ဟန်းနီးမွန်းအတွက်ရွှေးချယ်စရာဟောင်ကောင်ရဲ့အထင်ကရနေရာများ…

ဟန်းနီးမွန်းအတွက်ရွှေးချယ်စရာဟောင်ကောင်ရဲ့အထင်ကရနေရာများ… google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို ဟန်းနီးမွန်းအတွက်ရွှေးချယ်စရာဟောင်ကောင်ရဲ့အထင်ကရနေရာတွေကိုဖော်ပြပေးချင်ပါတယ်နော်။

ဘယ်လိုနေရာတွေလဲဆိုတော့ ကမ္ဘာပေါ်ရှိ အထင်ကရနေရာများရဲ့ Landmark များကို ပုံစံငယ်ဆောက်လုပ်ထားတဲ့ windows of the world ၊

တရုတ်ပြည်ရဲ့ အထင်ကရနေရာများနှင့် ရိုးရာအကအလှများကို ကြည့်ရှုခံစားနိုင်မယ့် တရုတ်တိုင်းရင်းသားကျေးရွာ၊

ကွမ်တုန်းပြည်နယ်ရဲ့ ပန်းမြို့တော်ရင်ပြင်နှင့် ကွမ်ကျိုးတာဝါ

ကွမ်ကျိုးမြို့ရဲ့ အစည်ကားဆုံးဈေးဝယ်လမ်းမကြီး တစ်ခုဖြစ်တဲ့ Shangxiajiu Road၊

ကွမ်းကျိုးမြို့အလှကို ကြည့်ရှုခံစားနိုင်ဖို့ ပုလဲမြစ်ထဲမှာ အပျော်စီးသင်္ဘောစီးကြမယ်။

မကာအိုမြို့အတွင်းရှိ ပေါ်တူဂီရှေးဟောင်း ဘုရားရှိခိုးကျောင်းဖြစ်တဲ့ St.Paul ဘုရားရှိခိုးကျောင်း

အနောက်တိုင်းဆန်တဲ့ အဆောက်အဦးတွေနဲ့ တည်ဆောက်ထားတဲ့ တံငါလှေဆိပ် (Fisherman Wharf)

မီးရောင်စုံများနှင့် အလှဖော်ထားတဲ့ Diamond Show

မကာအိုရဲ့ အထင်ကရနေရာတစ်ခုဖြစ်ပြီး နန်းတော်သဖွယ် ခမ်းနားတဲ့ Venetain Hotel မှာလည်း ဓာတ်ပုံသွားရိုက်ကြမယ်။

အမြင့်ပေ 1109 ပေရှိပြီး ကမ္ဘာပေါ်မှာ အမြင့်ဆုံး skyjump ရှိတဲ့ မကာအိုတာဝါ၊

ကမ္ဘာကျော်ပုဂ္ဂိုလ်များရဲ့ ဖယောင်းရုပ်ထုများရှိရာ Madame Taussaud၊

အနုပညာရှင်များ လက်ဝါးတံဆိပ်ရိုက်နှိပ်ထားတဲ့ ငွေကြယ်လမ်းမ(ခေါ်)Garden By the Star၊

ဟောင်ကောင်ရဲ့ အကြီးဆုံးကျွန်းတစ်ခုဖြစ်တဲ့ Lantau Island ကို ကောင်းကင်ကြိုးသိုင်းရထားဖြင့် Po Lin ဘုရားကြီးအား သွားရောက်ဖူးမျှော်မယ်။

နာမည်ကျော် Branded ပစ္စည်းများ ရောင်းချရာ City Gate Outlet Mall မှာလည်း သွားရောက်ဈေးဝယ်ကြမယ်။

ထင်ရှားကျော်ကြားပြီး လူကြိုက်များတဲ့ Hong Kong Disney Land အစရှိတဲ့ နေရာတွေမှာ ပျားရည်ဆမ်းခရီးလေးကို ကုန်ဆုံးနိုင်မှာဖြစ်ပါတယ်။

Wedding Planner (65) ဦးကိုသိရှိလိုပါကနှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...


















 

Myanmar Wedding Guide

 

jjjj

 

Read times
Rate this item
(0 votes)
Tagged under