ကိုယ့်အိမ်ထောင်ဘက်ဇနီးကို ဘယ်လိုအချက်တွေနဲ့ ရွေးချယ်မလဲ

ကိုယ့်အိမ်ထောင်ဘက်ဇနီးကို ဘယ်လိုအချက်တွေနဲ့ ရွေးချယ်မလဲ google.com

ယောက်ျားလေးအများစုကတော့ ကိုယ့်အိမ်ထောင်ဘက်ကို ကိုယ်ချစ်တဲ့သူကိုပဲ

ယူကြတာများပါတယ်။ မိဘပေးစားလို့ ယူတာကလည်း အခုခေတ်မှာက ခပ်ရှားရှားပါပဲ။

 

အရင်ကလူကြီးတွေက ကိုယ့်ချွေးမလေးက ဘယ်လိုပုံစံရှိတယ်၊ ဘယ်လိုပုံစံနဲ့ပြုမူနေထိုင်သလဲဆိုတာ အရင်လေ့လာထားပြီးမှ ရွေးချယ်တတ်ကြပါတယ်။

 

ကိုယ့်သား အိမ်ထောင်ပြုကြတဲ့အချိန်မှာ လက်တွဲဖော်မှားယွင်းသွားပြီဆိုရင် တစ်သက်လုံး ဒုက္ခရောက်ရမှာဖြစ်လို့ သားအတွက် ကြိုတင်ပြီး ချွေးမကောင်းကောင်းလေး ရှာပေးခြင်းဖြစ်ပါတယ်။

 

အိမ်အလုပ်တွေလုပ်နိုင်ရမယ်

 

အိမ်ထောင်ကျပြီး ကိုယ့်ဇနီးဖြစ်တော့မယ့် မိန်းကလေးဟာ အိမ်မှုကိစ္စတွေကိုတော့ နိုင်နင်းသူဖြစ်ရပါမယ်။

 

ဘယ်ယောက်ျားမဆို ပင်ပင်ပန်းပန်းနဲ့အလုပ်ကပြန်လာရင် ကိုယ့်မိန်းမချက်ကျွေးတဲ့ ထမင်းကို စားလိုက်မှ ပင်ပန်းမှုတွေ ပြေပျောက်သွားတာမျိုး ဖြစ်ကြပါတယ်။

 

အိမ်ထောင်ကျပြီး မိဘအိမ်မှာသွားစားရင်၊ အပြင်ဆိုင်မှာ သွားစားရရင်တော့ ရေရှည်အတွက်တော့ မကောင်းပါဘူး။

 

ယောက်ျားပိုက်ဆံကိုလည်း ထိန်းထိန်းသိမ်းသိမ်းရှိရမယ်

 

အိမ်ထောင်တစ်ခုတွင် ပျော်ပျော်ရွှင်ရွှင် ခိုင်မြဲတည်တံ့ဖို့အတွက် အထောက်အပံ့တစ်ခုဖြစ်တဲ့ ၀င်ငွေ ကောင်းကောင်းရှိဖို့ကလည်း အရေးကြီးပါတယ်။

 

အိမ်ထောင်ကျပြီးတဲ့အခါ ကိုယ့်ယောက်ျားအပ်ထားတဲ့ပိုက်ဆံကို စနစ်တကျစီမံခန့်ခွဲတတ်ဖို့လည်း အရေးကြီးပါတယ်။

 

သို့မဟုတ်ဘဲ မိန်းမက ယောက်ျားအလုပ်အဆင်ပြေ၊ မပြေ မသိတတ်ဘဲ ပေါ်သမျှအဝတ်အစားတိုင်း ဝယ်ဝတ်ချင်၊ အစားကောင်းကောင်းမှ စားချင်တဲ့ မိန်းမယူမိထားရင် တစ်သက်လုံး နောင်တရလို့ ဆုံးမှာ မဟုတ်တော့ပါဘူး။

 

Read times Last modified on Wednesday, 19 September 2018 16:41
Rate this item
(1 Vote)