သူနဲ့ လမ်းခွဲပြီးပြီဆိုရင် ………………

သူနဲ့ လမ်းခွဲပြီးပြီဆိုရင် ……………… google.com

လမ်းခွဲပြီးပြီဆိုရင်တော့ သူ့နဲ့ပတ်သက်တဲ့ ဖုန်းနံပါတ်တွေကို အရင်ဖြတ်ပစ်လိုက်ပါ။

နောက်ပြီး သူနဲ့ပတ်သက်ခဲ့တဲ့ facebook, messenger နဲ့ ဆက်သွယ်မှုတွေကို ဆက်လုပ်နေဖို့မလိုပါဘူး။ မြင်နေရရင် ပိုခံစားနေရမှာမို့ သူ့ကို ဖုန်းထဲကနေ ဖျက်လိုက်ပါ။

 

၎င်းအပြင် သူနဲ့ပတ်သက်တာတွေကို ဂရုမထားဘဲ တိတ်တဆိတ်နေသင့်ပါတယ်။ သူ့ဘက်က ပြန်ဆက်သွယ်လာရင် စာတွေပို့လာရင် ဘာမှ တုန့်မပြန်ပါနဲ့။ မဖတ်မိအောင် ကြိုးစားထားပါ။ သင့်အတွက် လိုအပ်သလောက် အချိန်ယူသင့်ပါတယ်။

 

သူပေးထားတဲ့ ပစ္စည်းတွေကို အားလုံး ပြန်ပို့ပေးလိုက်ပါ။ သင့်ဆီမှာ ကျန်နေရစ်ခဲ့တဲ့သူနဲ့ သက်ဆိုင်တဲ့ အရာအားလုံးထုတ်ပိုးပြီး ပြန်သာပို့ပေးလိုက်ပါ။

 

သူ ပြန်လာယူတဲ့အထိ မစောင့်မိပါစေနဲ့။ ပစ္စည်းတွေကို လူကြုံနဲ့ ပြန်ပေးနိုင်ရင် ပိုတောင် ကောင်းပါသေးတယ်။ သူ့ကို အမှတ်ရစေမယ့် အရာတွေကို ဆက်လက်သိမ်းမထားသင့်တော့ပါဘူး။

 

သူနဲ့လမ်းခွဲတယ်ပြီး သူ့ကို မမုန်းမိပါစေနဲ့။ ဘယ်လိုအကြောင်းအရာတွေပဲရှိရှိ သူ့အပေါ် မမုန်းသင့်ပါ။ ခါးသီးတဲ့ နာကျင်စရာစကားလုံးတွေနဲ့ ထိုးနက်နေမယ့်အစား ချိုမြိန်တဲ့ အမှတ်တရလေးတွေကို လက်ဝယ်ပိုက်ပြီး ရှေ့ဆက်ရမည့် ခရီးကိုပဲ စဉ်းစားသင့်ပါတယ်။

 

ရှေ့ဆက်ရမည့်ခရီးအတွက်ကိုလည်း ပေါ့ပေါ့ပါးပါးပဲ ရှေ့ဆက်သင့်ပါတယ်။ ယနေ့ခေတ် ချစ်သူအများစုကတော့ လမ်းခွဲပြီးလို့ ၀မ်းနည်းတတ်ကြတာ ပုံမှန်ဖြစ်နေပါပြီ။ သို့ပေမယ့် အကြာကြီး ၀မ်းနည်းနေဖို့ မလိုပါဘူး။

 

ထိုင်ငိုနေလို့လည်း ဘယ်အရာကမှ ပိုကောင်းလာမှာ မဟုတ်လို့ ကိုယ့်ဘာသာကိုယ် လှလှပပပြင်ဆင်ပြီး ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးဖြင့်သာ ရှေ့ဆက်လုပ်ဆောင်သင့်ပါတယ်။


Read times Last modified on Wednesday, 19 September 2018 14:44
Rate this item
(2 votes)