မိန်းကလေးမို့ Crushကို ဖွင့်မပြောရတော့ဘူးလား

မိန်းကလေးမို့ Crushကို ဖွင့်မပြောရတော့ဘူးလား google

ချစ်တယ်ဆိုတဲ့ခံစားချက်က လူတိုင်းအပေါ်မှာဖြစ်နေတာတော့မဟုတ်ဘူးလေ။ကိုယ့်စိတ်နှလုံးသားက တကယ်ကြိုက်မှဖြစ်မှာမလား၊

 

ကိုယ်နှစ်သက်သဘောကျတဲ့သူက နှစ်အကြာကြီးနေမှပေါ်ချင်လည်း ပေါ်လာမှာပဲလေ။ဒီလိုမျိုး အဘက်ဘက်က တိုက်ဆိုင်မှုတွေ ဖြစ်မှ၊ မြှားနတ်မောင်က ကိုယ့်အနီးနားမှာ ကိုယ်ချစ်မိတဲ့သူကိုထားပေးထားမှသာချစ်မိမှာလေ။ကဲ ချစ်မိပြီပဲဆိုပါတော့ ကိုယ်က မိန်းကလေးမို့ ဖွင့်မပြောရဘူး၊ မိန်းကလေးဆိုတာ အိနြေ္ဒငဲ့ရမယ်ဆိုပြီး တိတ်တိတ်လေး Crush ရနေပေမယ့် ချစ်ရသူကို ကိုယ်ချစ်တာလေးသိအောင်တော့လုပ်ရမယ်နော်။ဒါမှ ဘဝကနေပျော်မယ်မလား။

 

ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ရမလဲဆိုတာပြောပြမယ်နော်။

 

Facebook Account ရှာအပ်ပါ

ခုခေတ်က ဘယ်သူဘယ်သွားတယ်၊ဘာလုပ်တယ်ဆိုတာ Fb ကနေ တဆင့်သိနိုင်တယ်မလား။သူ့ရဲ့ အကောင့်လေး မီးစိမ်းနေတာ မြင်ရရင်ကို ပျော်နေရပြီမလား။သူ ဘယ်သူနဲ့ သူငယ်ချင်းဖြစ်နေတယ်၊သူ့ရဲ့ နေပုံထိုင်ပုံလေးတွေလည်း မြင်နေရမှာပါ။နောက်တစ်ခုက ကိုယ် Crush နေတာ သူသိဖို့ Love react လေးတွေ၊ Haha ပေးတာမျိုးလေးတွေလုပ်ပါ။ဒီလိုမျိုးပေးတဲ့အခါမှာလည်း အကုန်လုံး Love ပေးနေတာမျိုး မလုပ်ပါနဲ့။အဲဒီလိုဆိုရင်လည်း သူကတော့အမြဲ love ပေးမှာပဲဆိုပြီး ခံစားချက်ပေါ့သွားနိုင်ပါတယ်။ကိုယ်ဘယ်လို react မျိုးပေးနိုင်မလဲဆိုတာ သူ့ဘက်က စိတ်ဝင်စားလာအောင်လုပ်ဆောင်ရမယ်နော်။

 

သူနဲ့ဆိုင်တဲ့ ခံစားချက်လေးတွေ

သူ့ကို ရည်ညွှန်းတဲ့ ခံစားချက်လေးတွေတင်ပါ။ဒါကတော့ ဖွင့်ပြောစရာမလိုဘဲ သူသိနိုင်မယ့်အကောင်းဆုံးနည်းလမ်းလေးပါပဲနော်။သူက ကော်ဖီကြိုက်တတ်တဲ့သူဆိုရင်လည်း ကိုယ်ကကော်ဖီပုံလေးတွေ တင်တာ ဒါမှမဟုတ် “သူ ကော်ဖီကြိုက်လို့ ကိုယ်တောင် ကိုယ်ကော်ဖီလိုက်သောက်နေမိတယ်” ဒါမျိုးလေးတွေပေါ့။ ဒီလိုဆိုရင် သူလည်းတဖြည်းဖြည်း သူ့ကိုရည်ရွယ်တယ်ဆိုတာသိလာမှာပါ။

 

အကြည့်ချင်းဆုံပါ

Crush နဲ့ အကြည့်ချင်းဆုံအောင် နေပါ။ဆုံအောင် ကြိုးစားရမှာက ကိုယ့်တာဝန်ပါနော်။မျက်ဝန်းလေးတွေကနေ တဆင့် စကားပြောပါ။ဘယ်ကဘယ်လိုစရမယ်ဆိုတာမသိရင် တည့်တည့်သာပထမဆုံးစိုက်ကြည့်လိုက်ပါ။သူပြန်ကြည့်မှ အကြည့်လွှဲပေါ့နော်။ဒီလိုဆိုရင် သူနည်းနည်းတော့စတင်ရိပ်မိလာမှာသေချာပါတယ်။

 

စကားပြောပါ

ချစ်တယ် ၊ ကြိုက်တယ်ဆိုတာမျိုး မဟုတ်ဘဲ ရင်းနှီးမှု ရအောင်အရင်ဆုံး ကြိုးစားရပါမယ်။အပြင်မှာ စကားမပြောရဲဘူးဆိုရင်တောင် အကြောင်း တစ်ခုခုရှာပြီး cb ကနေ ဆက်သွယ်ပါ။ဒါက အကောင်းဆုံး နည်းလမ်းပါပဲ။ စကားပြောတဲ့အခါမှာလည်း သူအရမ်းစိတ်ရှုပ်နေသလားဆိုတာသေချာလေး စုံစမ်းပါနော်။စိတ်ရှုပ်နေတဲ့အချိန် အလုပ်များနေတဲ့အချိန်မှာ စကားသွားမပြောမိဖို့တော့လိုပါတယ်နော်။

 

မိန်းကလေးတို့ရေ ကိုယ်ချစ်တဲ့သူ ကိုယ်ချစ်တာကို သိလာဖို့ အပေါ်ကနည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ပါနော်။ Crush က အမြန်ဆုံး ရိပ်မိလာမှာပါ။

 

Source : Marry

Read times Last modified on Thursday, 07 February 2019 15:58
Rate this item
(0 votes)
Tagged under