ကျောက်စိမ်း အသွေး အရောင်များ (၁)

ကျောက်စိမ်း အသွေး အရောင်များ (၁) Kyauk Sein

ကျောက်စိမ်းသည် မြမျိုးနွယ်ဝင်ဖြစ်ပြီး ကျောက်၏ အရည်အသွေး အရောင်အဆင်း (၃၄)မျိုးရှိသည်။

 

 

အမျိုးအစားအများကြီးထဲမှ ပထမတန်းစား ထင်ရှားသော အရည်အသွေး အရောင်အဆင်းများရှိတဲ့ ကျောက်စိမ်းအမျိုးအစားမျာကို Gold & Jewellery ပရိတ်သတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။

 

(က) ပိုးမည်းတောင်ဇာကောင်၏ လည်ကုပ်အရောင်

မြစိမ်းရောင်အလွန်တောက်ပသော ပိုးမည်းတောင်ဇာကောင်၏ လည်ကုပ်မှ အစိမ်းရောင်မျိုးဖြစ်သည်။ကျောက်စိမ်းတို့မည်သည် ထူးထူးခြားခြား ကောင်းလာပြီဆိုပါက မြသားကဲ့သို့ စိမ်းစိုရွဲကာ တောက်ပ နေကြ၏။ထို့ကြောင့် ကျောက်စိမ်းကောင်းလျှင် မြသားဟုပင် ဆိုရိုးစကားတစ်ခု ရှိခဲ့၏။ မြကြီး(သီတာမြ)ကဲ့သို့ကျောက်စိမ်းမျိုးကား ရှားပါး အဖိုးတန်လှတော့သည်။ ပိုးမည်းတောင်ဇာ(ရွှေပိုးကောင်)၏ လည်ကုပ်အရောင်ကိုတရုတ်လူမျိူးတို့က “တန်လုရွှေ”ဟု ခေါ်ကြ၏။

 

(ခ) ဒေါင်းမြီးလည်ရောင်

ကျောက်စိမ်းအရောင်သည် ဒေါင်းမြီးကဲ့သို့ စိမ်းစိုနေခြင်းကို ဆိုလိုပါသည်။

 


(ဂ) ကတ္တီပါအစိမ်းရောင်

အစိမ်းရောင်ရှိသော ကတ္တိပါကဲ့သို့ စိမ်းစိုတောက်ပနေခြင်းကို ဆိုလိုပါသည်။

 

(ဃ) ဆွေးလုရည်အရောင်

တရုတ်စကားမှလာသော ဝေါဟာရတစ်ခုဖြစ်၏။ စိုပြည်သော အစိမ်းရောင်တွင် အဝါရည်သမ်းသလိုလိုထင်ရအောင် အရောင်နှစ်မျိုးရောယှက်နေ၏။

 

(င) လန့်လုရည်အရောင်


လန့်လုရည်အရောင်ဆိုသည်မှာလည်း တရုတ်စကားမှ လာသော ဝေါဟာရတစ်ခုပင်ဖြစ်၏။ အစိမ်းရောင်ထဲတွင် အပြာရောင်အနည်းငယ် သမ်းသလိုလို မြင်ရသည်။

 

 

Ref: Kyauk Sein

Read times
Rate this item
(0 votes)
Tagged under