အသက် ၁၇ နှစ်ပိုငယ်တဲ့ ခင်ပွန်းသည်ကိုလက်ထပ်ပြီးနောက် ဘဝကပြင်းထန်စွာပြောင်းလဲသွားတယ်လို့ ဆိုလာတဲ့ Ham So Won

အသက် ၁၇ နှစ်ပိုငယ်တဲ့ ခင်ပွန်းသည်ကိုလက်ထပ်ပြီးနောက် ဘဝကပြင်းထန်စွာပြောင်းလဲသွားတယ်လို့ ဆိုလာတဲ့ Ham So Won Google

Korea Channel A ရဲ့ Eye Contact အစီအစဉ်မှာ Ham So Won က သူမထက် အသက် ၁၇ နှစ်ငယ်ရွယ်သူ ခင်ပွန်းသည် Jin Hua ကို လက်ထပ်ပြီးနောက် သူမရဲ့ဘဝက ဘယ်လောက်အထိပြောင်းလဲမှုတွေ ရှိလာခဲ့သလဲဆိုတာကို ဖွင့်ဟပြောပြသွားခဲ့တာကို တွေ့ရပါတယ်။

 

ရှေးဦးစွာ အစီအစဉ်ရဲ့ တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ HAHA က ယောကျာ်းတစ်ယောက်အနေနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ၇၀ ရာခိုင်နှုန်းလောက် ပြောင်းလဲသင့်တယ်လို့ဆိုကာ သူ့အမြင်ကို ထုတ်ဖော်ပြောပြခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တင်

ဆက်သူနောက်တစ်ယောက်ဖြစ်တဲ့ Lee Sang Min က အိမ်ထောင်ရေးတစ်ခုမှာ ဇနီးသည်က နေရာတကာပါဝင်စွက်ဖက်နေမယ်ဆိုရင် ခင်ပွန်းသည်အနေနဲ့ အမှန်တကယ်ပျော်ရွှင်မှုရရှိနိုင်သလားဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

 

Ham So Won Reveals Why Her Husband Jin Hua Gave Up Being An Idol Trainee |  Soompi

 

အဲဒီအခါမှာတော့ Ham So Won က သူမရဲ့အကြောင်းကို ဝေမျှပြောပြခဲ့ကာ သူမတို့အိမ်ထောင်ရေးမှာ ပြောင်းလဲသွားသူက ခင်ပွန်းသည် Jin Hua မဟုတ်ပဲ သူမကိုယ်တိုင်ဖြစ်တယ်လို့ ဆိုပါတယ်။ “လက်မထပ်ခင်အချိန်တုန်းကဆိုရင် မိုးလင်းအိပ်ယာထတာနဲ့

လေ့ကျင့်ခန်းလုပ်ဖို့သွားတယ်။ ညကျရင် ပါတီတွေတက်၊ ကလပ်တွေသွားတယ်။ ဒီလိုမျိုးနဲ့ပဲ နေ့တိုင်းလိုလိုနေခဲ့တာ အရမ်းလည်းပျော်ခဲ့ရတာပေါ့ရှင်” “ကျွန်မအမေက ကျွန်မကို ဘယ်တော့အိမ်ထောင်ပြုမလဲလို့မေးလာရင် သမီး အခုအရမ်းပျော်နေ

တယ်..မနက်ဖြန်ကျရင် ဟောင်ကောင်မှာ ကလပ်သွားတက်မလို့ပဲ ပြန်ဖြေခဲ့တာ။ တစ်ကိုယ်တည်းနေရတဲ့ဘဝကို အရမ်းနှစ်သက်ခဲ့ရပါတယ်” လို့ဆိုကာ Ham So Won က အိမ်ထောင်မပြုမှီကာလတုန်းက သူမရဲ့နေထိုင်မှုပုံစံအကြောင်းကို ပြောပြခဲ့တာဖြစ်ပါ

တယ်။

 

Jin Hua And Ham So Won Share First Photos Of Their Newborn Daughter | Soompi

 

ဒီလိုမျိုးနေထိုင်ခဲ့ရတဲ့အချိန်အတွင်းမှာ ယောကျာ်းအတော်များများရဲ့ လက်ထပ်ခွင့်တောင်းတာကိုခံခဲ့ရပေမယ့်လည်း သူမအနေနဲ့ လက်ထပ်တာက ပိုပြီးပျော်ရမလား၊ တစ်ကိုယ်တည်းနေရတာက ပျော်ရသလားဆိုတာကို မဆုံးဖြတ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမယ့် ခင်ပွန်းသည် Jin Hua နဲ့တွေ့ဆုံပြီးနောက်မှာတော့ ကလပ်တက်ပြီးပျော်ပါးချင်စိတ်တွေဆိုတာ လုံးဝမရှိတော့ကြောင်း၊ ခင်ပွန်းသည်ဖြစ်သူနဲ့သာ အချိန်တွေကုန်ဆုံးချင်တဲ့စိတ်ဆန္ဒတွေရှိတာကြောင့် နောက်ဆုံးမှာတော့ လက်ထပ်ခဲ့ကြပြီး အခုဆိုရင်

ကလေးလည်းရှိလာပြီဖြစ်တဲ့အတွက် သူမကိုယ်သူမ အချိန်ပေးဖို့ဆိုတာ မရှိတော့ဘူးလို့ ဆိုပါတယ်။

 

FOTO: Ham So Won Pamer Manisnya Suami 18 Tahun Lebih Muda & Anak -  KapanLagi.com

 

လက်ရှိအချိန်မှာတော့ ဒီလိုမျိုးပြောင်းလဲလာမှုတွေနဲ့ပတ်သတ်‌ပြီး သူမကိုယ်တိုင်စိတ်ကျေနပ်မှုရှိနေကာ မိသားစုနဲ့ အလုပ်ကို ရွေးချယ်ရမယ်ဆိုရင် မိသားစုကိုပဲ ဦးစားပေးရွေးချယ်မှာဖြစ်ကြောင်း၊ အလုပ်လုပ်တယ်ဆိုရာမှာလည်း မိသားစုအတွက်သာ

ဖြစ်ကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြသွားခဲ့တာ တွေ့ရပါတယ်။

 

Ref: K Wave

Read times
Rate this item
(0 votes)