နေ့စဉ်လူမှုဘဝမှာ လက်ဝတ်ရတနာတွေဟာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်လို့နေပါပြီ။ အမျိုးသမီးတော်တော်များများကလည်း လက်ဝတ်ရတနာတွေကို စွဲလန်းနှစ်ခြိုက်စွာ ဝတ်ဆင်လာကြပါပြီ။
လက်ဝတ်ရတနာဝတ်ဆင်ခြင်းဟာ အမျိုးသမီးတွေကို ပိုမိုကျော့ရှင်းလှပစေပြီး စွဲဆောင်မှုရှိအောင်လည်း အထောက်အပံ့ပေးကြပါတယ်။ လက်ဝတ်ရတနာဆိုတဲ့နေရာမှာ လက်စွပ်၊ နားကပ်၊ ခြေချင်း၊ ဆွဲကြိုးနဲ့ လက်ကောက်ဆိုပြီး အမျိုးအစားကွဲတွေ များစွာရှိပါသေးတယ်။ အဲဒီလက်ဝတ်ရတနာတွေကို ဆွဲဆောင်မှုရှိအောင် ပုလဲ၊ စိန် စတဲ့ကျောက်မျက်ရတနာတွေနဲ့ ဖန်တီးကာ ဒီဇိုင်းအမျိုးမျိုးပြုလုပ်ရောင်းချကြပါတယ်။ ချစ်ခြင်းမေတ္တာတွေကို ဖော်ကြူးတဲ့ အဆင်တန်ဆာလည်းဖြစ်တဲ့အတွက် အမျိုးသားတွေက အမျိုးသမီးတွေကို လက်ဆောင်ပေးတဲ့အခါမှာ အကောင်းတကာ့ အကောင်းဆုံးတန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ရွေးချယ်ဝယ်ယူကာ ပေးတတ်ကြပါတယ်။ တန်ဖိုးအကြီးဆုံး လက်ဝတ်ရတနာတံဆိပ်တွေများစွာထဲကမှ ဈေးနှုန်းလည်းအလွန်မြင့်မားပြီး အကောင်းတကာ အကောင်းဆုံးလည်းဖြစ်တဲ့ လက်ဝတ်ရတနာ Brand တွေကတော့-
(၁) Cartier

Cartier ကို Louis- Francois Cartier က 1847 ခုနစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Cartier ဟာ Paris အခြေစိုက် Brand ဖြစ်ပြီး ရှေးကျတဲ့ Brand လည်းဖြစ်ကာ ကမ္ဘာ့တစ်ဝှမ်းလုံးရှိလူတွေရဲ့ လေးစားမက်မောမှုကို ရရှိထားတဲ့ Brand လည်း ဖြစ်ပါတယ်။အဓိကကတော့ လက်ဝတ်ရတနာတွေနဲ့ နာရီတွေကြောင့် ထင်ပေါ်ကျော်ကြားရခြင်း ဖြစ်ပါတယ်။ ဘယ်လောက်တောင် ကျော်ကြားလဲဆိုရင် ဆိုင်ခွဲပေါင်း 200 ကို နိုင်ငံပေါင်း 125 နိုင်ငံမှာ ဖွင့်လှစ်နိုင်တဲ့အထိ အောင်မြင်ကျော်ကြားပါတယ်။ ဘာကြောင့် ဒီလောက်အောင်မြင်ကျော်ကြားရလဲဆိုတော့ လက်ဝတ်ရတနာဒီဇိုင်းတွေကို Customer တွေလိုချင်တဲ့အတိုင်း အတိအကျ ပုံဖော်ဖန်တီးပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ပထမဆုံးပြောင်မြောက်တဲ့လက်ဝတ်ရတနာကို 1860 ခုနစ်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ Cartier ရဲ့ လက်ဝတ်ရတနာထုတ်ကုန်တွေမှာ အဆင့်မြင့်ပြီး တန်ဖိုးကြီးမားတဲ့ အကောင်းဆုံးသောကျောက်မျက်ရတနာတွေနဲ့သာ ဖန်တီးပြုလုပ်ထားတဲ့အတွက် နှစ်ရှည်လများ အောင်မြင်မှုကို ထိန်းထားနိုင်ခြင်း ဖြစ်ပါတယ်။ 6.5 လက်မအရွယ်အစားရှိတဲ့ စိန်နဲ့ မဟူရောင်ကျောက်လက်ကောက်ကတော့ Cartier ရဲ့ အကျော်ကြားဆုံးလက်ဝတ်ရတနာဖြစ်ပြီး $7 Million ကျော်အထိ ရောင်းအားကောင်းခဲ့ပါတယ်။
(၂) Harry Winston

