အာရှ ရွှေဈေးဇူလိုင်လကုန်

အာရှ ရွှေဈေးဇူလိုင်လကုန် google

ကမ္ဘာ့ရွှေဈေး တစ်အောင်စ အမေရိကန်ဒေါ်လာ ၁၄၀၀ အထက်တွင် ရောက်ရှိနေသည်။ 

 

 

ယခုနှစ်အဖို့ ၁၀ ရာခိုင်နှုန်းဝန်းကျင်ဈေးအထိ တရိပ်ရိပ် သုံးလ ဆက်တိုက်တက်လာခြင်း ဖြစ်သည်။

ရွှေ အဝယ်ဆုံး အသုံးဆုံး ဖြစ်သော တရုတ်နိုင်ငံတွင် ကမ္ဘာ့ပေါက်ဈေးထက် အမေရိကန် ဒေါ်လာ ၁၀ မှ ၁၂  အထိ ပိုများသော

 

ဈေးနှုန်း ဖြစ်ပေါ်နေသည်။ ယခင်အပတ်ထက်က ၁၀ မှ ၁၁ အထိ ပိုများခဲ့ပေရာ ယခုအပတ်တွင်

 

ဈေးနှုန်း အနည်းငယ်သာ တက်ခြင်း ဖြစ်သည်။ ဟောင်ကောင်တွင် ဈေးအတက်အကျ မရှိဟု ဆိုရမည်။

 

ကမ္ဘာ့ရွှေဈေးထက် အမေရိကန်ဒေါ်လာ သုည ဒသမ ငါး မှ တစ် ဒသမ နှစ် အထိသာ ပိုများသည်။

 

ဝယ်လက်များသည် လက်ဝတ်ရတနာ  လုပ်ကိုင်ရန် ရွှေဝယ်သူ နည်းသည်။ အများစုသည် ရင်းနှီးမြှုပ်နှံမှုအဖြစ် ၀ယ်ကြခြင်း ဖြစ်သည်။

 

ရွှေဈေးတက်သော်လည်း ပြန်ရောင်းထုတ်ပြီး အမြတ်ရှာသူ နည်းပါးသည်။

 

တက်ရိပ် ရှိနေသဖြင့် ဈေးထပ်တက်နေမည်ကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ 

 

စင်ကာပူ၌ ကမ္ဘာ့ရွှေဈေးထက် အမေရိကန်ဒေါ်လာ သုည ဒသမ ငါး မှ သုညဒသမ ရှစ် အထိသာ ပိုများသည်။ 

 

ယခင်အပတ်က အမေရိကန်ဒေါ်လာ သုည ဒသမ လေး မှ သုညဒသမ ခြောက်အထိသာ ပိုများသည်။ 

 

မဆိုစလောက်သာ ဈေးပိုများခြင်း ဖြစ်သော်လည်း တက်ရိပ် ရှိနေဆဲ ဖြစ်သည်။

 

ရွှေဖြင့် လက်ဝတ်ရတနာ ထုတ်လုပ်သူတို့သည် ရွှေကို လိုသလောက်သာ အကန့်အသတ်ဖြင့် ဝယ်ယူကြသည်။ 

 

တရုတ်နိုင်ငံပြီးလျှင် ရွှေဝယ်ယူမှု ဒုတိယအများဆုံး ဖြစ်သော အိန္ဒိယနိုင်ငံတွင်  ဝယ်ယူမှု နှေးကွေးလေးလံနေသည်။

 

တက်ဈေးဖြစ်နေသဖြင့် ရွှေဝယ်စုသူများ လောလောဆယ် လက်ရှောင်ထားကြသဖြင့် ရွှေအရောင်းသမားတို့က

 

လျှော့ဈေးပေးပြီး ရောင်းကြရသည်မှာ ရှစ်ပတ် ဆက်တိုက် ရှိနေပြီ ဖြစ်သည်။

 

GOLD & JEWELLERY BUYING GUIDE

Read times
Rate this item
(0 votes)