ချစ်သူကိုစိတ်ဆင်းရဲစေအောင်လုပ်မိစေတဲ့အချက်များ

ချစ်သူကိုစိတ်ဆင်းရဲစေအောင်လုပ်မိစေတဲ့အချက်များ google

ချစ်သူကို ချစ်တယ်ဆိုတာတော့ လူတိုင်းချစ်နိုင်ကြတာပဲ။ ဒါပေမဲ့ ချစ်သူပျော်အောင်တော့ လူတိုင်းမလုပ်နိုင်ဘူး။ တစ်ခါတစ်လေကျပြန်တော့လည်း

 

 

ကိုယ်က အမှုမဲ့အမှတ်မဲ့ ပြောဆို၊ ပြုမူမိတာတွေဟာ ချစ်သူကို နာကျင်ဝမ်းနည်းအောင် လုပ်မိသလို ဖြစ်သွားရတယ်။

 

မိန်းကလေးတွေကို ပြောချင်တာက ကိုယ့်မှာ ဒီအကျင့်တွေရှိနေရင်၊ လုပ်နေမိရင် ကိုယ်ချစ်တဲ့ယောက်ျားကို စိတ်ညစ်အောင် လုပ်နေတယ်ဆိုတာ သိစေချင်တယ်။

 

သူ့မိတ်ဆွေတွေရှေ့မှာ စနောက်ခြင်း

 

ယောက်ျားလေးတွေက သူတို့အချင်းချင်းသာ ပြောမနာဆိုမနာ ဆဲဆိုစနောက်နေကြတာ ကိုယ့်ရည်းစားက ဘော်ဒါတွေရှေ့မှာ ကိုယ့်ကို စနောက်တာတော့ မကြိုက်ဘူး။

 

ကိုယ့်ကောင်မလေးက ကိုယ့်ကို မရိုသေဘူးလို့ ခံစားရလို့ဖြစ်မယ်။

 

 

အလုပ်နဲ့ဝင်ငွေကို ကဲ့ရဲ့ ခြင်း

 

ယောက်ျားလေးတိုင်းဟာ သူတို့မြတ်နိုးတဲ့အလုပ်ကို လုပ်ကြသလို အလုပ်နဲ့ပတ်သက်ပြီးတော့လည်း ဂုဏ်ယူနေတတ်သူတွေပါ။

 

သူတို့အလုပ်ကို ကဲ့ရဲ့တာဟာ သူတို့ကို စော်ကားတာပဲ။ ဝါသနာပါတဲ့အလုပ်က ဝင်ငွေနည်းပေမဲ့ သူတို့အတွက်တော့ ဂုဏ်သိက္ခာမို့လို့လေ။

 

 

ဂျစ်ကန်သောအပြုအမူလုပ်ခြင်း

 

ကလေးတွေကြည့်သလို ပေကပ်ကပ် ဂျစ်ကန်ကန်အကြည့်မျိုးလေ။ အရမ်းကို အမြင်ကပ်စရာကောင်းပါတယ်။

 

 

အထင်သေးခြင်း

 

လုပ်နိုင်မယ်ထင်လို့ ကြိုးစားကြည့်ချင်လို့ လုပ်မယ့် အလုပ်တစ်ခုကို "ဖြစ်ပါ့မလား.လုပ်နိုင်လို့လား" ဆိုပြီး မေးခွန်းထုတ်တာကျတော့ သူတို့ကို အထင်သေးသလိုဖြစ်သွားတယ်။

 

ယောက်ျားလေးဆိုတော့လည်း ကိုယ့်ရည်းစားက အထင်သေးမှာကို မလိုလားဘူး။

 

 

သူများနဲ့ ခိုင်းနှိုင်းခြင်း

 

လူတွေက တစ်ယောက်တစ်မျိုးစီတော့ ထူးချွန်တာပဲ။ ကောင်းကွက်၊ ညံ့ကွက်လေးတွေ ကိုယ်စီရှိတယ်။

 

ဟိုလူကတော့ဖြင့် ဘယ်လိုတွေတော်တာ၊ ရှင်ကတော့ ဘယ်လိုတွေချာတာဆိုပြီး ပြောမိဖူးလား။ မပြောပါနဲ့။ ကိုယ့်ကို သူများနဲ့နှိုင်းယှဉ်ပြီး ပြောတာမျိုးကို ဘယ်သူကမှမကြိုက်ဘူး။

 

 

ယုံကြည်မှုမရှိခြင်း

 

ချစ်သူတွေ ဖြစ်လာပြီဆိုရင် အနည်းနဲ့အများတော့ သဝန်တိုတာလေးတွေ ရှိကြတယ်။ ဒါပေမဲ့ နေရာတကာလိုက်ပြီး သဝန်တို ချုပ်ခြယ်တာတွေက ကြာရင် ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်တယ်။

 

ယုံကြည်မှု မရှိမှတော့ မချစ်ပါနဲ့တော့။

 

 

 

Myanmar Wedding Guide 

 

 

Wedding banner design 03 1

Read times Last modified on Wednesday, 31 July 2019 10:41
Rate this item
(1 Vote)
Tagged under