ပြီးပြည့်စုံတဲ့ ဟန်းနီးမွန်းခရီးစဉ်တစ်ခုကိုဖန်တီးနိုင်ဖို့...

ပြီးပြည့်စုံတဲ့ ဟန်းနီးမွန်းခရီးစဉ်တစ်ခုကိုဖန်တီးနိုင်ဖို့... google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို ကြည်နူးစရာ ဟန်းနီးမွန်းခရီးစဉ်ကိုဖန်တီးနိုင်ဖို့ အကြံဉာဏ်လေးတွေဝေမျှပေးချင်ပါတယ်။

ဟန်းနီးမွန်းခရီးလေးအတွက်ကိုတော့ အချိန် အကြာကြီး သွားတာကလည်း အဆင်မပြေသလို အချိန် သိပ်တိုတာကလည်း အဆင် ပြေမှာ မဟုတ်ပါဘူး။

ကိုယ်သိပ်ချစ်ရတဲ့သူနဲ့မင်္ဂလာပွဲလေးကို ပြုလုပ်လိုက်ပြီးပြီ ဆိုရင်တော့ Honeymoon ခရီးစဉ်လေးအတွက်လည်းစီစဉ်ကြရပါပြီနော်။

ဟန်းနီးမွန်းလေးမှာနှစ်ယောက်သားကြားက ရင်းနှီးမှုလေးတွေ တိုးလာအောင်နဲ့ မင်္ဂလာပွဲအတွင် ပြင်ရတာတွေကို

အနားရအောင် သွားပေးရတဲ့ခရီးလေး ဖြစ်တာကြောင့် အကောင်းဆုံး ဖြစ်အောင် ကြိုတင် ပြင်ဆင်ထားနိုင်ဖို့ အရေးကြီးပါတယ်နော်။

ဟန်းနီးမွန်း သွားတော့မယ်ဆိုရင် နားရက်အတွက် အချိန် ဘယ်လောက်ရသလဲ ဆိုတာကို အရင်ဆုံး တွက်ရမှာပဲ ဖြစ်ပါတယ်။

တကယ်လို့ နားရက်က (၇) ရက်ရတယ် ဆိုရင်တော့ ဟန်းနီးမွန်း ခရီးအတွက် (၅) ရက်ပဲ အလွန်ဆုံး အသုံးပြုပါ။

ဒါမှ ခရီးက အပြန် ရောက်တာနဲ့ တန်းပြီး လုပ်စရာ ရှိတာ လုပ်ရတာမျိုး၊ အလုပ် ချက်ချင်း ပြန်ဆင်းရတာမျိုးကြောင့် ဆိုရင် နားချိန် မရဘဲပိုပင်ပန်းမှာ စိုးလို့ပါ။

ဟန်းနီးမွန်းက အပြန် အိမ်မှာ ပြန်နားဖို့ အချိန် တစ်ရက် နှစ်ရက်လောက် ချန်ထားပြီးမှာ ကျန်တဲ့ရက်အတိုင်း ဟန်းနီးမွန်းခရီးအတွက် အချိန်ယူပါ။

ပုံမှန် ဟန်းနီးမွန်း ခရီးတွေကိုတော့ (၂ ညအိပ် ၃ ရက်)၊ ( ၃ ညအိပ် ၄ ရက်) ခရီးတွေက အကောင်းဆုံးပါ။

ဒီခရီးမျိုးလေးတွေအတွက် အစ အဆုံး ပြင်ဆင်ပေးထားတဲ့ Tour Package တွေလည်း ရှိပါတယ်။

ဟန်းနီးမွန်းခရီးလေးအတွက်ကိုတော့ အချိန် အကြာကြီး သွားတာကလည်း အဆင်မပြေသလို အချိန် သိပ်တိုတာကလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။

အကောင်းဆုံး အချိန်ကတော့ ရတဲ့နားရက်လေးနဲ့ လိုက်ပြီး သက်တောင့်သက်သာ နားနားနေနေ သွားလို့ ရမယ့်နေရာနဲ့ အချိန်ကို ကိုက်ပြီး သွားတာ အကောင်းဆုံးပါပဲ။

မင်္ဂလာပွဲလေး ပြီးလို့ ဟန်းနီးမွန်း ခရီးစဉ်လေးအတွက် ပြင်ဆင်တဲ့အချိန်မှာ အကောင်းဆုံး ပြင်ဆင်နိုင်အောင်လို့ ပြောပြပေးလိုက်ပါတယ်။

Car/Truck Rental အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း ၇၈၀ ကိုရှာရန်နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

