ရွှေဘရာများ

ရွှေဘရာများ CNS Photo

အမျိုးသမီးတို့အတွက် ဘရာကို ရွှေသားနဲ့ လုပ်ထားတဲ့အခါ ရင်သားကို ထောက်ပင့်ပေးဖို့ အဆင်ပြေမှာ မဟုတ်သလို ဝတ်ဆင်ထားရတာ သက်သောင့်သက်သာလည်း ဖြစ်မယ်မထင်ဘူး။

 

one-million-dollar-bra-1.jpg

 

လမ်းပေါ်မှာ ဝတ်ဆင်ပြီး သွားလာဖို့လည်း အဆင်ပြေမှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း ရွှေသားဘရာတွေ ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။ အခုပုံမှာ ပြထားတဲ့ ရွှေဘရာမှာ ရွှေသားနဲ့ စိန်ပွင့်တို့အတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၅၈ ၆၀၀ ဖြစ်ပါတယ်။ လက်ခနဲ့ ထုတ်လုပ်မှုစရိတ်က နောက်ထပ် အမေရိကန်ဒေါ်လာ ၅၀ ၀၀၀ ဖြစ်ပါတယ်။ ဒီလောက် တန်ဖိုးကြီးကြီး ပေးထားပြီးမှ အတွင်းခံအဖြစ် ဝတ်ကြမှာတော့ မဟုတ်ဘူး။

 

one-million-dollar-bra-6.jpg

 

အဲဒီထက် ဈေးပိုကြီးတဲ့ စိန်စီရွှေဘရာတွေ ရှိတယ်။ နမူနာတစ်ခုက ၁၈ ကာရက် ရွှေသားမှာ ၅၀၀ ကာရက် စိန်တွေ ဆင်ထားတဲ့ ရွှေသားဘရာ ဖြစ်ပါတယ်။ ရောင်းဈေးက အမေရိကန်ဒေါ်လာ ၁ သန်း ဖြစ်ပါတယ်။ Birmingham Estate and Jewelry Buyers မှာ လက်ဝတ်ရတနာ ဒီဇိုင်းသမား Anthony Aubry ရဲ့ လက်ရာဖြစ်ပြီး ဘရာရဲ့ အမည်ကို သူ့ဇနီးအမည် Rita လို့ အမည်ပေးထားတယ်။

 

one-million-dollar-bra-5.jpg


ရွှေအလေးချိန် ၇၅၀ ဂရမ် သုံးစွဲထားပြီး အရောင်အသွေး မတူတဲ့ စိန်ပွင့်တွေကတော့ ၅၀၁.၄၆ ကာရက် ရှိတဲ့ စိန်တွေကို သုံးထားတယ်လို့ ဆိုပါတယ်။ ဒီဇိုင်းထုတ်တာ ၃ လကြာပြီး ဖန်တီးရတာ တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပါတယ်။

 

 

By Gold & Jewellery Buying Guide 

Source: luxurylaunches

 

Read times
Rate this item
(0 votes)
Tagged under