Wednesday, 24 May 2023 10:10

ရွှေဆိုင်ဖွင့်လိုသူတွေအတွက် အခမဲ့ ရွှေပညာသင်တန်း ဇွန်လတွင် စတင် ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်း၊ သင်တန်းဖြစ်မြောက်ရေးအဖွဲ့မှ (၂၅) ကြိမ်မြောက် ရွှေပညာဒါန ( အခမဲ့ ) အသိပညာပေး ရွှေသင်တန်းကို လာမည့် ဇွန်လ ပထမပတ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ရွှေပညာ သင်တန်းနှင့်အတူ ငွေကြေး ခဝါချမှု၊ အကြမ်းဖက်မှုတို့ကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၆) ကိုလည်း ပူးတွဲ သင်ကြားပေးသွားမည်ဟု ကြေညာထားသည်။

 

အဆိုပါ သင်တန်းနှစ်ခုစလုံးကို ဇွန်လ (၃) ရက်နေ့မှ ဇွန်လ (၁၂) ရက်နေ့အထိ (၁၀) ရက် ပြုလုပ်သွားမည် ဖြစ်ပြီး ရွှေပညာသင်တန်း သင်တန်းချိန်မှာ မနက် (၈) နာရီမှ မနက် (၁၀) နာရီအထိ ဖြစ်ကာ ငွေကြေးခဝါချ အသိပညာပေး သင်တန်းမှာ မနက် (၉) နာရီမှ ညနေ (၃) နာရီခွဲအထိ ဖြစ်သည်။

 

သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များကို အောက်တွင် ကြည့်ရှု လေ့လာနိုင်သည်။

 

  • ငွေကြေးခဝါချ အသိပညာပေးခြင်း
  • ရွှေတူးဖော်ခြင်း
  • ရွှေသန့်စင်ခြင်းနှင့် မီးလင်းရွှေဈေးကွက် ရောင်းဝယ်ခြင်း
  • ရွှေဆိုင်ဖွင့်ရန် အခြေခံတွက်ချက်နည်း
  • ရွှေပန်းထိမ်
  • အသုံးချရွှေသင်္ချာ
  • ရွှေအပေါင်ခံခြင်း
  • ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး
  • ကျောက်မျက်ပညာ
  • ရွှေဆိုင်ဖွင့်လှစ်ခြင်း

 

Ye Optical 1

Advertisement

Click Here >>> Ye' Optical

 

ဖော်ပြပါ သင်တန်းများကို တက်ရောက်လိုသူများအနေဖြင့် သင်တန်းတက်ရောက်ခွင့် ပုံစံကို အခမဲ့ တောင်းယူ ဖြည့်စွက်နိုင်ပြီး ဓာတ်ပုံ (၃) ပုံနှင့်အတူ ရွှေလုပ်ငန်းရှင်များ အသင်းသို့ လူကိုယ်တိုင် သွားရောက် လျှောက်ထားရမည် ဖြစ်သည်။

 

မေလ (၂၂) ရက်နေ့မှ စတင်၍ သင်တန်းလျှောက်လွှာများ လက်ခံပေးနေပြီး သင်တန်းသားဦးရေ ကန့်သတ်ထားသည့်အတွက် လျှောက်ထားသူ များပြားသဖြင့် သင်တန်းတက်ရောက်လိုပါက မြန်မြန်ဆန်ဆန် သွားရောက် လျှောက်ထားရန် လိုအပ်သည်။

 

သင်တန်းကာလ

  • ဇွန်လ ၃ ရက်နေ့ ( စနေနေ့ ) မှ ဇွန်လ ၁၂ ရက်နေ့ ( တနင်္လာနေ့ ) အထိ

 

သင်တန်းချိန် 

  • ရွှေပညာသင်တန်း - မနက် (၈) နာရီမှ မနက် (၁၀) နာရီအထိ 
  • ငွေကြေးခဝါချ အသိပညာပေး သင်တန်း - မနက် (၉) နာရီမှ ညနေ (၃) နာရီခွဲအထိ

 

သင်တန်းနေရာ 

  • အမှတ် (၄၂/၅၀)၊ ပထမထပ်၊ ရွှေဘုံသာအောက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

 

အသေးစိတ်ဆက်သွယ်ရန် 

  • 09450049282
  • 09251992727 

 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်း၏ (၂၄) ကြိမ်မြောက် ရွှေပညာဒါန အသိပညာပေး သင်တန်းကို ပြီးခဲ့သည့် မေလပထမပတ်တွင် ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲကို (၁၀) ရက်နေ့တွင် ကျင်းပခဲ့သည်။

