Relationship တစ်ခုမှာ ယောက်ျားလေးတွေကို နာကျင်စေတဲ့အပြုအမူများ

Relationship တစ်ခုမှာ ယောက်ျားလေးတွေကို နာကျင်စေတဲ့အပြုအမူများ Google

ဘဝမှာ သင့်ချစ်သူ ယောကျ်ားလေးကို စိတ်နာကျင်အောင် ပြုလုပ်မိတဲ့အခိုက်အတန့် အချိန်လေးတော့ အနည်းနဲ့အများ ရှိဖူးကြမှာပါ။

 

တစ်ယောက်ဆိုတစ်ယောက် မဟုတ်ဘဲ သစ္စာမရှိတာတို့၊ တစ်ခြားယောကျ်ားလေးတွေကို ညုတုတု သွားလုပ်တာမျိုးတို့ အမျိုးမျိုး ရှိတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ချို့ကိစ္စတွေမှာ သင်မရည်ရွယ်ဘဲ အလွယ်လုပ်လိုက်တဲ့ ကိစ္စလေးကတောင် သူ့ကို နာကျင်စေတတ်ပါတယ်။


၁။ အတိတ်ကို အတိတ်မှာ ချန်ခဲ့လိုက်ပါ။

သင်ထားခဲ့တဲ့ ရည်းစားတွေအကြောင်း မပြောပါနဲ့။ ဘယ်ယောကျ်ားလေးမဆို သင့်ဘဝအတွက် တစ်ဦးတည်းသော ယောကျ်ားလေးပဲဖြစ်ချင်ကြတာပါ။ မဖြစ်နိုင်လို့သာ ဒီအတိုင်းနေရတာပါ။ သင်ရဲ့ချစ်သူဟာ သင် အရင် က အကြောင်းတွေ သိရင် သိပါလိမ့်မယ်။ ဒါပေမဲ့ သွားမပြောလိုက်ပါနဲ့။အဲ့လို ရည်းစားဟောင်းတွေအကြောင်း မကြာခဏ စကားနာထိုးကြတဲ့ အတွဲတစ်တွဲ ကို ကျွန်တော် တွေ့ဖူးပါတယ်။ သူတို့ကိုကြည့်ရတာ အနာကို ဓားနဲ့ သွားသွားဆွနေကြသလိုပါပဲ။

 

၂။သူ့ရဲ့ဝင်ငွေကို သွားမစုံစမ်းပါနဲ့။

ယောကျ်ားလေးတွေရဲ့ မျိုးရိုးဗီဇပင်ကိုယ်သဘောကိုက သူတို့ကိုသူတို့ထောက်ပံ့သူအဖြစ် ယူဆနေတာဖြစ်ပါတယ်။ ဒါကြောင့်ဘယ်လောက်ပဲ နည်းနည်း သူ့အလုပ်နဲ့ လစာဝင်ငွေကို သွား မရူံ့ချပါနဲ့။

 

၃။ သင့်မိတ်ဆွေတွေနဲ့မိတ်ဆက်ပေးဖို့ မမေ့ပါနဲ့။

လမ်းမှာ သင့်အသိတွေ့လို့ပဲဖြစ်ဖြစ် သူငယ်ချင်းဟောင်းတွေ့လို့ပဲဖြစ်ဖြစ် သူနဲ့မိတ်ဆက်ပေးလိုက်ပါ။ သင့်ရဲ့သူငယ်ချင်းနဲ့ သူ့ကို မိတ်ဆက်မပေးပဲနေလိုက်ရင် သူ့ကို အရေးမပါ အရာမရောက်သလို ခံစားစေပါတယ်။

 

၄။ လူရှေ့သူရှေ့မှာ အရှက်သွားမခွဲပါနဲ့။

သင် သူကို ပြောစရာ၊ဝေဖန်စရာရှိတယ်ဆိုရင်တောင်မှ နှစ်ယောက်တည်းရှိမှ ပြောချင်ရာပြောပါ။ သူ့သူငယ်ချင်းတွေ၊သူ့မိသားစုရှေ့မှာ သွားအရှက်ခွဲရင် ယောက်ျားသိက္ခာကိုစော်ကားတယ်လို့ ထင်တတ်ကြပါတယ်။ကြားဖူးတဲ့ဟာသ တစ်ခုမှာဆိုရင် လင်မယားနှစ်ယောက် အိမ်ကျရင် မိန်းမကို အနိုင်ပေးရမယ်၊ အပြင်ထွက်ရင်ယောက်ကျားကို အနိုင်ပေးရမယ်ဆိုပြီး ဟာသလေးလုပ်ထားတာတောင် ရှိပါသေးတယ်။

 

၅။ ငကြောက်လို့ သွားမခေါ်မိစေပါနဲ့။

သင့်ချစ်သူဟာ သတ္တိခဲကြီးတစ်ယောက်ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါပေမဲ့ ယောကျ်ားလေးအများစုဟာ ဟုတ်တာမဟုတ်တာ အပထား သူတို့ကို သူတို့ ကာကွယ်သူနဲ့ ထောက်ပံ့သူလို့ ခံယူလေ့ရှိကြပါတယ်။ ယောကျ်ားတစ်ယောက်ကို သတ္တိဘယ်လောက်ရှိလဲလို့ သွားမေးတာက သူတို့ကို စော်ကားရာရောက်ပါတယ်။

 

၆။ ဆရာကြီးသွားမလုပ်ပါနဲ့။

နင်လာလုပ်ကြည့်ပါလားလို့ မေးတတ်ပါလိမ့်မယ်။ သူ တစ်နေ့လုံး လုပ်နေတဲ့ စင်တစ်ခုခုက အလေးချိန်မခံနိုင်ဘဲ ယိုင်နဲနဲ ဖြစ်နေတုန်းဆိုရင် ဆရာကြီးလေသံနဲ့ သွားမပြောပဲ ညင်ညင်သာသာပြောရင်ပြော ဒါမမဟုတ် သင့်ဘာသာနောက်မှပြန်ပြင်လိုက်ပါ။ အဲ့ဒါ အန္တရာယ်ကင်းပါလိမ့်မယ်။


ယောကျ်ားလေးဖြစ်ဖြစ် ၊ မိန်းကလေးဖြစ်ဖြစ် သူတို့ရဲ့လက်တွဲဖော်ကို သူတို့စိတ်ကူးထဲကအတိုင်း ဖြစ်စေချင်တတ်ကြပါတယ်။ ယောကျ်ားလေးတစ်ယောက်ရဲ့ယောကျ်ားဆန်မူကို မေးခွန်းထုတ်တဲ့ မိန်းကလေးဟာ သူမရဲ့ မိန်းမဆန်မူကို မေးခွန်းထုတ်တဲ့ ယောကျ်ားလေးရဲ့ အပြုအမူမျိုးနဲ့ ထပ်တူထပ်မျှခံစားရမှာပါ။ ဒါကြောင့် ပျော်ရွှင်ဖွယ်ကောင်းတဲ့ Relationship တစ်ခုကို တည်ဆောက်မယ်ဆိုရင် သင့်လက်တွဲဖော်ကို ဂရုစိုက်ပါ၊ကြင်နာပါ၊ချစ်ပါလို့ တိုက်တွန်းချင်ပါတယ်။

 

 

Ref:   Beauty&Tips

Read times Last modified on Friday, 25 September 2020 12:33
Rate this item
(0 votes)
Tagged under