ေအာင္ျမင္စြာက်င္းပၿပီးစီးခဲ့သည့္ ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းခ်ပြဲ

ေအာင္ျမင္စြာက်င္းပၿပီးစီးခဲ့သည့္ ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းခ်ပြဲ google

ျမန္မာက်ပ္ေငြျဖင့္ေရာင္းခ်သည့္ ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းခ်ပြဲကုိ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီ ၂ ရက္မွ ၇ ေန႕အထိ

 

ေနျပည္ေတာ္ရွိမဏိရတနာေက်ာက္စိမ္းခန္းမတြင္က်င္းပခဲ့ေၾကာင္းသိရသည္။

 

ထုိျပပြဲအၿပီးတြင္ ေက်ာက္စိမ္း၊ေက်ာက္မ်က္တြဲေပါင္း ၃၅၀၀ ကို က်ပ္ ၅၉၄၉၆.၇၂ သန္းဖုိးေရာင္းခ်ခဲ့ရေၾကာင္း

 

ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္းမွအေထြေထြမန္ေနဂ်ာဦးသက္ခုိင္ထံမွသိရသည္။

 

ထုိေက်ာက္မ်က္ေရာင္းခ်ပြဲႏွင့္စပ္လ်ဥ္းသည့္သတင္းစာရွင္းလင္းပြဲကို ထုိေန႕ညေနပိုင္းတြင္ျပဳလုပ္ခဲ့သည္။

 

“မႏွစ္ကျပပြဲမွာက ေက်ာက္စိမ္းအတြဲ ၃၁၀၈ တြဲတင္ျပခဲ့ရာမွ ၃၀၁၁ တြဲေရာင္းခ်ရပါတယ္။ ေက်ာက္မ်က္တြဲ ၂၆၀ တြဲတင္ျပခဲ့ရာမွာ ၄၉ တြဲေရာင္းခ်ရပါတယ္။

 

ေငြက်ပ္အေနျဖင့္ က်ပ္သန္းေျခာက္ေသာင္းေက်ာ္ဖိုးအထိေရာင္းခ်ခဲ့ရပါတယ္” ဟုျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္းမွ အေထြေထြမန္ေနဂ်ာဦးသက္ခုိင္ကေျပာသည္။

 

ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္းအေနျဖင့္ ျမန္မာ့ေက်ာက္မ်က္ရတနာမ်ား ျမန္မာက်ပ္ေငြျဖင့္ေရာင္းခ်ပြဲမ်ားကုိ တစ္ႏွစ္လွ်င္ႏွစ္ၾကိမ္ႏွစ္စဥ္က်င္းပခဲ့ပါသည္။

 

ေနာက္ဆုံးက်င္းပခဲ့ေသာ ၂၀၁၉ ခုႏွစ္ ဇြန္လတြင္က်င္းပေသာ ေရာင္းခ်ပြဲတြင္ ေက်ာက္စိမ္း၊ေက်ာက္မ်က္အတြဲေပါင္း ၃၀၆၀ တြဲကိုေငြက်ပ္ ၆၀၈၉၁.၉၇ သန္းျဖင့္ေရာင္းခ်ႏုိင္ခဲ့ၿပီး

 

ေငြေပးေခ်မႈအေနျဖင့္္ ေငြက်ပ္ ၄၈၄၈၆.၄၀ သန္းဖုိးေရာင္းခ်ႏုိင္ခဲ့ေၾကာင္း ျမန္ာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္းမွသိရသည္။

 

<<< Unicode >>>

မြန်မာကျပ်ငွေဖြင့်ရောင်းချသည့် မြန်မာ့ကျောက်မျက်ရတနာရောင်းချပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်မှ ၇ နေ့အထိ

နေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။

ထိုပြပွဲအပြီးတွင် ကျောက်စိမ်း၊ကျောက်မျက်တွဲပေါင်း ၃၅၀၀ ကို ကျပ် ၅၉၄၉၆.၇၂ သန်းဖိုးရောင်းချခဲ့ရကြောင်း

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှအထွေထွေမန်နေဂျာဦးသက်ခိုင်ထံမှသိရသည်။

ထိုကျောက်မျက်ရောင်းချပွဲနှင့်စပ်လျဉ်းသည့်သတင်းစာရှင်းလင်းပွဲကို ထိုနေ့ညနေပိုင်းတွင်ပြုလုပ်ခဲ့သည်။

“မနှစ်ကပြပွဲမှာက ကျောက်စိမ်းအတွဲ ၃၁၀၈ တွဲတင်ပြခဲ့ရာမှ ၃၀၁၁ တွဲရောင်းချရပါတယ်။ ကျောက်မျက်တွဲ ၂၆၀ တွဲတင်ပြခဲ့ရာမှာ ၄၉ တွဲရောင်းချရပါတယ်။

ငွေကျပ်အနေဖြင့် ကျပ်သန်းခြောက်သောင်းကျော်ဖိုးအထိရောင်းချခဲ့ရပါတယ်” ဟုမြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာဦးသက်ခိုင်ကပြောသည်။

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲများကို တစ်နှစ်လျှင်နှစ်ကြိမ်နှစ်စဉ်ကျင်းပခဲ့ပါသည်။

နောက်ဆုံးကျင်းပခဲ့သော ၂၀၁၉ ခုနှစ် ဇွန်လတွင်ကျင်းပသော ရောင်းချပွဲတွင် ကျောက်စိမ်း၊ကျောက်မျက်အတွဲပေါင်း ၃၀၆၀ တွဲကိုငွေကျပ် ၆၀၈၉၁.၉၇ သန်းဖြင့်ရောင်းချနိုင်ခဲ့ပြီး

ငွေပေးချေမှုအနေဖြင့် ငွေကျပ် ၄၈၄၈၆.၄၀ သန်းဖိုးရောင်းချနိုင်ခဲ့ကြောင်း မြန်ာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှသိရသည်။

Gold & Jewellery Buying Guide

 

Read times
Rate this item
(0 votes)
Tagged under