ချမ်းသာတယ်ဆိုတိုင်း စိတ်မဝင်စားတတ်တဲ့ အဖိုးတန်မိန်းကလေးတွေဆိုတာ ဒီလိုပါ

ချမ်းသာတယ်ဆိုတိုင်း စိတ်မဝင်စားတတ်တဲ့ အဖိုးတန်မိန်းကလေးတွေဆိုတာ ဒီလိုပါ google.com

ယောက်ျားလေးတွေ တော်တော်များများ ထင်တတ်ကြတာက မိန်းကလေးတွေဟာ ငွေမက်တယ်ဆိုတာပါပဲ။ တကယ်တော့ ဒီလိုအထင်တွေဟာ တန်ဖိုးရှိတဲ့မိန်းကလေးတွေနဲ့တော့ တက်တက်စင်အောင် လွဲနေပါတယ်။

ကိုယ့်ကိုယ်ကိုတန်ဖိုးထားပြီး ကိုယ်ကျင့်သိက္ခာနဲ့ပြည့်စုံတဲ့ မိန်းမကောင်းလေးတွေအတွက်ကတော့ ငွေဆိုတာ ဘဝမှာ ပထမမဟုတ်ပါဘူး။ ခုဖော်ပြပေးမှာကတော့ ယောက်ျားတစ်ယောက်ကို ချမ်းသာတယ်ဆိုတိုင်း စိတ်မဝင်စားတတ်တဲ့ မိန်းကလေးတွေအကြောင်းပဲဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဒီလိုမိန်းကလေးထဲမှာ ပါနေရင်တော့ အဖိုးတန်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။

 

 

() သူများပစ္စည်းအချောင်မလိုချင်ဘူး

 

တန်ဖိုးရှိတဲ့မိန်းကလေးတွေဆိုတာ ဘယ်ပစ္စည်းကိုမှ အလကား၊ အချောင်သက်သက် ရယူလိုစိတ်မရှိတဲ့သူတွေပါ။ ယောက်ျားတစ်ယောက်ဆီက ပိုက်ဆံကို ခြူစားပြီး သူများပိုက်ဆံတွေကို ကိုယ့်ပိုက်ဆံတွေလိုသုံးပြီး လူအထင်ကြီးအောင် လုပ်ရမှာကို အရမ်းရှက်ပြီး ဝန်လေးကြတဲ့သူတွေပါ။ သူများပစ္စည်း၊ သူများပိုက်ဆံကို အချောင်မလိုချင်တဲ့ မိန်းကလေးတစ်ယောက်အတွက် ယောက်ျားတစ်ယောက်ကို ချမ်းသာတယ်ဆိုတဲ့ ဂုဏ်တစ်ခုတည်းအတွက်နဲ့ တွဲမှာမဟုတ်ပါဘူး။

 

 

() ဂုဏ်သိက္ခာကိုအလေးထားတယ်

 

တန်ဖိုးရှိတဲ့မိန်းကလေးတွေဟာ ဂုဏ်သိက္ခာကို အရမ်းအလေးအနက်ထားကြတဲ့သူတွေပါ။ မိမိရဲ့ဂုဏ်သိက္ခာကို အလေးထားရုံမကပဲ၊ လက်တွဲဖော်ရဲ့ ဂုဏ်သိက္ခာကိုလည်း အလေးထားကြပါတယ်။ ဘယ်လောက်ပဲ ချမ်းသာပြီး ဘယ်လောက်ပဲတော်နေပါစေ လူပျိုလူလွတ်မဟုတ်တဲ့၊ ပိုင်ရှင်ရှိနေတဲ့၊ ကိုယ့်ကို အပျော်သက်သက် တွဲနေတဲ့သူတစ်ယောက်ကို ငွေတစ်မျက်နှာကြောင့်ပဲ ကြည်ဖြူနေမယ့်သူမျိုးတွေ မဟုတ်ပါဘူး။

