ကောင်လေးတွေနားမလည်တဲ့ ကောင်မလေးတွေနဲ့ပတ်သက်တဲ့အချက်များ

ကောင်လေးတွေနားမလည်တဲ့ ကောင်မလေးတွေနဲ့ပတ်သက်တဲ့အချက်များ google.com

ကိုယ့်အပေါ်မှာ ကိုယ့်ချစ်သူ ကောင်လေးက ကိုယ့်ကိုနားလည်မပေးနိုင်တဲ့

အချက်ဆိုတာ အတွဲတိုင်းမှာ ရှိနေတတ်ပါတယ်။

 

တချို့စုံတွဲတွေအတွက် ကိုယ့်ကောင်မလေးအပေါ် နားလည်ပေးပေမယ့် တချို့စုံတွဲတွေကျတော့ ကိုယ့်ကောင်မလေးကို နားလည်မှုအပြည့်အ၀ မပေးနိုင်ကြပါဘူး။

 

နင် ဘာလို့ဒါတွေလုပ်တာလဲ၊ လိုအပ်လို့လား ဆိုတာမျိုးတွေနဲ့ ပြဿနာ မကြာခဏ တက်နေပြီဆိုရင်တော့ သူတို့ကို နားလည်အောင် ရှင်းပြဖို့ လိုအပ်နေပါပြီ။

 

ယောက်ျားလေးအများစုက ကိုယ့်ကောင်မလေး ဒေါက်မြင့်ဖိနပ်များ ၀ယ်ယူလျှင် မကြိုက်တတ်ကြပါ။ ၎င်းတို့က ဒေါက်မြင့်ဖိနပ်တွေစီးပြီး ခဲရာခဲဆစ် လမ်းလျှောက်နေရတဲ့ အမျိုးသမီးတွေကို နားမလည်နိုင်ပါဘူး။

 

ကိုယ့် ရည်းစားဆိုရင်လည်း နောက်တစ်ခါ ဒီလိုဖိနပ်မျိုး မ၀ယ်စမ်းပါနဲ့လို့ ပြောပါလိမ့်မယ်။

 

ဖိနပ် ဘယ်နှစ်ရံတောင် ရှိသလဲဆိုတဲ့ မေးခွန်းမျိုးကလည်း အမျိုးသမီးတွေအတွက် နည်းနည်းအဖြေရခက်တဲ့ မေးခွန်းဖြစ်ပါတယ်။

 

အမျိုးသမီးတွေ ဘာလို့ အုပ်စုဖွဲ့ပြီး အိမ်သာသွားကြသလဲဆိုတာမျိုးကလည်း သူတို့စဉ်းစားလို့မရတဲ့ အချက်ပါပဲဖြစ်ပါတယ်။

 

ဘာလို့ တစ်ယောက်တည်း အိမ်သာမသွားတာလဲလို့ အမေးခံရရင်လည်း စိတ်မဆိုးဘဲ သူတို့နားမလည်ဘူးဆိုတာကိုသာ သိထားသင့်ပါတယ်။

 

ရင်ဟိုက် အ၀တ်အစား၊ ပေါင်တစ်ဝက်ပဲရှိတဲ့ အ၀တ်အစားတွေကို သင်ဘယ်အချိန်မှာဝတ်ဖို့ ၀ယ်တာလဲလို့ မေးပါလိမ့်မယ်။ နောက်ဆိုရင် ဒါမျိုးတွေ မ၀တ်စမ်းပါနဲ့လို့ သူတို့ပြောတဲ့အခါ ခေါင်းသာညိတ်လိုက်ပါ။ သူနဲ့ ပြန်ပြီး စကားမများပါနဲ့။

 

Read times Last modified on Wednesday, 19 September 2018 16:24
Rate this item
(2 votes)