အချစ်ကိုဘာကြောင့် စစ်နဲ့  စတင်မှာလဲ

အချစ်ကိုဘာကြောင့် စစ်နဲ့  စတင်မှာလဲ google

အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးလို့ဆိုကြပါတယ်။ စစ်ဆိုတဲ့သဘောတရားက တစ်ဖက်ကိုအနိုင်ရဖို့ ဆိုရင် အချစ်ဆိုတဲ့ သဘောတရားကရော တစ်ဖက်လူရဲ့အချစ်ကို ရဖို့မဟုတ်လား။

ဒါဟာ အရိုးရှင်းဆုံးတွေးမိခြင်းပါ။ ဒါဆိုဘာကြောင့် အချစ် ကို စစ်နဲ့ စတင်နေမှာလဲ။ပျော်စရာကောင်းတဲ့ relationshipတစ်ခုဖြစ်ဖို့ တစ်စုံတစ်ယောက်ကို ချစ်တာ စစ်ပွဲတစ်ပွဲတိုက် ရသလို ထိုးစစ်ဆင်စရာလိုလို့လား။ အချစ်ကို ရဖို့ အချစ်တွေကို အရင်ပေးလိုက်ပါ။ဒါမှ အချစ်ဆိုတာ ဒီလိုပါလားလို့ တစ်ဖက်လူနားလည်နိုင်သွားမှာပါ။ အခုတခါမှာတော့ relationshipတွေကြားမှာ ချစ်ရဲ့သားနဲ့ တစ်ယောက်နဲ့တစ်ယောက် အလျှော့မပေး မာနပြိုင်နေကြတာတွေကို ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတာ အကြံပြုမျှဝေပေးလိုက်ပါတယ်။

 

 

ရိုးသားပါ

 

ဒီနေရာမှာ ဆိုလိုချင်တာက မကောက်ကျစ်ပါနဲ့၊ မယုတ်မာပါနဲ့လို့ဆိုတာထက် သင့်ပါတနာ သိသင့်တဲ့အကြောင်းအရာ မှန်သမျှကို အရိုးသားဆုံး ပွင့်ပွင့်လင်းလင်းပေးသိပါ။ဥပမာ သင့်အနေနဲ့ သူ့ကို ထားခဲ့ပြီးအဝေးတနေရာကိုထွက်သွားမိ တဲ့အခါ ဘာအတွက်သွားရတယ်ဆိုတာ အရိုးရှင်းဆုံးဖွင့်ပြောပါ။ သင်ဟာ သူ့အပေါ်မှာ ရိုးသားမှုမရှိဘူးဆိုတဲ့ နာကျင် ခံစားရတဲ့ ဝေဒနာမျိုးကို သင်လည်းထပ်တူပြန်လည်ခံစားနိုင်ရလို့ပါ။

 

 

အတိတ်ကဇာတ်လမ်းတွေကိုသယ်မလာပါနဲ့

 

သင်တို့နှစ်ယောက်ကြားမပြေလည်မှုကို ဖြစ်စေတဲ့အဓိကအချက်တွေထဲမှာ အတိတ်ကရှိခဲ့ဖူးတဲ့ဇာတ်လမ်းတွေကို ပြန် လည်တူးဖော်ခြင်းကလည်း တစ်ချက်အနေနဲ့ပါဝင်နေပါတယ်။သင်တို့နှစ်ယောက် ဟာ အခုချိန်မှာ အတွဲညီတဲ့ ဘ၀လက် တွဲဖော်တွေဖြစ်နေပြီဖြစ်တဲ့အတွက် အတိတ်မှာရှိခဲ့ဖူးတဲ့ သင်တို့နှစ်ယောက်လုံးရဲ့ ဇာတ်လမ်းတွေကို အတိတ်မှာပဲထား ခဲ့ပါ။သင်တို့နှစ်ယောက်ရဲ့ လက်ရှိအခြေအနေထက် အရေးကြီးတာ ဘာမှမရှိနိုင်တော့ပါဘူး။

 

 

ဘေးစကားတွေကို ချင့်ချိန်ပါ

 

ချစ်သူစုံတွဲ၊ အိမ်ထောင်ဖက်တွေမှာ ဖြစ်လေ့ရှိတဲ့ ပြသနာ ကပတ်ဝန်းကျင်ရဲ့ ပြောစကား(အမေကပြောလို့၊ သူငယ်ချင်းတွေဆီကကြားလို့စသဖြင့်)နဲ့ ဆုံးဖြတ်ကြခြင်းကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးရလဒ်တွေနဲ့ရင်ဆိုင်ရခြင်း ပါ။ ဖြစ်ပျက်လာတဲ့ အခြေအနေကို တကယ်ရင်ဆိုင်ကြုံတွေ့ရမှာက သင်တို့နှစ်ဦးကိုယ်တိုင်ပါ။ဒါကြောင့် ဘေးပတ်ဝန်း ကျင်ပြောစကားကို ချင့်ချိန်သုံး သပ်ပြီး မှ နှစ်ဦးသဘောတူ ပွင့်ပွင့်လင်း လင်းဆွေးနွေး တိုင်ပင်သင့်ပါတယ်

 

 

တစ်ယောက်နဲ့တစ်ယောက်နားထောင်တတ်ပါစေ

 

အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး၊ ကိုယ့်အယူအဆနဲ့ ကိုယ်ဆုံးဖြတ်နိုင်တယ်လို့ ဆိုပေမယ့် အချစ်မှာတော့ တစ်ဖက်ဖက် ကနားလည်ပေးမှုမရှိရင် တရားမျှတမှုရှိတယ်ဆိုတဲ့အချစ်အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ဒါကြောင့် တစ်ယောက်ရဲ့ဖြေ ရှင်းမှုကို ဆုံးတဲ့အထိ နားထောင်ပေးပါ။နားထောင်တတ်ခြင်းက ဖြေရှင်းနည်းအကောင်းဆုံးနည်းလမ်းကို ရှာတွေ့မှာပါ။

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under