အားလုံးပဲမဂၤလာပါရွင္။ဒီေန႔မွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြကို ၾကည္ႏူးစရာ ဟန္းနီးမြန္းခရီးစဥ္ကိုဖန္တီးႏိုင္ဖို႔ အႀကံဉာဏ္ေလးေတြေဝမွ်ေပးခ်င္ပါတယ္။

ဟန္းနီးမြန္းခရီးေလးအတြက္ကိုေတာ့ အခ်ိန္ အၾကာႀကီး သြားတာကလည္း အဆင္မေျပသလို အခ်ိန္ သိပ္တိုတာကလည္း အဆင္ ေျပမွာ မဟုတ္ပါဘူး။

ကိုယ္သိပ္ခ်စ္ရတဲ့သူနဲ႔မဂၤလာပြဲေလးကို ျပဳလုပ္လိုက္ၿပီးၿပီ ဆိုရင္ေတာ့ Honeymoon ခရီးစဥ္ေလးအတြက္လည္းစီစဥ္ၾကရပါၿပီေနာ္။

ဟန္းနီးမြန္းေလးမွာႏွစ္ေယာက္သားၾကားက ရင္းႏွီးမႈေလးေတြ တိုးလာေအာင္နဲ႔ မဂၤလာပြဲအတြင္ ျပင္ရတာေတြကို

အနားရေအာင္ သြားေပးရတဲ့ခရီးေလး ျဖစ္တာေၾကာင့္ အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳတင္ ျပင္ဆင္ထားႏိုင္ဖို႔ အေရးႀကီးပါတယ္ေနာ္။

ဟန္းနီးမြန္း သြားေတာ့မယ္ဆိုရင္ နားရက္အတြက္ အခ်ိန္ ဘယ္ေလာက္ရသလဲ ဆိုတာကို အရင္ဆုံး တြက္ရမွာပဲ ျဖစ္ပါတယ္။

တကယ္လို႔ နားရက္က (၇) ရက္ရတယ္ ဆိုရင္ေတာ့ ဟန္းနီးမြန္း ခရီးအတြက္ (၅) ရက္ပဲ အလြန္ဆုံး အသုံးျပဳပါ။

ဒါမွ ခရီးက အျပန္ ေရာက္တာနဲ႔ တန္းၿပီး လုပ္စရာ ရွိတာ လုပ္ရတာမ်ိဳး၊ အလုပ္ ခ်က္ခ်င္း ျပန္ဆင္းရတာမ်ိဳးေၾကာင့္ ဆိုရင္ နားခ်ိန္ မရဘဲပိုပင္ပန္းမွာ စိုးလို႔ပါ။

ဟန္းနီးမြန္းက အျပန္ အိမ္မွာ ျပန္နားဖို႔ အခ်ိန္ တစ္ရက္ ႏွစ္ရက္ေလာက္ ခ်န္ထားၿပီးမွာ က်န္တဲ့ရက္အတိုင္း ဟန္းနီးမြန္းခရီးအတြက္ အခ်ိန္ယူပါ။

ပုံမွန္ ဟန္းနီးမြန္း ခရီးေတြကိုေတာ့ (၂ ညအိပ္ ၃ ရက္)၊ ( ၃ ညအိပ္ ၄ ရက္) ခရီးေတြက အေကာင္းဆုံးပါ။

ဒီခရီးမ်ိဳးေလးေတြအတြက္ အစ အဆုံး ျပင္ဆင္ေပးထားတဲ့ Tour Package ေတြလည္း ရွိပါတယ္။

ဟန္းနီးမြန္းခရီးေလးအတြက္ကိုေတာ့ အခ်ိန္ အၾကာႀကီး သြားတာကလည္း အဆင္မေျပသလို အခ်ိန္ သိပ္တိုတာကလည္း အဆင္ေျပမွာ မဟုတ္ပါဘူး။

အေကာင္းဆုံး အခ်ိန္ကေတာ့ ရတဲ့နားရက္ေလးနဲ႔ လိုက္ၿပီး သက္ေတာင့္သက္သာ နားနားေနေန သြားလို႔ ရမယ့္ေနရာနဲ႔ အခ်ိန္ကို ကိုက္ၿပီး သြားတာ အေကာင္းဆုံးပါပဲ။

မဂၤလာပြဲေလး ၿပီးလို႔ ဟန္းနီးမြန္း ခရီးစဥ္ေလးအတြက္ ျပင္ဆင္တဲ့အခ်ိန္မွာ အေကာင္းဆုံး ျပင္ဆင္ႏိုင္ေအာင္လို႔ ေျပာျပေပးလိုက္ပါတယ္။

Car/Truck Rental အငွားယာဥ္ဝန္ေဆာင္မႈလုပ္ငန္း ၇၈၀ ကုိရွာရန္ႏွိပ္ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under