အရပ်အမြင့်ကွာခြားတဲ့စုံတွဲလေးတွေက အလိုက်ဖက်ဆုံးပါတဲ့

အရပ်အမြင့်ကွာခြားတဲ့စုံတွဲလေးတွေက အလိုက်ဖက်ဆုံးပါတဲ့ google.com

စုံတွဲတွေထဲမှာ ဘယ်လိုစုံတွဲတွေက အလိုက်ဖက်ဆုံးဖြစ်ပြီး၊ အပျော်ရွှင်ရဆုံးလဲဆိုတာကို လေ့လာမှုတွေ လုပ်ခဲ့ကြတဲ့အခါ၊

အရပ်ရှည်တဲ့ ယောကျာ်းလေးနဲ့အရပ်ပုတဲ့ မိန်းကလေးစုံတွဲတွေက အလိုက်ဖက်ဆုံး၊ အပျော်ရွှင်ဆုံးလို့ထုတ်ပြန်ခဲ့ကြပါတယ်။ အရပ်အမြင့် အရမ်းကွာခြားတဲ့ စုံတွဲလေးတွေက ဘာလို့အပျော်ရွှင်ဆုံးဖြစ်ရသလဲဆိုတာရဲ့ အကြောင်းအရင်းတွေကတော့ ဒီမှာပါ။

 

အရပ်ပုတဲ့ကောင်မလေးတွေစိတ်ဆိုးတာက အရမ်းချစ်ဖို့ကောင်းလွန်း

စိတ်ဆိုးဒေါသထွက်နေတဲ့ အချိန်ဆိုရင် လူတိုင်းက ကြောက်စရာကောင်းတဲ့ပုံစံဖြစ်သွားပါတယ်။ ဒါပေမယ့် ပုပုသေးသေးမိန်းကလေးတွေကတော့ စိတ်ဆိုးတာတောင် ချစ်စရာလေးဖြစ်နေတာမို့ သူ့ချစ်သူကောင်လေးက တစ်နေ့ထက်တစ်နေ့ပိုပိုချစ်လာတာကြောင့် သူတို့တွေက အမြဲပျော်ရွှင်တဲ့ စုံတွဲဖြစ်နေတာပေါ့။

 

ဝက်ဝံရုပ်လေးကို ဖက်ထားရသလိုပဲ

အရပ်ပုတဲ့ ကောင်မလေးတွေဟာ သူတို့ချစ်သူရဲ့ အမြင်မှာ ၀က်ဝံရုပ်လေးတွေနဲ့ အရမ်းတူပါတယ်တဲ့။ သူတို့ကို ဖက်ထားတဲ့အချိန်မှာလည်း ၀က်ဝံရုပ်ကို ဖက်ထားရသလို ခံစားချက်မျိုးဖြစ်စေတာကြောင့် အရပ်ပုတဲ့ ကောင်မလေးတွေကို သူတို့ချစ်သူတွေက ၀က်ဝံရုပ်လေးတစ်ရုပ်လိုမျိုးလည်း ချစ်ရပါတယ်တဲ့။

 

အားကိုးခံရတဲ့ခံစားချက်မျိုးရတယ်

အရပ်ပုတဲ့သူလေးတွေ မလုပ်နိုင်သမျှကို သူ့ချစ်သူကပဲ လုပ်ပေးရတော့ အချိန်တိုင်းအားကိုးခံရတဲ့ ခံစားချက်မျိုးဖြစ်စေပါတယ်။ ဒီတော့ ကိုကိုတွေ၊ မောင်မောင်တွေက သူတို့ဟာ ချစ်သူအတွက် အရမ်းကိုအသုံးဝင်ပါလား ဆိုတဲ့ ခံစားချက်လည်းဖြစ်လာပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုရှိလာပါတယ်တဲ့။

 

အရပ်ပုတဲ့ကောင်မလေးတွေက မိန်းမပိုဆန်ပြီးပိုချစ်ဖို့ကောင်းတယ်

လူတိုင်းရဲ့အမြင်မှာလည်း အရပ်ပုပုသေးသေးလေးတွေက မိန်းမပိုဆန်ပြီး ပိုချစ်ဖို့ကောင်းတယ်ဆိုတာ ဘယ်သူမှငြင်းလို့မရတဲ့ အချက်တစ်ခုပါ။ လေ့လာချက်တွေအရ အရပ်ပုတဲ့ မိန်းကလေးတွေက အမျိုးသမီးဟော်မုန်း (Estrogen)ထုတ်လွှတ်မှု ပိုများပြီး အရပ်ရှည်တဲ့ မိန်းကလေးတွေက အမျိုးသားဟော်မုန်း(Testosterone) ထုတ်လွှတ်မှု ပိုများတာကြောင့် အရပ်ပုတဲ့ ကောင်မလေးတွေက မိန်းမပိုဆန်တယ်လို့ သိခဲ့ကြပါတယ်။ သေချာတာတစ်ခုက ယောကျာ်းလေးတွေအနေနဲ့ ယောကျာ်းဆန်တာထက် မိန်းမဆန်တာကို ပိုသဘောကျတယ်ဆိုတာပါပဲ။

 

အရေးအကြောင်းဆို အလွယ်တကူချီသွားလို့ရတဲ့သူလေး

အရေးအကြောင်း တစ်ခုခုဖြစ်ပြီဆိုရင် အဲ့ဒီအပုလေးတွေကို အလွယ်တကူ ချီသွားလို့ရပေမယ့် အရပ်ရှည်တဲ့ မတ်မတ်တွေကိုတော့ လွယ်လွယ်ချီသွားဖို့ မဖြစ်နိုင်ပါဘူး။ဒါကလည်း အပုလေးတွေရဲ့ ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှုတစ်မျိုးပါပဲ။

 

ကလေးတစ်ယောက်လိုချွဲ

အပုလေးတွေက အရစ်လည်း သန်ပြီး၊အရမ်းလည်း ချွဲတတ်ကြပါတယ်။ ကလေးတစ်ယောက်လို အမြဲတမ်းချွဲတတ်ပေမယ့် ဆိုးဆိုးရွားရွား ပြဿနာရှာတာမျိုးတွေ သိပ်မရှိတာကြောင့် စိတ်ညစ်စရာအချိန်ထက် ပျော်စရာအချိန်တွေ ပိုများရတယ်။ ချစ်သူနှစ်ယောက်ကြားမှာ နွေးထွေးမှုကို အမြဲခံစားရပါတယ်။ ဒါကြောင့် အချစ်ရေးက အမြဲတမ်းပျော်စရာကောင်းနေတာပါတဲ့။

 

Credit: Burmese Asia

Myanmar Wedding Guide

Read times Last modified on Wednesday, 10 April 2019 18:06
Rate this item
(1 Vote)