ယောက်ျားကောင်းတွေမှာရှိတဲ့ အချက်များ - ၂

ယောက်ျားကောင်းတွေမှာရှိတဲ့ အချက်များ - ၂ google.com

ယောက်ျားကောင်းတွေက ဘ၀မှာ ဘယ်အရာတွေက ပိုအရေးကြီးလဲဆိုတာ သိပါတယ်။

 

စိတ်ခံစားမှုတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ အမှတ်တရတွေ စသဖြင့် ဘ၀မှာ အရေးကြီးတာတွေ အများကြီးရှိကြပါတယ်။

 

ယောက်ျားကောင်းတွေက ဒီအရေးကြီးတဲ့ အချက်တွေကို သိတာကြောင့် အပြင်ထွက်ပြီး ပွေဖို့ရှုပ်နေမှာထက် သူ့လက်တွဲဖော်ကို သစ္စာရှိပေးဖို့က ပိုအရေးကြီးတယ်ဆိုတာကို နားလည်ကြပါတယ်။

 

ထို့ကြောင့် သူတို့ခေါင်းထဲမှာ မိသားစုအရေး၊ သာယာတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့စတဲ့ အကြောင်းအရာတွေနဲ့ ပြည့်နှက်နေတတ်ကြပါတယ်။

 

ယောက်ျားကောင်းဆိုတာ သူတို့ လက်တွဲဖော်ကို ထိခိုက်နာကျင်စေမယ့် လုပ်ရပ်မျိုး ဘယ်တော့မှ မပြုလုပ်ကြပါဘူး။

 

ယောက်ျားကောင်းတွေကတော့ သူတို့ရဲ့ လက်တွဲဖော်ကိုအကြောင်းမရှိ အကြောင်းရှာပြီး ထိခိုက်နာကျင်အောင် မလုပ်တတ်ကြပါဘူး။

 

ယောက်ျားကောင်းတွေက သူတို့အပေါ် မဟုတ်တာလုပ်တဲ့သူမျိုးဆိုရင်တော့ သူတို့ရဲ့ ယုံကြည်မှုကို ရုပ်သိမ်းပြီး တစ်ကိုယ်တည်း ခံစားတတ်ကြပါတယ်။

 

ယောက်ျားကောင်းတွေက သူတို့လက်တွဲဖော်ကို အခက်အခဲတွေကြားထဲ ခေါ်ဆောင်သွားဖို့ကို တွေးတောင်မတွေးတတ်ကြသလို အခြားသူတွေရဲ့ မနာလိုပြီး ပြောတဲ့စကားတွေကိုလည်း သူတို့ လက်တွဲဖော်ကို နာကျင်မှုတွေ မပေးတတ်ကြပါဘူး။

 

ယောက်ျားကောင်းတွေက ဖြောင့်မတ်ကြပါတယ်။ သူတို့က မိန်းကလေးတစ်ယောက်ဆိုတစ်ယောက်ပဲ ထားတတ်ကြပါတယ်။ သူတို့ကတော့ အချစ်ကို လှည့်စားတတ်တဲ့သူတွေမဟုတ်ကြပါဘူး။

 

သူတို့မှာ အဲဒီလို စိတ်မျိုးမရှိသလို အဲဒီကိစ္စတွေကြောင့်လည်း ခေါင်းရှုပ်မခံနိုင်ကြပါဘူး။ သူတို့ချစ်တဲ့ မိန်းကလေးနဲ့ပဲ ပျော်ရွှင်စွာ ဖြတ်သန်းချင်ကြပါတယ်။

 

ယောက်ျားကောင်းတွေက လမ်းခွဲသင့်တဲ့အချိန်မှာ ပြတ်ပြတ်သားသား လမ်းခွဲဖို့မတွန့်ဆုတ်တတ်ကြပါဘူး။

 

အချို့ယောက်ျားတွေက သူတို့ရဲ့ လက်ရှိလက်တွဲဖော်နဲ့အတူရှိနေရတာကို မပျော်တော့တဲ့အခါ သူတို့စိတ်တွေက အခြားတစ်ယောက်က သူ့အပေါ်စိုးမိုးနေပြီဆိုတဲ့ အချိန်တွေမှာ ဖောက်ပြန်တတ်ကြပါတယ်။

 

သို့ပေမယ့်လည်း လက်ရှိချစ်သူနဲ့ ပေါ်ပေါ်တင်တင်လမ်းခွဲဖို့တော့ တွန့်ဆုတ်နေတတ်ကြပါတယ်။

 

ယောက်ျား ကောင်းတွေက ဒီလိုအခြေအနေမျိုးကြုံလာခဲ့မယ်ဆိုရင်လည်း လိမ်နေမယ့်အစား လေးစားမှုရှိတဲ့အနေနဲ့ ပွင့်လင်းရိုးသားစွာနဲ့ လမ်းခွဲပေးတတ်ကြပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:49
Rate this item
(3 votes)