ရွှေဟာ ရင်းနှီးမြှုပ်နှံမှုကောင်းတဲ့ အရာတစ်ခုဖြစ်နိုင်ပါသလား?

ရွှေဟာ ရင်းနှီးမြှုပ်နှံမှုကောင်းတဲ့ အရာတစ်ခုဖြစ်နိုင်ပါသလား? Google

ရွှေဟာအလွန်တန်ဖိုးရှိတဲ့ အဖိုးတန်ရတနာ တစ်ခုအဖြစ် အားလုံးက အသိအမှတ်ပြုခြင်းခံထားရပါတယ်။

 

ရွှေကို ပိုင်ဆိုင်ထားခြင်းဟာ ‌ငွေကြေးဖောင်းပွမှုအတွက် အကောင်းဆုံး စည်းရိုးတစ်ခုနဲ့ တူတယ်လို့လည်း ဆိုထားကြပါတယ်။ ရွှေကို ရင်းနှီးမြှပ်နှံခြင်းရဲ့ အဓိကအားသာချက်ကတော့

 

- ရွှေဟာ ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအား အခိုင်အမာ ရှိထားပြီးဖြစ်ပါတယ်။

- အပေါ်မှာ ပြောခဲ့သလိုပဲ ရွှေဝယ်ထားခြင်းဖြင့် ငွေကြေးဖောင်းပွမှုကိုလည်း လျှော့ချနိုင်ပါတယ်။

- ဘဏ္ဍာရေးဈေးကွက်အတွက်ဆိုလည်း ရွှေဟာ အကောင်းဆုံး စံနမူနာတစ်ခုဖြစ်ပါတယ်။

 

မတူညီကွဲပြားတဲ့ အကြောင်းအမျိုးမျိုးနဲ့ ရွှေကိုစုဆောင်းတတ်ကြပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ရွှေကို ရင်နှီးမြှုပ်နှံခြင်းက ငွေကြေးဖောင်းပွမှုကို တားမြစ်ဖို့နဲ့ အစုရှယ်ရာတွေကို ထိန်းညှိဖို့၊ စတော့ ဈေးကွက်နဲ့ မသက်ဆိုင်တဲ့ ပိုင်ဆိုင်မှုတစ်ခုကို ပိုင်ဆိုင်လိုတာကြောင့် ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။ အတိုးနှုန်းကြဆင်းလာဖြစ်း၊ ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာခြင်းတို့ ဖြစ်လာတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေက ရွှေကိုရင်းနှီးမြှုပ်နှံဖို့အတွက် ပိုပြီး မျှော်လင့်လာကြပါတယ်။

 

အကယ်လို့အရေးတကြီးငွေလိုအပ်မှု အကြောင်းတစ်စုံတစ်ရာရှိလာတဲ့ အခါမှာ ရွှေဝယ်စုထားတဲ့ သူအတွက်ကတော့ ရွှေကိုပြန်လည်ရောင်းချလို့လဲ ရတာကြောင့် ရွှေကိုရင်းနှီးမြှုပ်နှံမှုတစ်ခု အဖြစ်ဝယ်တာကလဲ အမှားမရှိပါဘူး။ ရွှေကပုတ်သိုးသွားနိုင်မယ့် ပစ္စည်းတစ်ခုလည်း မဟုတ်သလို ရင်နှီးမှုကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ရှေးလူကြီးတွေပြောခဲ့သလို ပိုက်ဆံရှိပြီဆိုရင် တခြားဘာမှမလုပ်နဲ့ ရွှေပဲဝယ်စုထားပါတဲ့ ရွှေဟာ ရှိတဲ့အခါ တန်ဆာဆိုသလို မရှိတဲ့အခါလည်းဝမ်းစာဖြစ်ပါတယ်။

 

ဒါကြောင့် ရွှေဟာ ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံးတစ်ခုဖြစ်ပါတယ်။

 

 

Source: U Htone

 

Read times
Rate this item
(0 votes)
Tagged under