ပတ္တမြားဝယ်နည်းလမ်းညွှန်

ပတ္တမြားဝယ်နည်းလမ်းညွှန်

ကမ္ဘာပေါ်ရှိ ၉၀% သော ပတ္တမြားသည် မြန်မာပြည်မှထွက်ရှိပြီး မြန်မာနိုင်ငံသည် ယင်းပတ္တမြားများအတွက် ထင်ပေါ်ကျော်ကြားသည်။ ပတ္တမြားသည် အဓိကအားဖြင့် မိုးကုတ်မြေမှထွက်သည်။

 

အရောင်

ပတ္တမြားတွင် အရောင်သည် အရေးအကြီးဆုံးအချက်တစ်ခုဖြစ်ပြီး ယင်းတွင်ပါဝင်သော ခရိုမီယမ်နှင့် သံဓာတ်တို့အပေါ်မူတည်၍ အရောင်အမျိုးမျိုးကွဲပြားသွားပါသည်။ ပတ္တမြား၏အရောင်သည် သုံးစွဲသူ၏ တစ်ကိုယ်ရေ ကြိုက်နှစ်သက်မှုအပေါ်တွင် အခြေခံသော်လည်း အကောင်းဆုံးပတ္တမြားများမှာကား အပြစ်ကင်းခြင်း၊ စိုသောအနီရောင်မှ ခရမ်းရောင်ဖျော့ဖျော့သန်းသော အနီရောင်အထိ ရှိခြင်းများဖြင့် ပြည့်စုံရမည်။ အတွေ့ရအများဆုံးအရောင်မှာ သန့်စင်ကြည်လင်သော အနီရောင်မှ ပြာလဲ့ရောင်သန်းသော အနီရောင်အထိဖြစ်သည်။ ယင်းပြာလဲ့ရောင်သန်းနေသော အနီရောင်ကို ခိုသွေးရောင်ဟုခေါ်သည်။ အကယ်၍ ပတ္တမြားသည် ခရမ်းရောင်ရင့် သို့မဟုတ် လိမ္မော်ရောင်အရင့် ရှိနေပါက လူကြိုက်အနည်းဆုံးဖြစ်သည်။

ဒုတိယအကောင်းဆုံးအရောင်မှာ မြန်မာအခေါ်အားဖြင့် ယုန်သွေးရောင်ဟု ခေါ်ပြီး အနည်းငယ်ရင့်ကာ အပြာရောင်သန်းသည်။

တတိယအကောင်းဆုံးအရောင်မှာ ဘိုကြိုက်အရောင်ဟုခေါ်သည်။ ပန်းရောင်ရင့်ရင့်ဖြစ်သည်။

စတုတ္ထအကောင်းဆုံးအရောင်မှာ လက်ကောက်စေ့အရောင်ဖြစ်ပြီး ပန်းရောင်ဖျော့ဖျော့ဖြစ်သည်။ နောက်ဆုံး ကြိုက်နှစ်သက်ဆုံးအရောင်မှာ ကုလားငိုရောင်ဖြစ်သည်။ အနီရောင်ရင့်ရင့်ဖြစ်သည်။

 

အပြစ်အနာဆာကင်းခြင်း

သဘာဝတွင်းထွက်ပတ္တမြားအများစုမှာ အောင်းဝင်ပစ္စည်းများရှိကြသည်။ အလွန်ထင်ထင်ရှားရှားရှိသော အောင်းဝင်ပစ္စည်း သို့မဟုတ် ဖောက်ထွင်းမြင်နိုင်မှုကို လျော့ကျစေသော အောင်းဝင်ပစ္စည်း သို့မဟုတ် တောက်ပလွန်းအားကြီးမှုတို့သည် ပတ္တမြား၏ တန်ဖိုးကိုလျော့ကျစေသည်။ အကယ်၍ ပတ္တမြားသည် မျက်စိအမြင်တွေ ကြည်လင်ပြီး အပြစ်ကင်းစင်နေပါက ယင်းပတ္တမြားသည် အတုဖြစ်ကောင်းဖြစ်နိုင်သည်။

 

သွေးခြင်း

ပတ္တမြားကို ပုံစံအမျိုးမျိုးနှင့် သွေးပုံအမျိုးမျိုးရှိသည်။ ဘဲဥပုံများနှင့် ထိုင်စရာပုံများသည် အတွေ့ရများသည်။ သို့သော် အဝိုင်းသည် အခြားပုံသဏ္ဍာန်များဖြစ်သော အသည်းပုံနှင့် မြကွက်ပုံများထက် အတွေ့ရပိုများသည်။

 

အရွယ်အစား

ကြီးမားပြီး အရည်အသွေးမြင့်မားသော ပတ္တမြားသည် ရှားသည်။ ၅ ကာရက်အထက်ရှိသည့် ပြုပြင်စီရင် ထားခြင်းမရှိသော ပတ္တမြား၏ အကောင်းဆုံးအရည်အသွေးမှာ ကမ္ဘာ့တန်းဝင်ဖြစ်သည်။ ပတ္တမြားသည် အရွယ်အစားပေါ် မူတည်ပြီး ၁ ကာရက်ပေါ်တွင် အဲ့သြလောက်ဖွယ်ကောင်းအောင် ဈေးနှုန်းမြင့်သွားခြင်း ရှိသည်။

သဘာဝဖြစ်စဉ်များ

ပတ္တမြားသည် ဂေါ်ကြိုး၊ မျက်ရစ်တို့ပါတတ်သည်။ အကောင်းဆုံးပတ္တမြားမှာ ထင်ရှားသော မျက်ရစ် ၆ ခုပါပြီး တစ်ဖက်ခုံးတစ်ဖက်ပြား၏ အလယ်ကောင်တည့်တည့်တွင်ရှိသည်။ အကောင်းဆုံးပတ္တမြားမှာ ထင်ရှားသော မျက်ရစ်နှင့် ဂေါ်ကြိုးတို့ပါရှိပြီး ကြက်သွေးရောင်ခပ်ရင့်ရင့်ရှိသည်။

 

မိုးကုတ်ပတ္တမြားအဘယ်ကြောင့်နာမည်ကြီးသလဲ

မိုးကုတ်ပတ္တမြားတို့တွင် ကြက်သွေးရောင်ရင့်ရင့်ရှိပြီး မီးချောင်းကဲ့သို့ လင်းလက်နေသည်။ ယင်းလင်းလက်မှုက တစ်ဖက်သို့ ဖြတ်သန်းသွားသည်ထက် မျက်စိသို့အလင်းပြန်လာလေ့ရှိသည်။ အကောင်းဆုံး မိုးကုတ်ကျောက် များမှာ အနီရောင်ရှိကြသည်။ ယင်းပတ္တမြားတို့တွင် အပ်ချောင်းပုံအောင်းဝင်နေရာရှိပြီး တာပလာကွက်များ ပေါ်သို့ အလင်းရောင် ဖြန့်ကျက်လျက်ရှိကာ ကတ္တီပါကဲ့သို့ နူးညံ့သည်။ အကောင်းဆုံးပတ္တမြားတွင် ပိုးသားကဲ့သို့ နူးညံ့သော ရောင်ခြည်များ ဖြန့်ကျက်လျက်ရှိသည်။ မိုးကုတ်တွင် ခိုသွေးရောင်ရှိသော ပတ္တမြားများထွက်၍ နာမည်ကြီးသည်။

 

 

Gold & Jewellery Buying Guide

Read times Last modified on Friday, 20 November 2020 17:27
Rate this item
(3 votes)
Tagged under