မြန်မာနိုင်ငံမှာ ကျောက်မျက်ရတနာမျိုးစုံ ပေါများစွာထွက်ရှိပြီး ကမ္ဘာကျော် ကျောက်စိမ်းများကို လုံးခင်း၊
ဖားကန့် ရတနာမြေမှာလည်းကောင်း၊ ကမ္ဘာကျော် ပတ္တမြားများကို မိုးကုတ်ရတနာမြေနဲ့
မိုင်းရှူးရတနာမြေမှာလည်းကောင်း၊ နီလာနဲ့ အခြား ရောင်စုံကျောက်မျက်များကို
မိုးကုတ်ရတနာမြေမှာလည်းကောင်းစီးပွားဖြစ် တူးဖော်ထွက်ရှိကြပါတယ်။
မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းများက အထက်ဖော်ပြပါ ရတနာမြေအသီးသီးမှာ တိုင်းရင်းသားလုပ်ငန်းရှင်များ၊
နိုင်ငံတော်နဲ့ အကျိုးတူ ဆောင်ရွက်လိုတဲ့နိုင်ငံသားလုပ်ငန်းရှင်များကို လုပ်ကွက်စိစစ်ပြီး တူးဖော်လုပ်ကိုင်ခွင့်ပြုခြင်း၊
တူးဖော်ရရှိတဲ့ ကျောက်မျက်ရတနာများကို နှစ်စဉ် တစ်နှစ်လျှင် (၃) ကြိမ် ရတနာပြပွဲများ ပြုလုပ်ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။
ဒါ့ပြင် ကျောက်မျက်ရတနာပြတိုက်များကို နေပြည်တော်၊ ရန်ကုန်နဲ့ ဖားကန့် ( တန် - ၃၀၀၀ ) တို့မှာ ဖွင့်လှစ်ပြီ
း နိုင်ငံတော်အဆင့် ဧည့်သည်တော်ကြီးများ၊ အများပြည်သူနဲ့ နိုင်ငံခြားသားများကို ပြသခြင်း၊ စီမံထိန်းသိမ်ကွပ်ကဲခြင်းတွေကို ပြုလုပ်ပေးပါတယ်။
ကျောက်မျက်နဲ့ လက်ဝတ်ရတနာ အချောထည် ထုတ်လုပ်ရောင်းချနိုင်ရေးကိုလည်း ခွင့်ပြုအားပေးတဲ့အတွက်
ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး၊ ရန်ကုန်မြို့မှာ ဈေးကွက်ရရှိနေပါတယ်။
နိုင်ငံသားကျောက်မျက်ရတနာကုမ္ပဏီများကို မြန်မာ့ကျောက်မျက်ရတနာဥပဒေနဲ့အညီ ရတနာမြေများအလိုက်
ကျောက်မျက်နဲ့ ကျောက်စိမ်းတူးဖော်ခွင့်ပြုမိန့်များ စိစစ်ချထားပေးခြင်း၊ အဆိုပြုငွေများ နိုင်ငံတော်သို့ ပေးသွင်းခြင်းကိုလည်း ဆောင်ရွက်ပါတယ်။
နိုင်ငံတကာမှ ရတနာကုန်သည်များ၊ ကျောက်မျက်ပညာရှင်များက မြန်မာ့ကျောက်မျက်ရတနာပြပွဲများသို့
တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားစွာ တက်ရောက် ဝယ်ယူကြတဲ့အတွက် နိုင်ငံတော်ဝင်ငွေ တိုးတက်ရရှိနေကြောင်း သိရပါတယ်။
မြန်မာ့ကျောက်မျက်ရတနာများကို စိတ်ဝင်စားပြီး ရတနာပြပွဲများသို့ တက်ရောက်လိုပါက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနဲ့
ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း သိရပါတယ်။ ရုံးအမှတ် (၁၉)၊ နေပြည်တော်မှာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဌာနချုပ်ကို ဖွင့်လှစ်ထားပါတယ်။