မိန်းကလေးများ ရှောင်သင့်တဲ့ ယောယျာ်းလေးအမျိုးအစား (၅)မျိုး

မိန်းကလေးများ ရှောင်သင့်တဲ့ ယောယျာ်းလေးအမျိုးအစား (၅)မျိုး Google

မိန်းကလေးတော်တော်များများဟာ ယောကျာ်းလေးတစ်ယောက်ကို ချစ်မိသွားရင် ဘာမှကို မမြင်တတ်ကြတော့ပါဘူး။

 

အဲဒီလိုအချိန်မျိုးကျရင် တစ်ဖက်ကိုယ့်ကောင်လေးက ကိုယ်နဲ့ type တူတဲ့ ယောကျာ်းလေးတစ်ယောက်ဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး။ တစ်ကယ်လို့ ကိုယ်ချစ်သူကောင်လေးက ကိုယ်ထင်ထားသလို မဟုတ်တဲ့ ပုံစံမျိုးဆိုရင် ကိုယ့်မှာ လမ်းခွဲရမှာလည်း ခက်သလို ကိုယ်ကချစ်မိသွားတဲ့အတွက်လည်း အဆင်မပြေပါဘူး။ အကောင်းဆုံးကတော့ ယောကျာ်းလေးတစ်ယောက်ကို မတွဲခင်မှာ သူ့ရဲ့ပုံစံကို သေသေချာချာ အကဲဖြတ်ဖို့ လိုအပ်ပါတာ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ပျိုမေတို့အနေနဲ့ ဝေးဝေးကနေ လုံးဝကို ရှောင်သွားသင့်တဲ့ ယောကျာ်းလေး ၅ မျိုးကို ပြောပြပေးချင်ပါတယ်။

 

၁။ အလုပ်အကိုင် လုံးဝမရှိတဲ့လက်တွဲဖော်

ယောကျ်ားလေးတစ်ယောက်ဟာ အလုပ်အကိုင်ရှိမှ ကြည့်လို့ကောင်းတာပါ။ အလုပ်အကိုင်လည်းမရှိ၊ အရည်အချင်းလည်း မရှိပဲ မိဘလုပ်စာထိုင်စားနေတတ်တဲ့ ယောကျာ်းလေးတစ်ယောက်ကို ကိုယ့်ဘဝလက်တွဲဖော်အဖြစ် စိတ်တောင် မကူးမိပါစေနဲ့။ ကိုယ်ချစ်လို့ ယူလိုက်ရင်လည်း တစ်သက်လုံးကိုယ့်ရဲ့လုပ်စာကို ထိုင်စားနေပြီး အများအမြင်မှာ လုံးဝမသင့်တော်တဲ့ မိန်းမထမီအနားခိုစားတဲ့ ယောကျာ်းလေးတစ်ယောက် ဖြစ်နေတာကြောင့်ပါပဲ။

 

၂။ စိတ်ကစားတတ်တဲ့ ယောကျာ်း

တွေ့သမျှ မိန်းမကို မျက်လုံးကစားလိုက်၊ အတင်းကြီးရောပြီး ဟီလာထနေတဲ့ ယောကျာ်းလေးမျိုးဟာ social dealing ကောင်းတယ်လို့ မခေါ်ပါဘူး။ စိတ်အရမ်းကစားတတ်တဲ့ ယောကျာ်းလေးပါ။ အဲဒီလို ယောကျာ်းမျိုးနဲ့ လက်တွဲမိရင်တော့ တစ်သက်လုံး သူနဲ့ပတ်သတ်တဲ့ မိန်းမတွေနဲ့ သဝန်ထိုင်တိုနေဖို့သာ ပြင်ထားပါတော့။


၃။ အရာအားလုံးကို ပေါ့ပေါ့လေးပဲ တွေးတက်တဲ့ယောကျာ်း

အရာအားလုံးကို ပေါ့ပေါ့လေးပဲတွေးပြီး ပျင်းရိနေတဲ့ ယောကျာ်းမျိုးဟာ တော်တော်လေး စိတ်ကုန်ဖိုပကောင်းပါတယ်။ အရာအားလုံးကို သူသိသူတက်၊ တစ်ကယ်နဖူးတွေ့ဒူးတွေ့ကြုံလာတော့မှ ဘာမှကို အားကိုးမရတဲ့ ယောကျ်ားမျိုးပါ။ ကျိန်းသေတာကတော့ ဒီလိုယောကျာ်းမျိုးနဲ့တွေ့ရင် တစ်သက်လုံးစိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နေနေရမှာပါ။

 

၄။ မကောင်းတာမှန်သမျှ အကုန်လုပ်တဲ့ ယောကျာ်း

လောင်းကစား၊ မူးယစ်ဆေးဝါး အစရှိတဲ့ အရာတွေနဲ့ ပတ်သတ်တဲ့ ယောကျာ်းလေးတိုင်းဟာ ဥပဒေပြင်ပကလူတွေဖြစ်ပါတယ်။ ဒီလို ယောကျာ်းမျိုးနဲ့ ပတ်သတ်မိရင်တော့ ကိုယ်ပါ ကံမကောင်းရင် ထောင်ထဲရောက်မယ့်ပုံစံပါ။ ဒါ့ကြောင့် ဒီလိုမျိုးကိစ္စတွေနဲ့ ဆက်နွယ်နေတဲ့ ယောကျာ်းမျိုးကို အထင်မကြီးမိပဲနဲ့ ဝေးဝေးကရှောင်တာ အကောင်းဆုံးပါပဲ။

 

၅။ အချိန်ပြည့် စိတ်ကူးယဉ်နေတတ်တဲ့ ယောကျာ်း

စိတ်ကူးထဲမှာသာ ဘာလုပ်လိုက် ညာလုပ်လိုက် လုပ်နေပြီး တစ်ကယ့်လက်တွေ့မှာ ဘာမှမလုပ်တဲ့ စိတ်ကူးယဉ်သမား ယောကျာ်းလေးတွေကလည်း ကြောက်ဖို့ကောင်းပါတယ်။ သူလုပ်ချင်တဲ့ အရာတွေကတော့ စိတ်ကူးထဲမှာ အပြည့်ရှိပြီး ထီပေါက်မှ အဲဒါတွေကို ထလုပ်မယ်၊ အရင်းနှီးမရှိလို့ အစရှိတဲ့ စကားတွေသာကြားနေရတဲ့ ယောကျာ်းတစ်ယောက်အနားမှာ ဘယ်တော့မှ မနေမိပါစေနဲ့။

 

 

Source: Aunty May

Read times Last modified on Thursday, 12 November 2020 17:51
Rate this item
(0 votes)