ချစ်သူတွေကြားမှာအချစ်ဟောင်းတွေကြောင့် စိတ်မရှုပ်ရစေဖို့

ချစ်သူတွေကြားမှာအချစ်ဟောင်းတွေကြောင့် စိတ်မရှုပ်ရစေဖို့ google.com

အချစ်ဟောင်းဆိုတာကတော့ အတိတ်မှာ ကျန်ခဲ့ပြီးသားပဲ ဖြစ်ပါတယ်။ အတိတ်ကို အတိတ်မှာပဲ ထားပါ။ အတိတ်ကြောင့် လက်ရှိကို ထိခိုက်တာမျိုး မဖြစ်ပါစေနဲ့။

အချင်းချင်း သိပ်ချစ်ကြတဲ့ ချစ်သူတွေကြားမှာ တစ်ယောက်ကို တစ်ယောက် သဝန်တိုတယ်ဆိုတာကတော့ ကြည်နူးစရာ သိပ်ကောင်းတဲ့အပြုအမူလေးတွေပဲ ဖြစ်ပါတယ်။ သဝန်တိုတယ် ဆိုတာကတော့ ချစ်သူတွေကြားမှာ မရှိမဖြစ် လိုအပ်တဲ့အရာဆိုပေမယ့် အချစ်ဟောင်းတွေကြောင့် စိတ်မရှုပ်ရစေဖို့တော့ သတိပြုရမှာပါ။ ချစ်သူကို သိပ်ချစ်တဲ့အကြောင်း သိသာစေမယ့်အပြုအမူလေးတွေကို ပြုလုပ်ပေးဖို့လည်း ပြောပြထားပါတယ်။

 

 

အတိတ်ကို အတိတ်မှာပဲ ထားပါ

 

အချစ်ဟောင်းဆိုတာကတော့ အတိတ်မှာ ကျန်ခဲ့ပြီးသားပဲ ဖြစ်ပါတယ်။ အတိတ်ကို အတိတ်မှာပဲ ထားပါ။ အတိတ်ကြောင့် လက်ရှိကို ထိခိုက်တာမျိုး မဖြစ်ပါစေနဲ့။ အတိတ်ဆိုတာက လက်ရှိအတွက် သင်ခန်းစာပဲ ဖြစ်နေပါစေ။ အတိတ်အကြောင်းကို ပြန်ပြောပြပြီး အနာဟောင်းတွေကို ခဏတိုင်း ပြန်အစ ဖော်ပြီး လက်ရှိချစ်သူလေးတွေ ကြားမှာ မလိုအပ်ဘဲ စိတ်ရှုပ်စေတာမျိုးကို သတိထားပြီး ရှောင်ရှားပါနော်။

 

 

ပိုချစ်ရတဲ့သူဆိုတာ သိသာနေပါစေ

 

အချစ်ဟောင်းဆိုတာကတော့ အဟောင်းပဲ ဆိုတာကို လုံးဝမမေ့ပါနဲ့နော်။ ဒီလို အချိန်မှာ လွတ်တဲ့ငါးက ပိုကြီးနေတယ် ဆိုတဲ့ပုံစံမျိုး ပြုလုပ်တာမျိုးကို မလုပ်ရတော့ပါဘူး။ လက်ရှိချစ်သူလေးကိုသာ အချစ်ရဆုံး၊ ပိုချစ်ရတဲ့သူဆိုတာကို သိသာနေပါစေ။ တတ်နိုင်သလောက် စတာ နောက်တာ ဆိုရင်တောင် အချစ်ဟောင်းအကြောင်းကို ပြောဆိုမိတာတွေကို မပြုလုပ်ပါနဲ့နော်။ ချစ်လို့ ကျီစယ်တယ် ဆိုရင်တောင် ဒီအချက်လေးကတော့ တကယ်ချစ်တဲ့သူတိုင်းကို ခံစားလွယ်စေနိုင်တဲ့အချက်ဆိုတာကို သတိပြုပေးပါနော်။

 

ချစ်သူလေးကို စိတ်ဆိုးအောင် လုပ်မိတယ်ဆိုရင်တော့ ဘယ်အချိန်နေနေ ချက်ချင်း ပြန်ချော့တတ်ဖို့လည်း အရေးကြီးပါတယ်နော်။ အခုပြောပြပေးတာလေးတွေကို ဖတ်ကြည့်ပြီး အချစ်ဟောင်းတွေကြောင့် သိပ်ချစ်ရတဲ့ချစ်သူလေးရဲ့ အပြုံးလေးတွေကို မှေးမှိန်စေသွားစေမယ့်အပြုအမူလေးတွေကို အတတ်နိုင်ဆုံး ရှောင်ရှားလိုက်ပါ။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 16:02
Rate this item
(1 Vote)