FA အမျိုးအစား ( ၆ ) မျိုး

FA အမျိုးအစား ( ၆ ) မျိုး google.com

ကဲ သင်ကဘယ်လို FA မျိုးလဲ ဆိုတာ ဖတ်ကြည့်လိုက်ရအောင်..

 

() အဖီလ်းတစ်လိုင်း

ဘာကိုကြကွဲမှန်းမသိကြေကွဲ နေတတ်ပြီး ၊ ex မှန်သမျှကို အချိန်ပြည့် လွမ်းဆွတ်တမ်းတ နေတတ်သူတစ်ဦးပါ။ Facebook မှာ အဖီလ်းပိုစ့် တွေရှယ်မယ် ၊ မိမိ မည်သို့မည်ပုံ ခံစားကြေကွဲနေရကြောင်း ဖွင့်ဟ ညည်းညူမယ် ၊ သေမလို ရှင်မလို အက်ရှင် တွေ လုပ်မယ် ၊ မြန်မာကားထဲက ဆင်းရဲသားဇာတ်ကောင်တွေလို အကြီးအကျယ် ဇာတ်နာမယ်။ အဲ့တော့ သူတို့လို အူစီတွေကို ဘယ်သူမှမကြိုက်တာ ဆန်းသလား။

 

() ချိန်ပါ

သနားစရာ အကောင်းဆုံး FA အမျိုးအစား ဖြစ်ပါတယ် ။ သူ crush လိုက်တဲ့ လူမှန်သမျှက ရည်းစားတွေနဲ့ အတွဲကိုယ်စီ တွေနဲ့ ဖြစ်သွားတတ်ကြလို့ တစ်ယောက်ယောက်ကို ကြိုက်မိရင်တောင် သူတို့မှာရေငုံနှုတ်ပိတ် မသိချင်ယောင်ဆောင် နေကြရပါတယ်။

 

() ဘာလာလာဒေါင်း

ဒါမျိုးက ယောက်ျားလေးတွေမှာ တွေ့ရများတတ်ပါတယ်။ ဘယ်သူ့ဖြစ်ဖြစ် ၊ ဘယ်လိုရုပ်ဆင်းအင်္ဂါ ဖြစ်ဖြစ် ကြိုက်နှစ်သက်လိုက်ဖို့ ဝန်မလေးပါဘူး။ အိမ်မှာအဝတ်လာလျှော်တဲ့ အမျိုးသမီးတောင် အလွတ်ပေးချင်တာမဟုတ်ပါဘူး။ ဘော်ဒါတွေကြားထဲမှာလည်း "ငါ့ကို ရည်းစားရှာပေးပါလား" ဆိုတာမျိုး တနေ့ ၃၆ ကြိမ်လောက်ပြောဆိုနေတတ်တဲ့ FA ပါ။ ခက်တာက သူက ဘယ်သူ့ကိုမှ အတည်မကြံတော့ သူ့ကိုလည်း ဘယ်သူမှ အပျော်တောင် မကြံချင်ကြတာပါပဲ။

 

() လွတ်သီး

ကြောင်စီစီ စကားတွေပြောမယ် ၊ ကဗျာလိုလို စာလိုလို လုပ်မယ် ၊ သူရူးတစ်ယောက်လို ပြုမူမယ် ၊ အနုပညာ ရှင်လိုလို စဆရက လိုလို ဘာလိုလို ညာလိုလို။ ဤ ကဲ့သို့ သတ္တဝါမျိုးအတွက်ကား FA ဖြစ်ခြင်းသည် အထူးတလည် မဆန်းကျယ်သလို လွတ်မြောက်ရာလမ်းစလည်း မရှိချေ။

 

() လေကြီးလေကျယ်

မရရင် မရဘူးပေါ့ အဲ့တာကို မဟုတ်ဘူး။ ကျွန်တော်/ကျွန်မကို ဘယ်သူတွေက ချစ်ကြကြိုက်ကြပါတယ်ပေါ့။ ရည်းစားစကား လိုက်ပြောတာတွေအကုန် ဘယ်လိုချေချလိုက်တာပါပေါ့။ မလိုချင်လို့ မထားတာပါပေါ့။ ဟုတ်တာလည်းမဟုတ်ဘူး။ ပြီးရင်သူတို့ပဲရောဂါထတာ။

 

() စားမယ် သွားမယ်

အချိန်ပြည့်စား ၊ ရှိသမျှ ပိုက်ဆံစား ၊ အတွေးထဲလည်း စား ၊ စိတ်ကူး ထဲလည်းစား။ လူကလည်း ဝက်တစ်ပိုင်း ရေမြင်းတစ်ပိုင်းဖြစ်နေပြီ ။ ဒါလည်းမရပ် ။ ချစ်မှုရေးရာကိစ္စတွေဆိုတာလည်း ဟော့ပေါ့ထဲက ကိုက်လံတစ်ဖက်လောက်တောင် သူ့ခေါင်းထဲမရှိ။ မတော်တဆ ရည်းစားရလာလည်း တစ်ဖက်လူမသဒ္ဒါအောင်စားလို့ ပြတ်တာပါပဲ။

 

ဒီထဲက တစ်မျိုးမဟုတ် တစ်မျိုးတော့ သင်နဲ့ကိုက်ညီနေမှာပါပဲ။ မကိုက်ညီလည်း ဘယ်လို FA တွေ ဖြစ်နေလဲ ပြောပြကြည့်ကြပါဦး။

 

Myanmar Wedding Guide

 

Credit;လူငယ်မီဒီယာ

Read times Last modified on Wednesday, 19 September 2018 10:02
Rate this item
(3 votes)