Tuesday, 15 June 2021 10:10

အဖိုးတန်ရွှေထည်တွေကို ငွေမကုန်ပဲ ကိုယ်တိုင် အရောင်တင် နိုင်သည့် နည်းလမ်းများ

လက်ဝတ်ရတနာဆိုတာ မိန်းကလေးတိုင်းရဲ့ တန်ဖိုးထားရတဲ့ အရာဖြစ်ပါတယ်။

Monday, 07 December 2020 11:59

Pristine Global Finance မှာ အရစ်ကျနဲ့ ရွှေဝယ်ကြမယ်

“ရွှေ” ဆိုတာက အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အလှအပအတွက် ဆင်မြန်းလို့ရတဲ့ ရတနာတစ်ပါးဖြစ်တဲ့အပြင် ‌နောင်ရေးအတွက်လည်း ဝယ်စုထားလို့ အဆင်ပြေတဲ့ အရာတစ်ခုပါ။

Saturday, 28 November 2020 00:28

COVID-19 ဒုတိယလှိုင်းအစမှ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီးသို့ ရွှေကုန်ကြမ်းအသစ်ဝင်ရောက်ခြင်းမရှိကြောင်းဆို

COVID-19 ဒုတိယလှိုင်းစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီးရွှေဈေးကွက်အတွင်းသို့ ရွှေကုန်ကြမ်းအသစ်အဝင်မရှိဘဲ

Thursday, 15 October 2020 16:15

ရွှေဟာ ရင်းနှီးမြှုပ်နှံမှုကောင်းတဲ့ အရာတစ်ခုဖြစ်နိုင်ပါသလား?

ရွှေဟာအလွန်တန်ဖိုးရှိတဲ့ အဖိုးတန်ရတနာ တစ်ခုအဖြစ် အားလုံးက အသိအမှတ်ပြုခြင်းခံထားရပါတယ်။

Wednesday, 23 September 2020 13:26

ရွှေဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့တာလဲ?

ရွှေဆိုတာက တော့ လူတိုင်းနဲ့ ရင်းနှီးနေပြီးသားဖြစ်တဲ့ လူသိအများဆုံး တွင်းထွက်ရတနာလို့ ပြောရင်မှားမယ် မထင်ပါဘူး။ ရွှေဟာဆိုရင် တောက်ပ လွန်းတဲ့ ရွှေဝါရောင်အ ရောင်အ သွေးနဲ့ ပြည့်စုံနေတာကြောင့် လူကြိုက် များရခြင်းပဲဖြစ်ပါတယ်။

Tuesday, 22 September 2020 13:26

ငွေရှိတိုင်းရွှေသွားမလုပ်နဲ့

လူတိုင်းရင်ထဲမှာလောင်းကစားကြိုက်သည့်ကိုယ်ပွားလေး တစ်ယောက်ရှိပါသည်။

Saturday, 19 September 2020 11:30

ရွှေဘရာများ

အမျိုးသမီးတို့အတွက် ဘရာကို ရွှေသားနဲ့ လုပ်ထားတဲ့အခါ ရင်သားကို ထောက်ပင့်ပေးဖို့ အဆင်ပြေမှာ မဟုတ်သလို ဝတ်ဆင်ထားရတာ သက်သောင့်သက်သာလည်း ဖြစ်မယ်မထင်ဘူး။

Monday, 24 August 2020 17:34

ရွှေထည်ပစ္စည်းတွေလုပ်ဖို့ အခေါက်ရွှေကို ဘာတွေနဲ့ ဘယ်လိုရောကြမလဲ?

အခေါက်ရွှေသည်ပျော့သောကြောင့် ကြေးနီနှင့်ဘော်ပါဝင်နှုန်းများလေလေ ရွှေ၏အရည်အသွေးမှာ ညံ့လေ၊ မာလေ ဖြစ်ပါသည်။

Wednesday, 19 August 2020 10:15

L/C ဖြင့်သာ ခွင့်ပြုသဖြင့် ရွှေနှင့်ရွှေထည်ပစ္စည်းများ ပြည်ပသို့ တင်ပို့ မှု နည်းပါးသွား

ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သည့် အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခွင့် လိုင်စင်များကို

Page 1 of 6