ချစ်သူကကိုယ့်ကို လိမ်နေပြီဆိုတာ သိနိုင်တဲ့အချက်များ

ချစ်သူကကိုယ့်ကို လိမ်နေပြီဆိုတာ သိနိုင်တဲ့အချက်များ google.com

ကိုယ့်ချစ်သူကို တကယ်ချစ်လို့ရှိရင် သူ့အတွက် ဘာပဲလုပ်ပေးရလုပ်ပေးရ သူဘာပဲပြောပြောခွင့်လွှတ် တတ်ကြပါတယ်။

ဒါပေမယ့် အချို့အရာတွေက ကိုယ့်ကို လိမ်နေပြီဆိုတာ သိတဲ့အတွက်ကြောင့် ခွင့်မလွှတ်နိုင်အောင်ဖြစ်တတ်ကြပါတယ်။

 

ယခုပြောနေတဲ့ပုံစံ တမျိုးပြောင်းလဲနေမယ်ဆိုရင် ကိုယ့်ကို လိမ်နေပြီဆိုတာ သိသင့်ပါတယ်။

 

ဒီလိုမှမဟုတ် သူ့ရဲ့အပြုအမူက ကိုယ့်အပေါ်မှာ ယခင်ကလိုမျိုးမဟုတ်ဘဲ ဒေါသထွက်ပြီး လေသံမာမာနဲ့ပြောနေပြီဆိုရင် ကိုယ့်ကို လိမ်နေပြီဆိုတာ သိသင့်ပါတယ်။

 

ကိုယ့်ချစ်သူက အရင်ကလိုမျိုး ကိုယ်မေးတာကို တန်းမဖြေဘဲ အချိန်တော်တော်ကြာမှဆိုရင် သို့မဟုတ် အဖြေကို ခက်ခက်ခဲခဲ သူဖြေနေရင်တော့ သူကိုယ့်ကို လိမ်နေပြီဆိုတာ သိသင့်ပါတယ်။

 

ဒီလိုမှမဟုတ်ဘဲ သူ ကိုယ်ပြောတဲ့စကားကို လမ်းကြောင်းလွှဲပြောခြင်း၊ တလွှဲပြောဆိုခြင်းတို့ ဆိုရင်လည်း သူ ကိုယ့်ကို လိမ်နေပြီဆို သတိထားလိုက်ပါ။

 

ကိုယ်ပြောတဲ့စကားတွေကိုလည်း ဂရုမစိုက်ဘဲ အသည်းအသန်ပြောမယ်ဆိုရင်လည်း သူ ကိုယ့်ကို လိမ်နေပြီဆို တာ သတိထားသင့်ပါတယ်။

 

စာဖတ်ပရိသတ်များ ကိုယ့်ချစ်သူကိုယ့်ကို လိမ်နေပြီဆိုတဲ့ပြဿနာကို ဖြေရှင်းကြပြီး နှစ်ဦးနားလည်မှုရအောင်လည်း ပြန်လည်ကြိုးစားသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:10
Rate this item
(1 Vote)