ကိုယ်စီ ရှိကြမှာတော့ ဓမ္မတာပါပဲ။ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ တစ်ဦးနှင့်တစ်ဦး တိုင်ပင်

ဆွေးနွေးသင့်ပါတယ်။ နှစ်ဦးအတူ အလုပ်ကြိုးစားမယ်ဆိုရင် သံယောဇဉ်တွေလည်း ပိုပြီး ခိုင်မြဲလာပါလိမ့်မယ်။

 

အခက်အခဲများကျော်လွှားခြင်း

ချစ်သူနှစ်ဦးဟာ တစ်ဦး၏အခက်အခဲကို တစ်ဦး ရင်ဖွင့်ကြပြီး အဆင်မပြေတာတွေ ကြုံရတဲ့အခါ ကိုယ့်ချစ်သူအပြင် ဘယ်သူ့ကို ရင်ဖွင့်မလဲဆိုတဲ့ အပြန်အလှန် နှစ်သိမ့်အားပေးမှု ရှိကြတာလည်း ချစ်သူတို့ နေ့တိုင်းပြောသင့်တဲ့စကားထဲတွင် ပါဝင်ပါတယ်။

 

နေကောင်းရဲ့လား မေးမြန်းခြင်း

ချစ်သူတို့ နေ့တိုင်းပြောသင့်တဲ့စကားထဲတွင် တစ်ယောက်နှင့်တစ်ယောက် နေ့တိုင်းမတွေ့ရင်တောင်မှ ဖုန်းနဲ့ဆက်ပြီး နေကောင်းရဲ့လားလို့ မေးသင့်ပါတယ်။ ကိုယ့်ချစ်သူက ကွန်ပျူတာနဲ့အလုပ်လုပ်တဲ့သူဆိုရင် အညောင်းမိနေအုံးမယ်၊ အိပ်ရာစောစောဝင်ပါလို့

ကိုယ့်ချစ်သူကို ပြောသင့်ပါတယ်။ အမြဲတမ်း ကိုယ့်ချစ်သူရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးရင်တော့ သူ့အချစ်တွေပိုပြီး အချစ်ရေး မှာ အဆင်ပြေပါလိမ့်မယ်။

 

ကိုယ့်ချစ်သူအတွက်ပြောခြင်း

ချစ်သူတို့ နေ့တိုင်းပြောသင့်တဲ့စကားထဲတွင် ကိုယ့်ချစ်သူကို ချစ်တယ်လို့ ပြောဖို့အတွက် ဘယ်တော့မှ ဝန်မလေးဘဲ ချစ်တယ် လို့ပြောသင့်ပါတယ်။ ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားရတဲ့အတွက် ကိုယ့်မှာ ဘယ်လိုတောင် ကံကောင်းရသလဲဆိုတာကို သိသင့်ပါတယ်။

 

 

By Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under