ချစ်သူသက်တမ်းကြာတဲ့အချိန် သွေးအေးစေတဲ့ အချက်အလက်များ

ချစ်သူသက်တမ်းကြာတဲ့အချိန် သွေးအေးစေတဲ့ အချက်အလက်များ google.com

ချစ်သူနဲ့ စတွေ့တုန်းကအချိန်ကာလဆိုရင် ချစ်သူဘ၀လေးက အရမ်းပျော်ရွှင်စရာကောင်းပြီး

စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ပါ။

 

သို့ပေမယ့်လည်း ချစ်သူသက်တမ်း တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက် သွေးအေးသွားစေတတ်ပါတယ်။

 

ထို့ကြောင့် ချစ်သူဘ၀လေးက အရင်လောက်ပျော်စရာမကောင်းတော့ဘူးလို့ ခံစားမိစေမှာဖြစ်ပါတယ်။

 

သို့ပေမယ့်လည်း အရမ်းကြီး စိတ်ပျက်စရာမလိုပါ။ ချစ်သူဘ၀အချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက် အပျောက်မခံကြတာ သဘာဝဖြစ်ပါတယ်။

 

ချစ်သူဘ၀အချိန်ကြာလာတာနဲ့အမျှ ချစ်သူက ကိုယ့်အပေါ်ကို သွေးအေးသွားပြီလို့ ခံစားနေရတဲ့သူတွေကို ပြောချင်တာက အချစ်ကို တည်ဆောက်ရတာ လွယ်ပါတယ်။ အဲဒီအချစ်တစ်ခုကို ကြာရှည်ခိုင်မြဲအောင် ထိန်းသိမ်းရတာ ပိုခက်ပါတယ်။

 

ဆုံတွေ့ဖို့အချိန်သတ်မှတ်ခြင်း

 

ကိုယ့်ချစ်သူနဲ့ ပုံမှန်တွေ့ဖို့ အချိန်တစ်ခုကို သတ်မှတ်ထားသင့်ပါတယ်။ တစ်ပတ်တစ်ကြိမ်တော့ နှစ်ဦးတည်း သီးသန့် တွေ့ဆုံသင့်ပါတယ်။ အဲဒီတွေ့တဲ့အချိန်မှာ အလုပ်နဲ့ပတ်သက်တဲ့အရာမှန်သမျှကို မေ့ထားပြီး တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ချစ်ကြောင်းကို ဖွင့်ပြောသင့်ပါတယ်။

 

ကြင်နာယုယစွာနေခြင်း

 

ကိုယ့်ချစ်သူနဲ့တစ်ပတ်မှာ တစ်ကြိမ်လောက် သူစိတ်ကျေနပ်စေမည့်နေရာတွေသွားခြင်း၊ အတူတူလမ်းလျှောက်ခြင်းဖြင့် ဂရုတစိုက်နဲ့ ချစ်ခင်ကြင်နာယုယစွာ နေထိုင်သင့်ပါတယ်။

 

တစ်ဦးနှင့်တစ်ဦးတိုင်ပင်ခြင်း

 

တစ်ယောက်ယောက်က ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကိုယ့်ချစ်သူနဲ့ စကားပြောဆို ဆွေးနွေးနိုင်ဖို့နေ့တိုင်း အချိန်ပေးသင့်ပါတယ်။

 

တစ်ယောက်နှင့်တစ်ယောက် လူကိုယ်တိုင် မတွေ့ရင်တောင် ဖုန်းနဲ့ဆက်သွယ်နိုင်ပါတယ်။

 

တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း ပုံမှန်စကားပြောဆိုမှသာ တစ်ယောက်အပေါ်တစ်ယောက် မပျင်းရိမှာဖြစ်ပါတယ်။

 

ချစ်သူနှစ်ဦးကြား သက်တောင့်သက်သာ ဖြစ်ဖို့အတွက် ပွင့်လင်းနေဖို့လိုအပ်ပါတယ်။ ချစ်သူနဲ့တွေ့တိုင်း သူ့ကို အရမ်းလွမ်းတယ်ဆိုတဲ့ စကားကို ပြောဆိုပြီး သူနဲ့ စကားပြောနေချိန်မှာ ဖုန်းပြောနေတာမျိုး၊ အင်တာနက်ကြည့်နေတာမျိုးကို မလုပ်သင့်ပါ။

Read times Last modified on Wednesday, 19 September 2018 15:18
Rate this item
(3 votes)