ကျောက်စိမ်းဝယ်ယူသူများအတွက်ဆောင်ရန်၊ ရှောင်ရန်များ(၂)

ကျောက်စိမ်းဝယ်ယူသူများအတွက်ဆောင်ရန်၊ ရှောင်ရန်များ(၂) google

ကျောက်စိမ်းဝယ်ယူမည့်သူများသည် အရောင်မှားအဝယ်မှားမဖြစ်ရလေအောင် ဆောင်ရန်၊ ရှောင်ရန်များထဲမှာ အပိုင်း(၂)ကို

 

ထပ်မံဖော်ပြပေးလိုက်ပါသည်။ ကျန်ရှိသည့်အချက်များကို အပိုင်းများခွဲ၍ ထပ်မံတင်ပေးသွားမှာဖြစ်ပါတယ်။

 

(၄) ခရမ်းရောင်ကျော်စိမ်း(ချွမ်)၏အရောင်ကို သဘာဝအလင်းရောင် သို့မဟုတ် မီးချောင်းအလင်းရောင်အောက်တွင် ကြည့်ရှု့ပါ။

 

မီးလုံးအလင်းရောင်သည် အနီရောင်ပိုများသောကြောင့် ထိုအရောင်တွင်ခရမ်းရောင်သည် ပို၍အားကောင်းလာပါသည်။

 

ကျောက်မျက်ရတနာအရောင်းဆိုင်တွင် ကျောက်စိမ်း၏ အရောင်သည်ပိုမိုလှပနေခြင်းမှာ အထက်ပါအလင်းရောင်က ပံ့ပိုးထားခြင်းကြောင့်ဖြစ်သည်။

 

(၅) ဝယ်ယူမည့်ငွေကြေးပမာဏများသောကျောက်စိမ်းကို ဝယ်ယူမည်ပြုသောအခါ ကျောက်မျက်ဓာတ်ခွဲခန်းတစ်ခုမှ

 

အတုအစစ်ခွဲခြားခြင်းနှင့် အရည်အသွေးဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို အမြဲတမ်းရယူသင့်ပါတယ်။

 

(၆) ကျောက်စိမ်းတွင်ရှိနေသော အက်ရာများ၏ သဘာဝကိုသေချာစွာစစ်ဆေးပါ။ အက်ရာများသည် အက်ရာ၏

 

အရွယ်အစားနှင့်အနေအထားပေါ်မူတည်၍ ကျောက်၏ကြာရှည်ခိုင်ခံ့မှုကို အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။

 

အချို့သော အက်ရာငယ်များကိုလက်ခံနိုင်ပါသည်။ အရွယ်အစားအလွန်ကြီး၍ လက်ရာမြောက်သော ရုပ်ထွင်းရုပ်ထုများတွင်

 

အတိုင်းအတာတစ်ခုအထိလက်ခံရပါမည်။ လက်နှိပ်ဓာတ်မီးအလင်းဖြင့် အက်ရာများကိုပိုမိုလွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ပါသည်။

 

 ကျောက်စိမ်းဝယ်သည့်အခါ ၎င်းကိုဆောင်ထားသင့်ပါသည်။

 

(၇)ကျောက်စိမ်း၏ ထုထည်ပမာဏနှင့်အလေးချိန်ကို ဂရုပြုအာရုံစိုက်၍ တွက်ဆခန့်မှန်းပါ။

 

ဂျးဒိုက်ကျောက်စိမ်း၏ အလွန်ရင့်သော အစိမ်းရောင်ကိုအလင်းပေါက်အားကောင်းပြီး အရောင်ပိုကောင်းလာစေရန်

 

တစ်ခါတစ်ရံနှိုက်သွေးပြီး အခေါင်းပွ ပြုလုပ်ထားတတ်ပါသည်။

 

(၈) အရည်အသွေးကောင်းသောအစိမ်းရောင်ဂျေးဒိုက်ကျောက်စိမ်းသည်

 

အစိမ်းရောင်ပီပြင်ထင်ရှားအားကောင်းသည်။ အလင်းပေါက်အားအဆင့်မြင့်သည်။

 

အရောင်ညီညွတ်သည်။  ကျောက်သားခွံချောမွေ့သည်။ (အသားခံမှုံညက်နုဖတ်)

 

 အောင်းဝင်းများအပြစ်များကင်းရှင်းသည်။

 

(၉) အရည်အသွေးကောင်းသော ကျောက်စိမ်းလက်ကောက်သည် အလွန်တန်ဖိုးကြီးမြင့်ပါသည်။

 

အရွယ်အစားတော်အတန်ကြီးသော ကျောက်စိမ်းအရိုင်းတုံးမှ ဖြတ်သွေးထားပါသည်။

 

အကယ်၍ ကျိုးပဲသါားပါက ပိုမိုသေးငယ်သော အခြားကျောက်မျက်ရတနာပစ္စည်းများအဖြစ်ပြန်လည်ဖြတ်သွေးပြုပြင်ယူနိုင်ပါသည်။

 

(၁၀) ကျောက်စိမ်းလက်ကောက်အတွင်းသို့ စူးရှသောဓာတ်မီးအလင်းရောင်ဖြင့်

 

အက်ရာများနှင့်အကြောများကို အလွယ်တကူရှာဖွေ့တွေ့နိုင်ပါသည်။

 

(၁၁) ဂုံမံသတ်ထားသော (bezel settings) ကျောက်စိမ်းလက်ဝတ်ရတနာအထည်ပစ္စည်းများ

 

ပုံစံ-လက်စွပ်၊ နားကပ်ကို ဝယ်ယူသည့်အခါသတိထားရမည့်အချက်မှာ ကျောက်မျက်၏အပေါ်ပိုင်းနှင့်အောက်ပိုင်းခြားနားချက်ကို

 

အသေအချာစစ်ဆေးရန်ဖြစ်ပါသည်။ နှစ်ထပ်ကျောက်များ၊ သုံးထပ်ကျောက်များ(doubles and triplets) ဈေးကွက်တွင်ရှိနိုင်သည်ကိုသတိပြုရပါမည်။

 

(၁၂) အထည်၏အရည်အသွေးကိုစစ်ဆေးပါ။ စွန်ငုတ်သည်မြဲ၍ ချောမွေ့ရပါမည်။ ချိတ် (clasps) ခိုင်မြဲမှုရှိ-မရှိကို စစ်ဆေးပါ။

 

(၁၃) ထပ်ကျောက်များဈေးကွက်တွင် ရှိနေသည်ကိုသတိပြုပါ။ ကျောက်၏အပေါ်ပိုင်းနှင့်အောက်ပိုင်းရှိ အရောင်လက်၊

 

အသားခံစသည်တို့ကွဲပြားခြားနားမှုရှိမရှိအမြဲစစ်ဆေးပါ။ ရေထည့်ထားသော အဖြူရောင်ဖလား၊ ခွက်တွင်ကျောက်စိမ်းကိုထည့်၍ စစ်ဆေးပါ။

 

source: မြန်မာ့ကျောက်စိမ်း

 

GOLD & JEWELLERY BUYING GUIDE

Read times Last modified on Wednesday, 31 July 2019 14:39
Rate this item
(1 Vote)