ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးအတွက် ကျပ်သိန်း ၃၆၀ ကျော် လှူဒါန်းမည်

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးအတွက် ကျပ်သိန်း ၃၆၀ ကျော် လှူဒါန်းမည်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ၁၂ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီ ၂၃ ရက်က ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရုံး၌ Online Meeting ပုံစံဖြင့် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းနာယကဦးဘသန်းနှင့် အသင်းဥက္ကဌ ဦးမျိုးမြင့်တို့က အမှာစကားပြောကြားသည်။ ထို့နောက်အသင်း၏ ဥပဒေအကြံပေး ဦးကျော်ငြိမ်း (တရားလွှတ်တော်ရှေ့နေ) က ဆောင်ရွက်ပြီးစီးခဲ့သည့်

လုပ်ငန်းများကို သုံးသပ်ပြောကြားသည်။ ယင်းနောက် အသင်းအထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ၂၀၂၀ ပြည့်နှစ် နှစ်ချုပ်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းများကို တင်ပြ၍ အတည်ပြုလျက် ရယူသည်။

ဆက်လက်၍ အသင်းနာယက ဦးဆန်းလွင်က ၂၀၂၁ - ၂၀၂၃ ခုနှစ်အတွက် ရွေးချယ်တင်မြောက်ခြင်း ခံရသည့် ဥက္ကဌ ဦးမျိုးမြင့်၊ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်တို့ ပါဝင်သည့် အမှုဆောင်အဖွဲ့ဝင်များ၏ အမည်စာရင်းကို ဖတ်ကြားတင်ပြသည်။

Online Meeting အစည်းအဝေးတွင် အသင်းအမှုဆောင်နှင့် အသင်းဝင်များက ကိုဗစ် - ၁၉ ကာကွယ်ဆေးရန်ပုံငွေအတွက် အလှူငွေများ ထည့်ဝင်ကြရာ ငွေကျပ်သိန်း ၃၆၀ ကျော်ရရှိသည်။ ဇန်နဝါရီ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ အသင်းအမှုဆောင်များမှ သွားရောက်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရ

Read times
Rate this item
(0 votes)