1932 ခုနစ်မှာ စတင်တည်ထောင်ခဲ့ပြီး အမေရိကန်လက်ဝတ်ရတနာ Brand တွေထဲမှာ ထင်ပေါ်ကျော်ကြားတဲ့ Brand တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ဒီ Brand ရဲ့ လှပတဲ့ လက်ဝတ်ရတနာဒီဇိုင်းတွေနဲ့ တန်ဖိုးကြီးနာရီတွေကြောင့် ထိပ်တန်း Brand ၁၀ ခု စာရင်းထဲမှာပါဝင်ခဲ့ပါတယ်။ Winston အခြေစိုက် Brand ဖြစ်ပြီး ဆန်းသစ်သော စိတ်ကူးနဲ့ ဒီဇိုင်းတွေကို ပုံဖော်ဖန်တီးထားတာကြောင့် ကမ္ဘာ့ကျော်နေရခြင်း ဖြစ်ပါတယ်။ Founder ဖြစ်သူ Harry Winston က သူ့ရဲ့လက်ဝတ်ရတနာတွေမှာ အရှားပါးဆုံးကျောက်များကိုသာ အသုံးပြုပြီး အစိတ်အပိုင်းတစ်ခုချင်းစီကို ကျွမ်းကျင်လက်မှုပညာရှင်များနဲ့ သေသေချာချာ ထွင်းထုကာပြုလုပ်စေတဲ့အတွက် အရည်အသွေးပိုင်းနဲ့ ခိုင်မာမှုကိုတော့ စစ်ဆေးခံစရာမလိုလောက်အောင် ပြည့်စုံကောင်းမွန်ပါတယ်။
(၃) Alfred Van Cleef

Alfred Van Cleef က လက်ဝတ်ရတနာ Brand တွေထဲမှာ ဂုဏ်သတင်းကြီးတဲ့ Brand တစ်ခုဖြစ်ပြီး Estelle Arpels နဲ့ Alfred Van Cleef တို့ ပူးပေါင်းတည်ထောင်ထားတာ ဖြစ်ပါတယ်။ France အခြေစိုက် Brand တစ်ခုဖြစ်ပြီး သူများနဲ့မတူ ဆန်းသစ်တဲ့ လက်ဝတ်ရတနာအသွင်အပြင်တွေကြောင့် လူတွေကြားမှာ ရေပန်းစားလျှက်ရှိပါတယ်။ ဒါအပြင် Alfred Van Cleef ရဲ့ နာရီတွေကလည်း လက်ဝတ်ရတနာနည်းတူ ထင်ပေါ်ကျော်ကြားပါတယ်။ ရိုးရှင်းပြီး ချစ်စဖွယ်ကောင်းတဲ့ နာရီတွေကြောင့် နာရီဈေးကွက်မှာလည်း အောင်မြင်မှုတွေ သိမ်းပိုက်ရရှိလို့နေပါတယ်။ ဒီ Brand ရဲ့ ထူးခြားချက်ကတော့ သူတို့နာရီဒိုင်ခွက်တွေကို ဌက်ပုံ၊ တိရစ္ဆာုန်ပုံ၊ ပန်းပုံတွေနဲ့ စွဲဆောင်မှုရှိအာင် အဆင်တန်ဆာတွေဆင်ကာ မိတ်ဆက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
Credit: Akhayar




