ဟန်းနီးမွန်းခရီးစဉ်လေးအတွက်ကြိုတင်ပြင်ဆင်ထားသင့်တဲ့အချက်များ…

ဟန်းနီးမွန်းခရီးစဉ်လေးအတွက်ကြိုတင်ပြင်ဆင်ထားသင့်တဲ့အချက်များ… google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို ဟန်းနီးမွန်းခရီးစဉ်လေးအတွက်ကြိုတင်ပြင်ဆင်ထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

 

ဟန်းနီးမွန်းကာလကို ကြင်စဦးဇနီးမောင်နှံတွေအတွက် ရိုမန်တစ်ဆန်တဲ့ အခိုက်အတန့်လေးဖြစ်အောင်ဖန်တီးဖို့ စီစဉ်စရာတွေကလည်းများလွန်းပါတယ်နော်။

 

(1)နေရာရွေးချယ်ပါ။

 

အရင်ဆုံး နှစ်ယောက်သားဘယ်နေရာကိုသွားချင်လဲ။ဘယ်လောက်ကြာကြာခရီးထွက်မှာလဲစတာတွေကို တိုင်ပင်ဆွေးနွေးထားပါ။

 

ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတို့ဟာ ဟန်းနီးမွန်းအတွက် အစီအစဉ်ဆွဲဖို့အကောင်းဆုံးအချိန်ဖြစ်ပြီးတော့ ဂျူလိုင်နဲ့သြဂုတ်တို့ကတော့ ဥရောပနိုင်ငံတွေကို ခြေဆန့်ဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။

 

နှစ်ဦးစလုံးသဘောကျနှစ်သက်တဲ့ နေရာရွေးချယ်ပြီးရင်တော့ Booking စောစောလုပ်ဖို့လည်းမမေ့ပါနဲ့နော်။

 

nv1

 

(2) Transportation အတွက်အသေးစိပ် အစီအစဉ်ဆွဲပါ။

 

ရထား(သို့မဟုတ်)ကား(သို့မဟုတ်)လေယာဉ် စသဖြင့် သွားရေးလာရေးအတွက် လက်မှတ်တွေကြိုဖြတ်ပါ။တစ်နေရာကနေ တစ်နေရာကူးဖို့အတွက် ပျမ်းမျှကုန်ကျစရိတ်တွေကိုချတွက်ပါ။

 

(3) တခြားစုံတွဲတွေကို အတုမယူပါနဲ့။

 

Honeymoon Trip လေးကို နှစ်ဦးသားစိတ်ကူးလေးအတိုင်းပဲ အစအဆုံးစီစဉ်ပါ။ဥပမာ သူငယ်ချင်း၊ဆွေမျိုးတွေရဲ့ အကြံဉာဏ်တွေတောင် တတ်နိုင်ရင်မယူပါနဲ့နော်။

 

ကိုယ့်ရဲ့ ဟန်းနီးမွန်းဖြစ်လို့ ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်သင့်တယ်ဆိုတာကိုမမေ့ပါနဲ့။

 

nv2

 

(4) အပိုကုန်ကျစရိတ်တွေကိုလည်း မမေ့ပါနဲ့။

 

တခါတရံမှာ ဗီဇာနဲ့resort fee တွေက ခန့်မှန်းထားတာထက်ကုန်ကျတတ်တာကိုလည်း သတိထားပါနော်။အဲ့ဒီလိုအပိုကုန်ကျစရိတ်တွေအတွက် Budget ထည့်တွက်ထားပေးဖို့ လိုပါမယ်နော်။

 

(5) Social Media ပေါ်ကအမြင်တွေကို ဖိတ်ခေါ်ပါ။

 

ကိုယ့်ရဲ့ Honeymoon Plan လေးအကြောင်း Social Media ပေါ်မှာ ဖော်ပြပေးခြင်းက လိုအပ်နေတဲ့ ဟာကွက်တွေကို တခြားသူတွေရဲ့ Comment တွေကနေ သိနိုင်တာဖြစ်လို့ အရှုံးမရှိပါဘူး။

 

အခု Myanmar Wedding Guide ကဖော်ပြပေးခဲ့တဲ့ အချက်လေးတွေကတော့ ပရိတ်သတ်တွေအနေနဲ့ဟန်းနီးမွန်းခရီးစဉ်လေးတွေကို စီစဉ်တဲ့နေရာ အထောက်အကူပြုစေဖို့ ရည်ရွယ်ပါတယ်။

 

အားလုံးပဲ သာယာလှပတဲ့နေ့ရက်တွေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။

 

Refernce:brudes.com

 

ဓာတ်ပုံဆရာ(၈၁)ဦးကိုသိရှိလိုပါက နှိပ်ပါ။

 

 

 

Zawgyi ဖြင့်ဖတ်ရန်

 


 


 

(1)နေရာရွေးချယ်ပါ။

 


 


 


 


 


 


 


 


 


 


 


 


 


 


 

Refernce:brudes.com

 


 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Tuesday, 11 February 2020 10:43
Rate this item
(0 votes)
Tagged under