အနည်းငယ်ကျဆင်းလျှက်ရှိတဲ့ယနေ့ကမ္ဘာ့ရွှေဈေး...

အနည်းငယ်ကျဆင်းလျှက်ရှိတဲ့ယနေ့ကမ္ဘာ့ရွှေဈေး... google

ဒီနေ့ဖေဖော်ဝါရီလ၁၇ရက်နေ့အတွက်ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကို ဖော်ပြပေးပါ့မယ်။

ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းတစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1585 ဒေါ်လာပေါက်ဈေးရှိနေပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ 1.40ဒေါ်လာကျပြီးရာခိုင်နှုန်းအားဖြင့်0.09%ကျသွားတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ13ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1568.80 ဒေါ်လာထိကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ14ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်ထရမ်အောင်စကို အမေရိကန်ဒေါ်လာ 1587.90 ဒေါ်လာထိမြင့်တက်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာတာနဲ့အမျှ စီးပွားရေးအပေါ်သက်ရောက်လာမှာကိုစိုးရိမ်တဲ့အတွက်ကြောင့် စတော့ရှယ်ယာဈေးကွက်တွေအပေါ်ရိုက်ခတ်လာနေပါတယ်။

ဒီနေ့မှာ အမေရိကန်ဒေါ်လာကအားကောင်းလာနေပြီး ကမ္ဘာ့ရွှေဈေးကတော့ အနည်းငယ်ကျဆင်းနေတာတွေ့ရပါတယ်။

ဒီနေ့မနက်၈နာရီ၄၅မိနစ်အချိန်မှာတော့ ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို1222500ကျပ်ပေါက်ဈေးရှိနေပါတယ်။

ပြီးခဲ့တဲ့စနေနေ့ကပိတ်ဈေးနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ ကျပ်500မြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် 0.04 % မြင့်တက်လာတာပဲဖြစ်ပါတယ်။

 

Zawgyi ျဖင့္ဖတ္ရန္...

ဒီေန႔ေဖေဖာ္ဝါရီလ၁၇ရက္ေန႔အတြက္ကမာၻ႔ေ႐ႊေဈးႏႈန္းနဲ႔ျပည္တြင္းအေခါက္ေ႐ႊေဈးႏႈန္းေတြကို ေဖာ္ျပေပးပါ့မယ္။

ဒီေန႔မွာေတာ့ ကမာၻ႔ေ႐ႊေဈးႏႈန္းတစ္ထရမ္ေအာင္စကို အေမရိကန္ေဒၚလာ 1585 ေဒၚလာေပါက္ေဈးရွိေနပါတယ္။

ၿပီးခဲ့တဲ့ေသာၾကာေန႔ကေဈးနဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ေတာ့ 1.40ေဒၚလာက်ၿပီးရာခိုင္ႏႈန္းအားျဖင့္0.09%က်သြားတာပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ13ရက္ေန႔မွာေတာ့ ကမာၻ႔ေ႐ႊေဈးႏႈန္းဟာ တစ္ထရမ္ေအာင္စကို အေမရိကန္ေဒၚလာ 1568.80 ေဒၚလာထိက်ဆင္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ14ရက္ေန႔မွာေတာ့ ကမာၻ႔ေ႐ႊေဈးႏႈန္းဟာ တစ္ထရမ္ေအာင္စကို အေမရိကန္ေဒၚလာ 1587.90 ေဒၚလာထိျမင့္တက္ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံမွာျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈျမင့္တက္လာတာနဲ႔အမွ် စီးပြားေရးအေပၚသက္ေရာက္လာမွာကိုစိုးရိမ္တဲ့အတြက္ေၾကာင့္ စေတာ့ရွယ္ယာေဈးကြက္ေတြအေပၚ႐ိုက္ခတ္လာေနပါတယ္။

ဒီေန႔မွာ အေမရိကန္ေဒၚလာကအားေကာင္းလာေနၿပီး ကမာၻ႔ေ႐ႊေဈးကေတာ့ အနည္းငယ္က်ဆင္းေနတာေတြ႕ရပါတယ္။

ဒီေန႔မနက္၈နာရီ၄၅မိနစ္အခ်ိန္မွာေတာ့ ျပည္တြင္းအေခါက္ေ႐ႊတစ္က်ပ္သားကို1222500က်ပ္ေပါက္ေဈးရွိေနပါတယ္။

ၿပီးခဲ့တဲ့စေနေန႔ကပိတ္ေဈးနဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ေတာ့ က်ပ္500ျမင့္တက္ခဲ့ၿပီး ရာခိုင္ႏႈန္းအားျဖင့္ 0.04 % ျမင့္တက္လာတာပဲျဖစ္ပါတယ္။

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under