ဒေါ်လာ ၁၆ သန်း‌‌ကျော်တန် ရွှေသားအတိပြီးသည့် ဥက္ကဋ္ဌမော် ရုပ်တု

ဒေါ်လာ ၁၆ သန်း‌‌ကျော်တန် ရွှေသားအတိပြီးသည့် ဥက္ကဋ္ဌမော် ရုပ်တု

ဒေါ်လာ ၁၆ သန်း‌‌ကျော်တန် ရွှေသားအတိပြီးသည့် ဥက္ကဋ္ဌမော် ရုပ်တု

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ယခုအခါ တရုတ်နိုင်ငံ နိုင်ငံ့ခေါင်းဆောင် မော်စီတုံး ၏ ရွှေစင်ရုပ်တုသည် သက်တမ်း ၁၀ နှစ်ဝန်းကျင် ရှိပြီဖြစ်သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ထိုစဉ်က ရွှေဈေးနှုန်းနှင့် ယွမ် ငွေလွှဲနှုန်းအရ ကန်ဒေါ်လာ ၁၆ သန်းကျော် တန်ကြေးရှိသည့် မော်စီတုံး ရွှေရုပ်တုကို ကျောက်စိမ်း အသားဖြူ အခင်းတုံးပေါ်မှာ အထိုင်ချပြီး  ထုတ်ဖော်ပြသခဲ့ပါသည်။

 

တည်ထောင်သူဖခင်၏ နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်ပွဲကို မည်သို့ကျင်းပရမည်ကို အစိုးရက  ဆုံးဖြတ်ချက် မချနိုင်ခင်မှာ မော်ရွှေရုပ်တုကို ဟောင်ကောင်တဖက်ကမ်း ရှန်ကျန်းမြို့တွင် ပြသလိုက်ခြင်း ဖြစ်သည်။

 

 ရုပ်တုသည် စင်တီမီတာ ၈၀ (၃၂ လက်မ) မြင့်သည်။ အလေးချိန် ၅၀ ကီလိုဂရမ်ကျော်သည်။ 

 

ရုပ်တုတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သူ မော်သည် ကုလားထိုင်ပေါ်တွင် ခြေချိတ်ပြီး ထိုင်နေသည်ကို ပုံဖော်ထားသည်။

၎င်းရုပ်တုကို လက်မှုပညာရှင် ၂၀ ဦးပါသော အဖွဲ့က ၈ လကြာ အချိန်ယူပြီး ဖန်တီးပေးခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက်တွင် ကျရောက်သော မော်၏မွေးနေ့ နှစ် ၁၂၀ ပြည့် အထိမ်းအမှတ် မည်သို့ ကျင်းပမည်ကို  တရုတ်ခေါင်းဆောင်ပိုင်းမှာ သဘောထားကွဲလွဲမှုများ ထွက်ပေါ်‌ေနခဲ့စဉ် ရွှေစင်ရုပ်တုကို ပြသခဲ့ခြင်း ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက အကုန်အကျခံသည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပါ။

 

ရှန်ကျန်းတွင် ပြသပြီးနောက် ရွှေရုပ်တုအား ၎င်း၏ မွေးရပ်မြေ Shaoshan ရှိ မော်စီတုံး အောက်မေ့ဖွယ်နေရာတွင် ထားရှိပါသည်။

 

Source Global Times


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 23 November 2023 11:00
Rate this item
(0 votes)