တနင်္ဂနွေသားသမီးများအတွက်အချစ်ရေး

တနင်္ဂနွေသားသမီးများအတွက်အချစ်ရေး google

တနင်္ဂနွေသားသမီးတို့အတွက်

 

 

အချစ်ရေး - အပျိုလူပျိုများ မျက်နှာပွင့်လန်းပြီး စိတ်ဝင်စားသူများ ၀ိုင်းဝိုင်းလည်နေမည်။


အချစ်စစ် အချစ်မှန် ဖူးစာမှန်များနှင့် ဆုံတွေ့ရမည်။ မိမိကိုတန်ဖိုးထား ဂရုစိုက်သော ချစ်သူနှင့်ဆုံတွေ့ရမည်။


အလွန်လိုက်ဖက်သောစုံတွဲဟု ပတ်ဝန်းကျင်၏ အထင်ကြီးအားကျခြင်းကို ခံရမည်။

 

အချစ်ရေးနှင့်ပက်သက်သည့် အကြံအစည်ရည်ရွယ်ချက်များ အောင်မြင်မည်။

 

 

 

အိမ်ထောင်ရေး - အိမ်ထောင်ရေးကံကောင်းနေသော်လည်း ကိုယ်ကျင့်တရားကို အထူးဂရုစိုက်ထိမ်းသိမ်းသင့်သည်။


မိမိအိမ်ထောင်ဖက်အပေါ်သစ္စာရှိပါ။ မိမိအိမ်ထောင်ဖက်ကို တန်ဖိုးထားပါ။ အိမ်ထောင်ဖက်၏အကျိုးပြုခြင်းကိုရရှိမည်။


စိတ်တူကိုယ်တူဖြင့် ကြည်ဖြူနေမည်။ ပတ်ဝန်းကျင်၏သွေးထိုးမှုကိုတော့သတိထားပါ။

 

 

အချစ်ရေးအိမ်ထောင်ရေးတွင် အင်္ဂါသားသမီးများ ၊ နာမည်တွင် စ ဆ ဇ ဈ ည ပါသောသူများ ၊ဆေးရုံဆေးခန်း ၊ စစ်ဖက် ၊ စာသင် ၊ စကားပြော ၊ စက်မှုလက်မှု ၊ စားသောက်ကုန် ၊ စားသောက်ဆိုင်နှင့်ပက်သက်သူများ ၀င်ရှုပ်တတ်။

 

 

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ - အထွေးအထူးလုပ်ရန်မလိုပါ ။ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေများကို ကော်ဖီနှင့်ကိတ်မုန့် မကြာခဏဒါနလုပ်ပါ။

 

 

 

Myanmar Wedding Guide 

Read times
Rate this item
(1 Vote)
Tagged under