Honeymoon

Sunday, 17 January 2021 13:05

ဟန်းနီးမွန်းခရီး (ပျားရည်ဆမ်းခရီး) ကို ဘာလို့သွားကြတာလဲ?

အချို့လူတွေအတွက်တော့ ပျားရည်ဆမ်းခရီးဆိုတာ အချိန်ကုန် ပိုက်ဆံကုန်တဲ့ အရေးမကြီးတဲ့ခရီးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။
Monday, 26 October 2020 13:07

ချစ်သူစုံတွဲတွေ ဘာကြောင့်ကမ်းခြေခရီး သွားသင့်တာလဲ

ချစ်သူဘဝမှာ ခရီးထွက်တာက တစ်ယောက်နဲ့ တစ်ယောက်ပိုမို ရင်းနှီးမှုရစေသလို တစ်ယောက်အကြောင်းလည်း တစ်ယောက်ပိုပြီး လေ့လာသိရှိခွင့်ရမှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကြားမှာ အချစ်တွေ မမေ့နိုင်စရာ အမှတ်တရတွေလည်း တိုးစေတာကြောင့် စုံတွဲတွေအနေနဲ့ ချစ်သူရည်းစားဘဝမှာ အနည်းဆုံး တစ်ခေါက်လောက်တော့ ခရီးတစ်ခုကို အတူတူသွားသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချစ်သူနဲ့အတူတူ ခရီးတစ်ခါမှမသွားဘူးသေးတဲ့ စုံတွဲတွေ ၊ ကိုဗစ်ကြီးပြီးရင် ခရီးသွားဖို့ ရည်ရွယ်ထားကြတဲ့ စုံတွဲတွေ အနေနဲ့ ပင်လယ်ကမ်းခြေခရီးကို ဘာကြောင့်သွားသင့်လဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။   (၁) သဘာဝကို အနီးကပ်ခံစားနိုင်တယ်     ပင်လယ်ကမ်းခြေဆိုတာ မြို့ပြရဲ့မွန်းကျပ်မှုတွေနဲ့ဝေးရာ ၊ တိတ်ဆိတ်အေးချမ်းတဲ့နေရာ ၊ မျက်စိတစ်ဆုံးလှတဲ့ပင်လယ်ပြင်ကြီးနဲ့ သဘာဝတရားကြီးရဲ့အလှတရားတွေကို အနီးကပ်ထိတွေ့ ခံစားခွင့်ရရှိနိုင်တဲ့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ အပြာရောင် ပင်လယ်ပြင်ကြီးကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့ လေထုကိုတစ်ဝကြီးရှုရှိုက်ပြီး ငြိမ်းချမ်းတဲ့သဘာဝရဲ့အရသာကို ချစ်သူနှစ်ဦးအတူတူ ခံစားခွင့်ရနိုင်ပါတယ်။   (၂) ရိုမန်တစ်ဆန်တယ်     ချစ်သူစုံတွဲတွေအတွက် ကမ်းခြေမှာ ဒိတ်လုပ်တယ်ဆိုတာ တော်တော်လေးကို ရိုမန်တစ်ဆန်တဲ့ ခံစားမှုကိုရစေမှာဖြစ်ပါတယ်။ ငွေရောင်သဲသောင်ပြင်ပေါ်မှာ လမ်းလျောက်မယ် ၊ ညနေ နေဝင်ဆည်းဆာအလှကို အတူတူထိုင်ကြည့်မယ် ၊ ဝိုင်လေးသောက်ရင်း သို့မဟုတ် အုန်းရည်လေးသောက်ရင်း စကားတွေပြောမယ် ၊ ညဘက်မီးပုံလေးဘေးမှာ ဂစ်တာတီးပြီး သီချင်းတွေအတူတူဆိုမယ် ၊ ပင်လယ်ပြင်ကြီးကိုမျက်နှာမူပြီး ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း အကျယ်ကြီးအော်ပြောကြည့်မယ်။ ဒီလိုမျိုး ရိုမန်တစ်ဆန်တဲ့အရာလေးတွေကို ကမ်းခြေမှာပဲလုပ်လို့ရနိုင်မှာဖြစ်ပါတယ်။   (၃) စွန့်စားခန်းဖွင့်လို့ရတယ်     စွန့်စားမှုတွေပြုလုပ်ရတာ နှစ်သက်တဲ့ချစ်သူစုံတွဲတွေအတွက်တော့ ပင်လယ်ကမ်းခြေကအသွားသင့်ဆုံး ခရီးတစ်ခုဖြစ်စေမှာပါ။ ရွက်လှေစီးခြင်း ရေပေါ်ဆိုင်ကယ်ခြင်း ပင်လယ်ရေအောက်ငုပ်ခြင်း Parasailing လို့ခေါ်တဲ့ ပင်လယ်ပြင်မှာ လေထီးစီးခြင်း စသည်ဖြင့် စွန့်စားရတဲ့အရာတွေများစွာကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ စွန့်စွန့်စားစားလုပ်ရတာတွေ မကြိုက်ဘူးဆိုရင်လည်း သောင်ပြင်ပေါ်မှာ စက်ဘီးနင်းတာ မြင်းစီးတာ စတဲ့အန္တရာယ်မများတဲ့ Activities လေးတွေလည်းလုပ်လို့ရပါတယ်။   (၄) ဓာတ်ပုံလှလှလေးတွေရိုက်လို့ရတယ်     Couple Photo လှလှလေးတွေရိုက်ချင်တဲ့ စုံတွဲအတွက်တော့ ကမ်းခြေက အလှဆုံးဓာတ်ပုံလေးတွေ ရစေမှာဖြစ်ပါတယ်။ တချို့စုံတွဲတွေဆိုရင် တကူးတကကမ်းခြေအထိလာပြီး Pre wedding အတွက် ဓာတ်ပုံလာရိုက်ကြတာမျိုးလည်း ရှိပါတယ်။ ဟုတ်ပါတယ် ပင်လယ်ကမ်းခြေက ရင်သပ်ရှုမောဖွယ်အလှတရားတွေနဲ့ ပြီးပြည့်စုံတဲ့အမှတ်တရ ပုံရိပ်လေးတွေဖန်တီးနိုင်မှာဖြစ်တာကြောင့် အကယ်၍ကမ်းခြေသွားတဲ့အခါ Couple Photo လေးတွေအများကြီး ရိုက်ခဲ့ဖို့လည်း မမေ့ပါနဲ့နော်။       Ref: Kwee  
Tuesday, 21 July 2020 10:20

