စုံတွဲလေးတို့ ဆောင်းတွင်းမှာ ဟန်းနီးမွန်းထွက်မယ် စိတ်ကူးထားရင်

စုံတွဲလေးတို့ ဆောင်းတွင်းမှာ ဟန်းနီးမွန်းထွက်မယ် စိတ်ကူးထားရင် google

သီတင်းကျွတ်နောက်ပိုင်းမှာ မင်္ဂလာဆောင်ပွဲလေး ကျင်းပခဲ့တဲ့ စုံတွဲလေး တော်တော်များများကတော့ ခုလို ဆောင်းတွင်းမှာ ဟန်းနီးမွန်း ခရီးစဉ်လေးတွေ စီစဉ်ထားလေ့ ရှိပါတယ်။

 

 စုံတွဲလေးတို့ ဆောင်းတွင်းမှာ ဟန်းနီးမွန်းထွက်မယ်ဆိုရင် ဘာတွေ လိုမလဲဆိုတာ သိထားပေးပါနော်။

 

ဟန်းနီးမွန်း ထွက်မယ့်နေရာက ဆောင်းတွင်းမှာ ပုံမှန်ထက်ပိုပြီး အေးတဲ့ ဒေသလား။ တောင်ကြီး၊ ကလောဆိုရင် ပုံမှန်ထက် အများကြီး ပိုအေးတယ်လေနော်။ စုံတွဲလေးတို့ ရွေးချယ်ထားတဲ့ နေရာပေါ်မူတည်ပြီး အဝတ်အစားတွေကအစ ရွေးချယ်ဖို့ လိုပါတယ်။

 

စုံတွဲလေးတို့က ဆောင်းတွင်းခရီးပေမယ့် ကမ်းခြေလို နေရာမျိုးလေး ရွေးချယ်ထားရင်တော့ မနက်ခင်းမှာ အေးပြီး နေ့လည်ခင်းမှာ ပုံမှန်ရာသီဥတုမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ အဝတ်အစားကို အထူကြီး များများစားစား ထည့်စရာ မလိုပါဘူးနော်။ ဆောင်းတွင်းခရီးသွားတာကိုမှ ဆောင်းတွင်းဆို တနေကုန် အေးနေတတ်တဲ့ ဒေသတွေကို ရွေးမယ်ဆိုရင် အနွေးထည်ထူထူတွေ အများကြီး ထည့်ပါ။

 

ဟန်းနီးမွန်းဆိုတာ နှစ်ယောက်သား ချစ်ကြည်နူးတဲ့ အချိန်လေး ဖြစ်တာမို့ အကြင်နာ အနမ်းတွေ ချိုမြိန်ဖို့ လိုတယ်နော်။ ဆောင်းတွင်း အရမ်းအေးတယ်ဆိုရင် နှုတ်ခမ်းကွဲတာတွေ၊ နှုတ်ခမ်းခြောက်တာတွေ ဖြစ်တတ်ပါတယ်။ ဇနီးလေးတို့ ဂရုစိုက်ဖို့ လိုတယ်နော်။ မဟုတ်ရင်တော့ နှုတ်ခမ်းကွဲနေတာကြောင့် အနမ်းလေးတွေ မချိုမှာစိုးလို့ပါ။ ဇနီးလေးတို့ နှုတ်ခမ်းနီ အဆီလေးတွေ ဆောင်သွားဖို့ မမေ့ပါနဲ့နော်။

 

ဆောင်းတွင်းမှာ ခရီးထွက်မယ်ဆိုရင်တော့ အသားပတ်တာတွေ၊ အသားခြောက်တာတွေ ဖြစ်မှာပါ။ ကြိုတင်ကာကွယ်ဖို့တော့ လိုပါတယ်နော်။ စုံတွဲလေးတို့ ဟန်းနီးမွန်းကာလမှာ အရာအားလုံး လှပကောင်းမွန်နေဖို့ လိုတယ်လေ။ Body lotion နဲ့ အစိုဓါတ်ပါတဲ့ ခရင်မ်လေးတွေ များများ လိမ်းပါ။ နေရောင်ကာခရင်မ်လည်း လိမ်းဖို့ မမေ့ပါနဲ့နော်။

 

ဟန်းနီးမွန်းထွက်တဲ့နေရာက အရမ်းကို အေးချမ်းပြီး တိတ်ဆိတ်တဲ့ ကျွန်းတွေဆိုရင် ဆေးဝါးလေးတွေ အလွယ်တကူ ဝယ်ယူဖို့ ခက်မှာပါ။ အအေးမိပျောက်ဆေးလေးတွေ၊ အကိုက်အခဲပျောက်ဆေးနဲ့ နှာစေးပျောက်ဆေးလေးတွေ သယ်သွားဖို့ မမေ့ပါနဲ့နော်။

 

 

Credit;Marry

Read times Last modified on Monday, 07 January 2019 14:21
Rate this item
(1 Vote)