ပြည်တွင်းရွှေဈေးနှုန်းစံချိန်တင်ဆက်လက်မြင့်တက်

ပြည်တွင်းရွှေဈေးနှုန်းစံချိန်တင်ဆက်လက်မြင့်တက် google

သြဂုတ်လ ၂ ရက်က ၁၄၄၁ ဒေါ်လာဖြင့်ဈေးပိတ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းသည်ယနေ့ဈေးပြန်လည် ဖွင့်လှစ်သည့်

သြဂုတ် ၅ ရက်တါင် ၁၄၅၈ ဒေါ်လာဝန်းကျင်အထိမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းကျပ် ၁,၁၆၈,၀၀၀ ဝန်းကျင်

 

အထိစံချိန်တင်ဆက်လက်မြင့်တက်ခဲ့ကြောင့် အောင်သမာဓိရွှေရတနာဆိုင်မှသိရသည်။

 

ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၂ ရက် ၁၄၄၁ ဒေါ်လာဝန်းကျင်ဖြင့် တစ်ပတ်တာဈေးပိတ်ခဲ့ပြီး

 

သြဂုတ် ၃ ရက်နှင့် ၄ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၁,၁၅၄,၅၀၀ ဝန်းကျင်အထိဆက်လက်မြင့်တက်ခဲ့ခြင်းဖြစ်ကာ

 

သြဂုတ် ၅ ရက်တွင် ကျပ် ၁,၁၆၈,၀၀၀ ဖြင့်ဈေးပိတ်ခဲ့ကြောင်းအောင်သမာဓိစိန်ရွှေရတနာဆိုင်မှသိရသည်။

 

အဆိုပါဈေးနှုန်းများမှာ အခေါက်ရွှေဈေးနှုန်းများဖြစ်ပြီး သြဂုတ် ၅ ရက်တွင် ၁၅ ပဲရည်ရွှေဈေးနှုန်းမှ

 

ာတစ်ကျပ်သားလျှင် ၁,၀၉၉,၃၀၀ ဝန်းကျင်အထိရှိခဲ့သည်။

 

၂၀၁၆ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိပြည်တွင်းရွှေဈေးနှုန်းစံချိန်တင်ဈေးနှုန်းများအကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ

 

နှစ်အလိုက်စံချိန်တင်ဈေးနှုန်းများမှာ ၂၀၁၆ ခုနှစ်အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃,၅၀၀၊

 

၂၀၁၇ ခုနှစ်စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇,၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁,၀၄၇,၇၀၀၊

 

၂၀၁၉ ခုနှစ်ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁,၀၈၈,၅၀၀၊ ၂၀၁၉ ခုနှစ်ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁,၁၄၃,၅၀၀၊

 

၂၀၁၉ ခုနှစ်သြဂုတ်လ ၂ ရက်တွင် ကျပ် ၁,၁၅၂,၀၀၀ ဖြစ်သည်။

 

ရွှေဈေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀,၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင်ကျပ် ၉၀၀,၀၀၀ တန်း၊

 

၂၀၁၈ ခုနှစ်တွင် ကျပ် ၁,၀၀၀,၀၀၀၊ ၂၀၁၉ ခုနှစ်တွင်ကျပ် ၁,၁၀၀,၀၀၀ တန်းကိုကျော်လွန်လာခဲ့ပြီး

 

လက်ရှိအချိန်တွင် ကျပ် ၁,၁၅၀,၀၀၀ အထိမြင့်တက်လာခြင်းဖြစ်သည်။

 

ပြည်တွင်းရွှေဈေးနှုန်းသည် ၂၀၁၉ ခုနှစ်ဇန်နဝါရီ ၃ ရက်တါင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင်ဖြစ်ပေါ်ခဲ့သော

 

ကျပ် ၁,၀၄၇,၇၀၀ စံချိန်ကို ကျပ် ၁,၀၄၈,၅၀၀ ဖြင့်ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက်တင်ခဲ့ကာ

 

ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁,၀၆၃,၀၀၀ အထိဖြစ်ပေါ်ခဲ့သည်။

 

ထို့နောက်ရွှေဈေးများဆက်လက်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်တွင် ကျပ် ၁,၁၀၁,၀၀၀ အထိ၊

 

ဇွန် ၂၁ ရက်တွင် ကျပ် ၁,၁၁၅,၀၀၀ အထိ၊ ဇွန် ၂၅ ရက်တွင် ကျပ် ၁,၁၃၀,၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁,၁၃၆,၀၀၀ အထိ၊

 

ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁,၁၅၀,၀၀၀ အထိ၊ သြဂုတ် ၂ ရက်တွင် ကျပ် ၁,၁၅၂,၀၀၀ အထိ၊

 

သြဂုတ် ၃ ရက်တွင် ကျပ် ၁,၁၅၄,၅၀၀ အထိစံချိန်သစ်ဈေးနှုန်းများထပ်တင်ခဲ့သည်။

 

ပြီးခဲ့သည့်ခြောက်လအတွင်းလအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံးရွှေဈေးနှုန်းများမှာ ဖေဖော်ဝါရီလအတွင်

 

း ကျပ် ၁၀၆၁၀၀၀ - ၁၀၈၈၅၀၀၊ မတ်လအတွင်းကျပ် ၁၀၄၂၅၀၀ - ၁၀၇၂၀၀၀၊

 

ဧပြီလအတွင်းကျပ် ၁၀၃၆၀၀၀ - ၁၀၅၅၀၀၀၊ မေလအတွင်းကျပ် ၁၀၃၆၀၀၀ - ၁၀၅၉၀၀၀၊

 

ဇွန်လအတွင်း ကျပ် ၁၀၅၆၀၀၀-၁၁၃၀၀၀၀၊ ဇူလိုင်လအတွင်းကျပ် ၁၀၉၇၀၀၀-၁၁၅၀၀၀၀ တို့ဖြစ်သည်။

 

Source:Daily eleven

 

GOLD & JEWELLERY BUYING GUIDE

Read times
Rate this item
(0 votes)
Tagged under