ကမ္ဘာ့ရွှေဈေး တက်ရှိန်ကောင်းနေဆဲ

ကမ္ဘာ့ရွှေဈေး တက်ရှိန်ကောင်းနေဆဲ

ကမ္ဘာ့ရွှေဈေး တက်ရှိန်ကောင်းနေဆဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အမေရိကန်ပြည်ထောင်စုတွင် ငွေကြေးဖောင်းပွမှု အေးသွားခြင်းကြောင့် ဗဟိုဘဏ် အတိုးနှုန်း မြှင်တင်နှုန်း နှေးလိုက်တဲ့အတွက် ရွှေသတ္တုက တွက်‌ေြခပိုကိုက်မည်ဟု ရင်းနှီးမြှုပ်နှံသူများက ရှုမြင်ကြသဖြင့် ရွှေအဝယ်လိုက်ပြီး ရွှေဈေးဆက်လက် မြင့်တက်နေသည်။

 

ရွှေကြိုပွိုင့် ဈေးနှုန်း ၈ လတာအတွင်း အမြင့်ဆုံးသို့ ဗုဒ္ဓဟူးနေ့ (ဇန် ၁၁) တွင်ရောက်ရှိခဲ့ပြီး  တစ်အောင်စလျှင် $1,882 အထိ ၁၄% မြင့်တက်လာခဲ့သည်။

ရင်းနှီးမြုပ်နှံသူများသည် အတိုးနှုန်းများ မြင့်တက်လာသောအခါတွင် အစိုးရငွေချေးစာချုပ်များကဲ့သို့သော ပုံမှန်ဝင်ငွေ ရရှိနေစေသည့် ပိုင်ဆိုင်မှုများထံသို့ စုပြုံရောက်ရှိသွားတတ်သည်။

အမေရိကန် ဗဟိုဘဏ်သည် တရိပ်ရိပ်တက်လာနေသည့်  ငွေကြေးဖောင်းပွမှုကို ထိန်းညှိရန် ကြိုးပမ်းမှုတွင် အတိုးနှုန်းကို မြှင့်တင်ပေးခဲ့ခြင်းကြောင့် ယမန်နှစ် ဧပြီလတွင် ရွှေစျေးများ ကျဆင်းခဲ့သည်။

ယခုအခါ ကုန်ဈေးနှုန်း ဖြည်းဖြည်းသာ တက်တော့သဖြင့် အမေရိကန် ဗဟိုဘဏ်သည်လည်း အတိုးနှုန်းကို ဖြည်းဖြည်းသာ မြှင့်တင်လိမ့်မည်ဟု ယူဆကြသဖြင့် အတိုးနှုန်းထက် ပိုတွက်ခြေကိုက်မည်ဟု ယူဆကြသည့် ရွှေကို ဝယ်လိုအား မြင့်တက်လာသည်။ 

 

ရင်းနှီးမြုပ်နှံသူများအကြား အကောင်းမြင်မှုများရှိနေသော်လည်း အမေရိကန် ဗဟိုဘဏ်သည် မူဝါဒအပြောင်းအလဲကို ပြောဆိုခြင်းမရှိသေးပေ။

 

ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန် ဗဟိုဘဏ်၏ ဒီဇင်ဘာလ အစည်းအဝေး မှတ်တမ်းအကျဉ်းချုပ်ကို ထုတ်ပြန်ပေးခဲ့ရာ ထပ်မံ အတိုးနှုန်း တိုးမြှင့်ခြင်း လမ်းကြောင်းမှ ဝေးရာသို့ လှည့်ထွက်ရန်အတွက် မည်မည်ရရ ပိုခိုင်လုံသော အထောက်အထား လိုအပ်ကြောင်း အသိပေးထားသည်။

 

 အချို့နိုင်ငံများတွင်လည်း အရန်ရွှေကို ခါတိုင်းထက် ပမာဏ ပိုမိုများပြားစွာ ထားရှိကြသဖြင့် ရွှေဈေးတက်စေရန် တွန်းအားများ ဖြစ်ပေါ်နေစေသည်။

ဒေါ်လာတန်ဖိုး ကျဆင်းသွားသောကြောင့် မကြာသေးမီလများအတွင်း ဗဟိုဘဏ်များ ရွှေဝယ်ရန် ငွေလဲနှုန်းအရ ယခင်ကထက် စျေးသက်သာခဲ့သည်။ သို့ဖြစ်ရာ အရန်ရွှေကို ထပ်တိုးဖို့ သက်သာနေစေသည်။

“ဗဟိုဘဏ်တွေဆီက ရွှေဝယ်တာတွေ အများကြီးတွေ့နေရတယ်။  အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားမှုကို လျှော့ချလိုတဲ့ နိုင်ငံအများအပြား ရွှေဝယ်နေကြတာမှာ မျှော်လင့်ထားတဲ့အတိုင်း ရုရှားနှင့် တရုတ်တို့က အများအပြား ဝယ်ကြတယ်" ဟု Capital Economics မှ ကုန်စည်စီးဆင်းမှုဆိုင်ရာ ဘောဂဗေဒပညာရှင် ကာရိုလိုင်းဘိန်းက CNN သို့ ပြောကြားခဲ့သည်။

 

ရင်းနှီးမြှုပ်နှံသူများသည်လည်း မသေချာမရေရာသော အချိန်အခါများတွင် ရွှေကို စိတ်ချရသည်ဟု ရှုမြင်ကြပါသည်။

 

ရွှေသည် တန်ဖိုးအမြဲခိုင်မာနေသည့် ရုပ်ဝတ္ထုဖြစ်သဖြင့်  ငွေကြေးဖောင်းပွမှုကို တန်ပြန်ရန်  အကာအကွယ်ကောင်းတစ်ခုအဖြစ် မကြာခဏ ရှုမြင်ကြသည်။ 

 

၂၀၂၀ ခုနှစ် ဩဂုတ်လတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုကာလအတွင်း ရွှေဈေးသည် အမြင့်ဆုံးပေါင် ၂,၀၇၂ သို့ ရောက်ရှိခဲ့သည်။

 

ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုအန္တရာယ်သည် ရင်းနှီးမြုပ်နှံသူများအတွက် ရွှေသည် ဆွဲဆောင်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု ကမ္ဘာ့ရွှေကောင်စီရှိ EMEA(Europe, Middle East, Africa) ဒေသအတွက် အကြီးတန်း စျေးကွက်လေ့လာသုံးသပ်သူ Krishan Gopaul က CNN သို့ ပြောကြားခဲ့သည်။

Source CNN

Source: Samsung

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 12 January 2023 11:05
Rate this item
(0 votes)