ပတ္တမြား နှင့် မိုးကုတ်မြို့ဖြစ်တည်လာပုံ အကျဉ်းချုပ်

ပတ္တမြား နှင့် မိုးကုတ်မြို့ဖြစ်တည်လာပုံ အကျဉ်းချုပ် Kyauk Sein

ပတ္တမြားသည် ဘုန်းတန်ခိုးကြီးမားခြင်း ရန်သူအန္တရာယ်မှ ကာကွယ်နိုင်စွမ်းရှိသည်ဟု အယူရှိကြသည်။ ပတ္တမြားကို ကမ္ဘာ ‌မြေ၏ နှလုံးသွေးစက်ဟုတင်စားကြသည်။

 

သဘာဝတွင်းထွက်ကျောက်မျက်များတွင် စိန်ပြီးလျှင် ဒုတိယ မာခြင်းအဆင့်ရှိ၍ မာခြင်းအဆင့်မှာ ၉ ဖြစ်သည်။ ပတ္တမြားဟူသော အမည်မှာ ရှေးက ပြဒါးဓာတ်များ ကိန်းအောင်းရာမှ ဖြစ်တည်လာသည်ဟု အယူရှိသောကြောင့် ပြဒါးများဟုခေါ်တွင်ရင်း နောင်အခါတွင် ပတ္တမြားဟုခေါ်ဆိုခြင်းဖြစ်လာသည်ဟုသိရပါသည်။

 

မြန်မာကို ကမ္ဘာတွင် အသိများစေခဲ့ခြင်းတွင် မိုးကုတ်မြို့သည် မပါမဖြစ်ပါဝင်ခဲ့ပေသည်။ မိုးကုတ်အစ သဖန်းပင်က ဟု ဆိုစမှတ်ပြုကြသည်။ အကြောင်းရင်းမှာ မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ်တွင် မိုးမိတ်မှ ရှမ်းမုဆိုး ၃ ဦး တောလိုက်ရင်း မျက်စိလည် လမ်းမှားကာ မိုးကုတ်မြို့ဖြစ်တည်လာမည့် တောင်ခြေရင်းရှိ သဖန်းပင်အောက် ရောက်ရှိလာကြသည်။မိုးချုပ်သွားပြီး လမ်းစရှာမရသဖြင့် သဖန်းပင်ကြီးအောက်တွေ အိပ်စက်နားခိုလိုက်ရပါသည်။

 

 

 

နံနက်အလင်းရောက် မိုးသောက်ချိန်ရောက်သောအခါ အနီးရှိတောင်ကမ်းပါးယံတွင် ကျီး၊စွန်များပျံဝဲနေသဖြင့် သွားရောက်ကြာ့်ရှုရာ အနီတောက်တောက်ကျောက်များကိုတွေ့ရှိသဖြင့် ကောက်ယူခဲ့ကြပါသည်။နေရပ်သို့ရောက်ရှိသောအခါ စော်ဘွားကြီးထံ

ဆက်သကြပါသည်။မိုးမိတ်စော်ဘွားကြီးမှာ အဖိုးထိုက်တန်သောကျောက်မျက်များဖြစ်သဖြင့် ထိုနေရာကို လိုက်လံပြသစေပြီး ရွာတည်စေကာ ထိုနေရာကိုစောင့်ရှောက်စေခဲ့ပါသည်။သဖန်းပင်ကြီးကို အစွဲပြု၍ သဖန်းပင်ရွာဟုခေါ်တွင်ခဲ့ပါသည်။

 

 

မိုးကုတ်ဟုခေါ်တွင်လာပုံမှာ မိန်းကုဟူသော စကားလုံးနှင့် မိန်းကွတ် ဟူသော ရှမ်းဘာသာစကားမှ ဆင်းသက်လာသည်ဟုသိရပါသည်။ မိန်းကုဟူသော ရှမ်းဘာသာစကားမှာ “မိန်း´´ဆိုသည်မှာ မြို့ “ကု´´ဆိုသည်မှာ ခမောက် ထို့ကြောင့် ခမောက်နှင့်တူသောမြို့ဖြစ်သည်။မိုးကုတ်မြို့တည်နေပုံမှာ တောင်များဝိုင်းရံထားသော ချိုင့်ဝှမ်းဖြစ်ပြီး ခမောက်တစ်လုံးကို ပက်လက်လှန်ထားသလိုဖြစ်ပါသည်။ထို့ကြောင့်မိန်းကုဟု ခေါ်ဆိုခြင်းဖြစ်သည်။

 

မိန်းကွတ်သည်လည်း ရှမ်းဘာသာစကားဖြစ်၍ " မိန်း မြို့ ကွက် " ကောက်ကွေ့သောကောက်ကွေ့သောမြို့ဟု ဆိုလိုသည်။ မိုးကုတ်သွားရာလမ်းတစ်လျောက်နှင့် မိုးကုတ်မြို့တည်နေပုံမှာကောက်ကွေ့နေသောကြောင့် မိန်းကွတ်ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။

ခေတ်ကာလ ရွေ့လျားကူးပြောင်းလာသည်နှင့် အမျှ မိန်းကု မိန်းကွတ် အမည်မှ မိုးကုတ်ဟု ပြောင်းလဲလာခြင်းဖြစ်သည်ဟု ဆိုကြပါသည်။

 

 

 

Ref: Kyauk Sein

Read times Last modified on Saturday, 17 October 2020 18:36
Rate this item
(0 votes)