အရစ္က်စနစ္ျဖင့္ က်ပ္သိန္း ၇ဝ တန္ဖိုးထိ ေရႊဝယ္ယူခြင့္ရရွိေတာ့မည္ဟုဆုိ

အရစ္က်စနစ္ျဖင့္ က်ပ္သိန္း ၇ဝ တန္ဖိုးထိ ေရႊဝယ္ယူခြင့္ရရွိေတာ့မည္ဟုဆုိ google

 ေငြတစ္လံုးတည္းခဲတည္းေပးစရာမလိုဘဲ အရစ္က်စနစ္ျဖင့္ က်ပ္သိန္း ၇ဝ တန္ဖိုးထိ ေရႊဝယ္ယူခြင့္ရရွိ ေတာ့မည္ျဖစ္သည္။

ဒီဇင္ဘာလ ၁၅ ရက္က ဆီဒိုးနားဟိုတယ္၌ျပဳလုပ္ေသာ ေရႊနန္းေတာ္စိန္ေရႊရတနာဆိုင္ႏွင့္ Ruby Hill Microfinance တို႔ကအက်ိဳးတူပူးေပါင္းျပီး

 

အရစ္က်စနစ္ျဖင့္ ေရႊဝယ္ယူခြင့္ရရွိႏုိင္ရန္ အက်ိဳးတူ ပူးေပါင္းသည့္ လက္မွတ္ေရး ထိုးခဲ့သည္။ ၂ဝ၁၉ ခုႏွစ္အတြင္း pilot projet အေနျဖင့္

 

စီစဥ္ခဲ့သည့္ေရႊအရစ္က်ေပးေခ်မႈပံုစံ ေအာင္ျမင္ခဲ့ျခင္းေၾကာင့္ ္ မူလ စမ္းသပ္ကာလက ဝယ္ယူႏိုင္မွဳပမာဏကို က်ပ္သိန္း ၃ဝ ဖိုးထိ သတ္မွတ္ထားခဲ့ရာမွ

 

ယခု အခါ က်ပ္ သိန္း ၇၀ ထိ တိုးျမႇင့္ဝယ္ယူႏိုင္မည္ျဖစ္သည္။ "အရင္က သိန္း ၇၀ ဆိုရင္ ေရႊ ၁၀ သားဝယ္လို႔ရတယ္။

 

အခုက အဲလိုမဟုတ္ေတာ့ဘူ။ လက္ထဲထား ရင္ ေငြေခါင္းကြဲသြားတယ္။ အဲလိုမျဖစ္ေအာင္ ေရႊလဲစုမိေအာင္ ဒီအစီအစဥ္ကို လုပ္ေပးတာ။

 

အဓိက ေတာ့ ေငြတစ္လံုးတစ္ရင္းတည္း မသံုးခ်င္တဲ့သူေတြအတြက္ လုပ္ေပးတာပါ။

 

Sein nan 2

 

ေနာက္ပိုင္းမွာလည္းအျပန္အလွန္ေထာက္ခံခ်က္စနစ္ လုပ္ႏိုင္ဖို႔အတြက္ Ruby Hill က တာဝန္႐ွိသူေတြနဲ႔ ညႇိႏိႈင္သြားမွာပါ။

 

ကာစတမ္မာေတြ အဆင္ေျပေျပနဲ႔ ပစၥည္းစုေဆာင္းျဖစ္ၿပီး သူတို႔လိုခ်င္တာ ဝတ္လို႔ရတာက ကြၽန္ေတာ္တို႔အတြက္ အက်ိဳးအျမတ္ပါပဲ" ဟု

 

ေရႊနန္းေတာ္ စိန္ေရႊရတနာဆိုင္ပိုင္႐ွင္ ေဒါက္တာ ေအာင္ေက်ာ္ဝင္းက ေျပာသည္။ ေရႊနန္းေတာ္ႏွင့္ Ruby Hill Microfinance တို႔ ပူးေပါင္း၍ ေ

 

ရႊအရစ္က်ဝယ္ယူႏိုင္သည့္စနစ္ကို အတိုးႏႈန္း ပွ်မ္းမွ် ၁ ဒသမ ၄ ရာခိုင္ႏႈန္းထားျဖင့္ ၂၀၁၉ ခုႏွစ္ ဧၿပီလမွ ေအာက္တိုဘာလအထိ စမ္းသပ္မွဳျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

 

<<<Unicode>>>

ငွေတစ်လုံးတည်းခဲတည်းပေးစရာမလိုဘဲ အရစ်ကျစနစ်ဖြင့် ကျပ်သိန်း ၇ဝ တန်ဖိုးထိ ရွှေဝယ်ယူခွင့်ရရှိ တော့မည်ဖြစ်သည်။


ဒီဇင်ဘာလ ၁၅ ရက်က ဆီဒိုးနားဟိုတယ်၌ပြုလုပ်သော ရွှေနန်းတော်စိန်ရွှေရတနာဆိုင်နှင့် Ruby Hill Microfinance တို့ကအကျိုးတူပူးပေါင်းပြီး

အရစ်ကျစနစ်ဖြင့် ရွှေဝယ်ယူခွင့်ရရှိနိုင်ရန် အကျိုးတူ ပူးပေါင်းသည့် လက်မှတ်ရေး ထိုးခဲ့သည်။ ၂ဝ၁၉ ခုနှစ်အတွင်း pilot projet အနေဖြင့်

စီစဉ်ခဲ့သည့်ရွှေအရစ်ကျပေးချေမှုပုံစံ အောင်မြင်ခဲ့ခြင်းကြောင့် ် မူလ စမ်းသပ်ကာလက ဝယ်ယူနိုင်မှုပမာဏကို ကျပ်သိန်း ၃ဝ ဖိုးထိ သတ်မှတ်ထားခဲ့ရာမှ

ယခု အခါ ကျပ် သိန်း ၇၀ ထိ တိုးမြှင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ "အရင်က သိန်း ၇၀ ဆိုရင် ရွှေ ၁၀ သားဝယ်လို့ရတယ်။

အခုက အဲလိုမဟုတ်တော့ဘူ။ လက်ထဲထား ရင် ငွေခေါင်းကွဲသွားတယ်။ အဲလိုမဖြစ်အောင် ရွှေလဲစုမိအောင် ဒီအစီအစဉ်ကို လုပ်ပေးတာ။

အဓိက တော့ ငွေတစ်လုံးတစ်ရင်းတည်း မသုံးချင်တဲ့သူတွေအတွက် လုပ်ပေးတာပါ။ နောက်ပိုင်းမှာလည်း

အပြန်အလှန်ထောက်ခံချက်စနစ် လုပ်နိုင်ဖို့အတွက် Ruby Hill က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်သွားမှာပါ။

ကာစတမ်မာတွေ အဆင်ပြေပြေနဲ့ ပစ္စည်းစုဆောင်းဖြစ်ပြီး သူတို့လိုချင်တာ ဝတ်လို့ရတာက ကျွန်တော်တို့အတွက် အကျိုးအမြတ်ပါပဲ" ဟု

ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဒေါက်တာ အောင်ကျော်ဝင်းက ပြောသည်။ ရွှေနန်းတော်နှင့် Ruby Hill Microfinance တို့ ပူးပေါင်း၍ ေ

ရွှအရစ်ကျဝယ်ယူနိုင်သည့်စနစ်ကို အတိုးနှုန်း ပျှမ်းမျှ ၁ ဒသမ ၄ ရာခိုင်နှုန်းထားဖြင့် ၂၀၁၉ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ စမ်းသပ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

Read times
Rate this item
(0 votes)
Tagged under