 

 

() သူများမျက်နှာရိပ်ကဲကြည့်ပြီး အသက်မရှင်ချင်ဘူး

 

တန်ဖိုးရှိတဲ့မိန်းကလေးတွေဟာ ခေါ်တိုင်းလာ၊ ပေးတာယူ၊ ကျွေးတာစားပြီး ခိုင်းတာလုပ်၊ ဒါမျိုးတွေကို လုံးဝမကြိုက်ပါဘူး။ လူတစ်ယောက်ရဲ့ မျက်နှာရိပ်ကဲကိုပဲ တစ်ချိန်လုံးကြည့်ပြီး၊ လုပ်ချင်တာလည်း မလုပ်ရ၊ သွားချင်တာလည်း မသွားရ၊ ကိုယ့်ကိုယ်ကိုတောင် မပိုင်တဲ့ဘဝမျိုးကို လုံးဝမလိုချင်ကြပါဘူး။ ဒါကြောင့် တန်ဖိုးရှိပြီး အရည်အချင်းရှိတဲ့ မိန်းကလေးတွေဟာ ယောက်ျားတစ်ယောက်ကို ချမ်းသာတယ်ဆိုတဲ့ ဂုဏ်လေးတစ်ခုကြောင့်နဲ့ ရွေးချယ်မယ့်သူတွေ မဟုတ်ပါဘူး။

 

 

() ချစ်ခြင်းမေတ္တာကို အလေးထားတယ်

 

တန်ဖိုးရှိတဲ့မိန်းကလေးတွေဟာ ချစ်ခြင်းမေတ္တာကို အလေးထားကြပါတယ်။ လူတစ်ယောက်ဟာ ဘယ်လောက်ကြီးပဲ ငွေရှိနေပါစေ၊ ဘယ်လောက်ကြီးပဲ ချမ်းသာနေပါစေ ကိုယ့်စိတ်ထဲကမပါရင် တွဲမယ့်သူတွေမဟုတ်သလို၊ ပိုက်ဆံရှိတယ်ဆိုတိုင်း မာန်တွေတက်ပြီး ကိုယ့်ကိုတန်ဖိုးမထားတဲ့ ယောက်ျားတစ်ယောက်ကိုလည်း အနစ်နာခံပြီး တွဲမနေချင်တဲ့သူတွေပါ။ ဒါကြောင့် တန်ဖိုးရှိတဲ့မိန်းကလေးတွေဟာ ချစ်ခြင်းမေတ္တာမပါတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးမျိုး ဒါမှမဟုတ် ပိုက်ဆံကအလေးသာနေတဲ့ အချစ်ရေးမျိုးကို လုံးဝရွေးချယ်မှာ မဟုတ်ပါဘူး။

 

 

() ကိုယ့်အားကိုယ်ကိုးတယ်

 

ဒီလိုမိန်းကလေးတွေဟာ အရည်အချင်းရှိသလို၊ ကိုယ့်အားကိုယ်ကိုးတဲ့ သူတွေဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ဘဝမျိုးကိုရရှိဖို့အတွက် ယောကျာ်းတစ်ယောက်ရဲ့ အထောက်အပံ့၊ အကူအညီတွေ မလိုအပ်ဘူးလို့ ခံယူထားသူတွေဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ရှိတာလေးနဲ့ ရောင့်ရဲကျေနပ်တတ်ကြပါတယ်။ ကိုယ်က မချမ်းသာသည့်တိုင် ချမ်းသာတဲ့သူတွေကိုလည်း အားကျနေမယ့်သူတွေ မဟုတ်ပါဘူး။ အကြောင်းအရင်းကတော့ သူတို့အတွက် အရေးကြီးဆုံးက ပိုက်ဆံမဟုတ်လို့ပါ။

 

 

Credit;Aunty May

Read times Last modified on Tuesday, 25 September 2018 11:23
Rate this item
(2 votes)