COVID-19 ဒုတိယလှိုင်းအစမှ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီးသို့ ရွှေကုန်ကြမ်းအသစ်ဝင်ရောက်ခြင်းမရှိကြောင်းဆို

COVID-19 ဒုတိယလှိုင်းအစမှ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီးသို့ ရွှေကုန်ကြမ်းအသစ်ဝင်ရောက်ခြင်းမရှိကြောင်းဆို Google

COVID-19 ဒုတိယလှိုင်းစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီးရွှေဈေးကွက်အတွင်းသို့ ရွှေကုန်ကြမ်းအသစ်အဝင်မရှိဘဲ

 

နေ့စဉ် ပြန်လာရောင်းသည့်ရွှေများနှင့်သာ ဈေးကွက်အတွင်းတွင် လည်ပတ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က နိုဝင်ဘာ ၂၇ ရက်တွင်ပြောသည်။


“လာရောင်းတဲ့ အထည်တွေ က နေ့စဉ် ၁၅ ပိဿာ လောက်ရှိတယ်။ အဲဒါတွေကို ပြန်ကျိုပြီး အထည်သစ်ခတ်တယ်။ လူတွေလည်း အပြင်သိပ်မထွက်ရသေးတော့ ကုန်ကြမ်းမဝင်ပေမယ့် လည်ပတ်နိုင်တဲ့ အနေအထားရှိပါတယ်’’ ဟုပြောကြားခဲ့ပါသည်။


COVID-19 မတိုင်ခင်ပုံမှန်အချိန်များတွင် ရန်ကုန်တိုင်းဒေသကြီးသို့ မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ဘက်မှ ရွှေကုန်ကြမ်းများဝင်ရောက် ကြောင်းသိရသည်။


COVID-19 ကာလဖြစ်သောကြောင့် ရွှေလုပ်ကွက်တစ်ချို့လည်းရပ်နားထားရပြီး နယ်ကျော်ခွင့် ကန့်သတ်ချက်များရှိသောကြောင့် ရွှေကုန်ကြမ်းအဝင်ရပ်သွားရခြင်းဖြစ်ကြောင်း သိရသည်။ သပိတ်ကျင်း၊ စဉ့်ကူး၊ ကောလင်း၊ ဝန်းသို၊ ခန္တီးနှင့် ဟုမ္မလင်း မြို့များမှ ရွှေလုပ်ကွက်တစ်ချို့လည်း COVID-19 ကာလအတွင်း ရပ်နားထားရကြောင်း သိရသည်။


နိုဝင်ဘာ ၂၈ ရက် ၉နာရီတွင် မြန်မာ့ရွှေဈေးတစ်ကျပ်သားလျှင် ၁,၂၈၉,၀၀၀ ကျပ် ၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၈၀၉ ဒေါ်လာရှိကြောင်း သိရသည်။

 

 

Source: (Xinhua)

Read times
Rate this item
(0 votes)
Tagged under