ဟန်းနီးမွန်းခရီးလေး လှပဖို့ ဘာတွေက အရေးကြီးလဲ?

သတို့သမီးလေးတို့ မင်္ဂလာပွဲအတွက်စီစဉ်ရလို့ ပင်ပန်းသမျှတွေကို ဟန်းနီးမွန်းခရီးမှာ အပန်းဖြေကြမယ်နော် ပျော်စရာကောင်းပြီး အမှတ်တရဖြစ်မယ့် ဟန်းနီးမွန်းခရီးလေးဖန်တီးနိုင်ဖို့ သတိပြုစရာလေးတွေရှိပါတယ်။
Tuesday, 28 April 2020 14:37

‘Corona divorce’ trend ခေတ်စားနေတဲ့ဂျပန်

‘Corona divorce’ trend ခေတ်စားနေတဲ့ဂျပန်
Tuesday, 24 March 2020 15:15

နတ်ဘုရားတွေဖန်ဆင်းထားသောအချစ်ကျွန်းလို့တင်စားထားကြတဲ့ “ပိုလာဘာလီကျွန်း”ရဲ့သွားရောက်လည်ပတ်စရာနေရာများ

မင်္ဂလာဧည့်ခံပွဲတောက်လျှောက်ပင်ပန်းခဲ့သမျှတွေကို အေးချမ်းလှပတဲ့ ကမ်းခြေတွေဆီသွားအနားယူချင်တယ်။ ပြည်တွင်း ကမ်းခြေတွေ၊ ဖူးခက်တို့၊
Tuesday, 24 March 2020 10:35

ပြီးပြည့်စုံတဲ့ ဟန်းနီးမွန်းခရီးစဉ်တစ်ခုကိုဖန်တီးနိုင်ဖို့...

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို ကြည်နူးစရာ ဟန်းနီးမွန်းခရီးစဉ်ကိုဖန်တီးနိုင်ဖို့ အကြံဉာဏ်လေးတွေဝေမျှပေးချင်ပါတယ်။
Monday, 23 March 2020 13:30

ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကြီး မြို့တွေထဲက တစ်မြို့ဖြစ်တဲ့ Saigon မြို့ ဆီကိုဟန်းနီးမွန်းသွားရောက်မယ်ဆို

အားလုံးပဲ မင်္ဂလာပါရှင်။ရေပြင်ထက်က ထိုးထွက်နေတဲ့ မြစိမ်းရောင် တောင်စွယ်တွေနဲ့ အံ့မခန်းသဘာဝအလှအပတို့ ပြည့်နှက်နေတဲ့ ဟလောင်းဘေးက ကျွန်းဆွယ်တွေ၊
Saturday, 21 March 2020 14:27

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ကလည်ပတ်စရာနေရာများ...

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ကလည်ပတ်စရာနေရာတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။
Saturday, 21 March 2020 14:20

ဗီယက်နမ်နိုင်ငံဟလောင်းဘေးကကျွန်းဆွယ်တွေဆီအလည်အပတ်သွားရင်း ဟန်းနီးမွန်းကာလလေးကိုကုန်ဆုံးမလား။

ရေပြင်ထွက်က ထိုးထွက်နေတဲ့ မြစိမ်းရောင် တောင်စွယ်တွေနဲ့ အံ့မခန်းသဘာဝအလှအပတို့ ပြည့်နှက်နေတဲ့ ဟလောင်းဘေးက